မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ရေလယ်ကျွန်းဒေသ၊ သာ​ဂေါင်ကျေးရွာကို စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့ အရပ်သား၂ယောက် သေဆုံးပြီး ၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

ဇန်နဝါရီလ ၁၆ရက်၊ မနေ့က နေ့လည်ပိုင်းမှာ တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ သာဂေါင်ရွာခံ အသက် ၁၆နှစ်အရွယ် မောင်ထွန်းလင်းကျော်နဲ့ အသက် ၅၅နှစ်အရွယ် ဦးမောင်မြင့်တို့ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ၃ယောက်ရှိပြီး အိမ်မွေးတိရိစ္ဆာန်ဖြစ်တဲ့ နွားနဲ့ဝက်တွေလည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ဂျက်ဖိုက်တာ၂စီးနဲ့ ပေါင် ၅၀၀ ဗုံး ၂လုံးကြဲသွားတာပါ။ ၁၅ရက်နေ့ ည ၁နာရီလောက်ကပါ။ တိုက်ပွဲမရှိဘဲ ဒီအတိုင်းလုပ်သွားတာပါ။ ဒဏ်ရာရတဲ့သူတွေကတော့ ခေါင်းတွေဘာတွေ ထိထားတာရှိပေမယ့် လက်ရှိ အသက်အန္တရယ်ကတော့ မစိုးရိမ်ရတော့ပါဘူး” လို့ ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လက်ရှိမှာလည်း ပခုက္ကူ-ရေစကြိုလမ်းပိုင်းကဆင်ချောင်းပျူစောထီးရွာထဲမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ရက်နေ့ကလည်း ရေစကြိုမြို့မ ရဲစခန်းရှေ့ စစ်ကောင်စီဂိတ်ကနေ သေနတ်နဲ့ရမ်းသမ်းပစ်ခတ်လို့ အမျိုးသမီး၁ယောက် ဆီးခုံ ကျည်ထိမှန်ခဲ့ပါသေးတယ်။

ရေစကြို၊ ရေလယ်ကျွန်းဒေသ၊ သာဂေါင်ရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်ပြီးနောက် မြင်ကွင်းများ (ဓာတ်ပုံ ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့)

0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်းက ခရိုင် ၄ ခုလုံး ၁ ရက်ကို ၈ နာရီ မီးဖြတ်ခံရမယ်

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ခရိုင် ၄ လုံးမှာ တစ်ရက်ကို ၈ နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
Read More

ထားဝယ်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ (၂၇၃)တပ်ရင်းက ဒုတပ်ကြပ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်ကျောက်ဝိုင်း ပစ်ခတ်မှုကြောင့် ထွက်ပြေးခဲ့ရပေမယ့် ဘယ်အဖွဲ့လာပစ်လဲဆိုတာ အခုထိ မသိရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျောက်ဝိုင်းမှာ မနေ့ညက အမည်မသိ အဖွဲ့အစည်းတစ်ခုက လာရောက် သေနတ်ပစ်ဖောက်ခဲ့တာကြောင့် လူအများအပြား ဝရုန်းသုန်းကား ထွက်ပြေးခဲ့ကြရပါတယ်။
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို ကာကွယ်နေမည့်အစား လက်နက်ချအလင်းဝင်ကြရန် KNLA သတိပေးတိုက်တွန်း

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွားကို ကာကွယ်နေမယ့်အစား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ဖွဲ့ထံ အလင်းဝင်ကြဖို့ KNLA ဌာနချုပ်က သတိပေးတိုက်တွန်းလိုက်ပါတယ်။
Read More

နမ့်ဆန်မြို့နယ်တွင် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူငယ်အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

MNDAA ၏ ၂၀၂၅ ခုနှစ် အပတ်စဉ် (၁) အခြေခံ (တတိယတပ်ခွဲ) ဆင်းပွဲအခမ်းအနား…

ကိုးကန့်တပ်မတော် (MNDAA) ရဲ့မဟာမိတ်တပ်တော် စစ်ဦးစီးဌာန၊ စစ်ရေးလေ့ကျင့်ရေးဦးစီးဌာနရဲ့ ၂၀၂၅ ခုနှစ် အပတ်စဉ်(၁) အခြေခံစစ်သင်တန်း တတိယတပ်ခွဲ ဆင်းပွဲအခမ်းအနားကို ဇူလိုင်လ ၃၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။