စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ထွက်လာတဲ့ Jammer ယာဉ် ၃ စီးနဲ့ ချောဆွဲခံထားရတဲ့ ရိက္ခာတင်ယာဉ် ၇ စီးကို ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက တော်လှန်ရေးပူး ပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) ထံက သိရပါတယ်။

အဲဒီယာဉ်တန်းဟာ အရာတော်မြို့သို့ အင်အားဖြည့်တင်းဖို့ သွားနေတာဖြစ်ပြီး မုံရွာ -အရာတော်လမ်းပိုင်းတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၁၅ ယောက် ခန့်သေပြီး ၇ ယောက်အရှင်ဖမ်းဆီးမိခဲ့ကာ ကားကြီး ၅ စီး ၊ ၁၂၂ မမ ဟောင်ဝှစ်ဇာ အမြောက်ဆံ ၁၅ လုံး၊ RPG ဗုံးသီး အလုံး ၂၀ ၊ 5.56ကျည် ၄၀၀၀ တောင့် ၊ 7.62 ကျည် ၅၀၀၀ တောင့် ၊ ဒရုန်းဗုံးသီး ၂၀ လုံး၊ ၆၀ မမ ဗုံးသီး ၂၇ လုံး၊ မိုင်းမျိုးစုံ ၃၀ ၊ နင်းမိုင်း ၄၅ လုံး၊ Jammer စက်ကြီး ၃ လုံး၊ စက်အသေး ၂ လုံး၊ G3 အမျိုးအစား သေနတ် ၂ လက်၊ MA4 အမျိုးအစား သေနတ် ၁ လက်၊ အူဇီ – Uzi အမျိုးအစား သေနတ် ၁ လက် ၊ ၄၀ မမ ဗုံးသီး ၃ လုံး ၊ ကျောပိုးအိတ် ၅ လုံး၊ ယူနီဖောင်း ၂ စုံ နဲ့အတူ အခြားဆက်စပ်ခဲယမ်းပစ္စည်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခဲ့တဲ့ ယာဉ်ပေါ်မှာ ထပရ ၉၂၉ နဲ့ တပ်မ ၇၇ လက်အောက်ခံထုတ်နုတ်အင်အား စစ်သား တွေ ပါဝင်ပြီး ထိတွေ့တိုက်ပွဲအတွင်း အမတ ၅၀၈ မှ လက်နက်ကြီး ပစ်ကူပေးကာ နမခမှ သံပြား ကာယာဉ် ၄ စီးနဲ့ တပ်ကူထပ်မံပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ မုံရွာခရိုင် တပ်ရင်း (၁၈၊ ၂၀၊ ၂၂၊ ၂၄၊၂၇)၊ ဗျူဟာ-၆၆ (မုံရွာခရိုင် တပ်ရင်း-၁၉၊ ၂၁၊ ၂၆)၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ (တိုက်နယ်-၁၊ ၂၊ ၄၊ ၅၊ ၈၊ ၁၀၊ ၁၁)၊ အရာတော်မြို့နယ် ပလဖ၊ မုံရွာမြို့နယ် ပကဖ (တိုက်နယ်-၂)၊ Golden Eagle Force၊ Venomous Revolution Force၊ Special Revolution Force နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး တော်လှန်ရေးရဲဘော် ၁ ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တည်ထောင်ခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကျင်းပ (ရုပ်/သံ)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA တည်ထောင်ခြင်း ၄ ပြည့်အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို ယနေ့ မတ်လ ၁၅ ရက်က လွတ်မြောက်ဒေသတစ်နေရာမှာ ကျင်းပခဲ့တယ်လို့ သိရ ပါတယ်။
Read More

တမူးမြို့နယ်မှာ ပြည်သူများကို စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ပန်းသာကျေးရွာမှာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၂ ယောက်သေခဲ့တယ်လို့ Zo Army က ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့နယ် ထနောင်းဝင်းကျေးရွာမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းဝင်းကျေးရွာမှာ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Three Stars People Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် ဖမ်းဆီးမိထားတဲ့ မူးယစ်ဆေးဝါး ၆ သိန်းကျော်ကို KNU မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဖားအံခရိုင်အတွင်း ဖမ်းဆီးမိထားတဲ့ မူးယစ်ဆေးဝါး ၆ သိန်းကျော် ထိုင်းဘတ် ၃၀၅၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU-Hpa-An Districtမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ လက်နက်စက်ရုံ ကပစ- ၁၃ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်၊ ၅ ယောက်သေ၊ ၇ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစ- ၁၃ ကို ဧပြီ ၂၅ ရက် ညပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Brave Warriors for Myanmar မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ် မြင်းချင်းပျူကျေးရွာအတွင်း အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်(ရုပ်/သံ)

ရွှေဘိုမြို့နယ် မြင်းချင်းကျေးရွာအတွင်း အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေကို အောက်တိုဘာ ၁၅ ရက် ညပိုင်းအချိန်က ဝင်‌ရောက် တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ PDF ရဲဘော် ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။