တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မဲချောင်း(ရှစ်မိုင်)စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို ဇန်နဝါရီ ၂ ရက် နေ့လည်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ YePhyu People Defence Force ထံက သိရပါတယ်။

တိုက်ခိုက်မှုဟာ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်နိုင်ခဲ့ကာ အကြမ်းဖက်စစ်သား ၅ ယောက်သေပြီး MA ကျည်ဘောက် ၄ ခု၊ လက်ကိုင်ဖုန်း ၂ လုံး၊ စကားပြောစက် ၃ လုံး၊ ကျည် ၂၆၅ တောင့်နဲ့ အီကွေးမန့် ၁ စုံကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒီစစ်ဆင်ရေးကို ဒူကရစစ်ကြောင်းက ဦးဆောင်ပြီး ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဖက်ဒရယ်ဓူဝံကြယ်ဒရုန်းတပ်ဖွဲ့နဲ့ D.E.F-PDF ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကာ တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ 

0 Shares:
You May Also Like
Read More

ဝက်လက်မြို့နယ်အတွင်းမှာလည်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းပျက်တဲ့အထိ ချေမှုန်းခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အများသေဆုံးပြီး စစ်ကြောင်းပျက်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ပကဖ၊ ရွှေဘိုမြို့နယ်၊ NUGမှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း မိုင်းရှင်းဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ဖောက်ခွဲတိုက်ခိုက်မှု ၄ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် နတ်ရေကန်အကြမ်းဖက်စစ်တပ်ဂိတ်ကနေ ရေပိုးစားဘက် အင်အား ၃၀ ခန့်နဲ့ လမ်းပိုင်းမိုင်းရှင်းဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းက ပဒေသာမိုင်း ၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်းထံက သိရပါတယ်။
Read More

PDF Kalay – Mine Team က ထုတ်လုပ်ထားတဲ့ ကျည်ကာပြားကို စစ်ကောင်စီတပ်ထုတ် MA-1 သေနတ်နဲ့ စမ်းသပ်ပစ်ခတ်ပြသ (ရုပ်/သံ)

PDF Kalay - Mine Team က ထုတ်လုပ်ထားတဲ့ Lv3 အဆင့်ကျည်ကာပြားတွေကို စစ်ကောင်စီတပ်ထုတ် MA-1 သေနတ်နဲ့ စမ်းသပ်ပစ်ခတ်ပြသခဲ့ပါတယ်။
Read More

ဆက်ကြေးတောင်းနေသည့် ရေဦးဂိတ်ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာတောင် ရေဦးဂိတ်မှာ ဆက်ကြေးတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The Phoenix Army -TPA က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူများ၏ ဆေးဝါးကူညီပံ့ပိုးမှုများကို ရှေ့တန်း သွားရောက်ပို့ဆောင်ခဲ့သည့် မှတ်တမ်းရုပ်သံ မိုးကုတ်ပကဖ ထုတ်ပြန်

ရှေ့တန်းရဲဘော်တွေအတွက် လိုအပ်နေတဲ့ ဆေးဝါးတွေကို ပြည်သူတွေရဲ့ ကူညီထောက်ပံ့ပေးမှုနဲ့ သွားရောက်ပို့ဆောင်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို မိုးကုတ်မြို့နယ်ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်တိုင်း PDF အခြေခံ စစ်သင်တန်းဆင်းရဲဘော်များအတွက် ဦးကျော်သက်လင်း၏ အမှတ်တရ အမှာစကား (ရုပ်/သံ)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံစစ်သင်တန်း အပတ်စဥ် (၂/၂၀၂၄) သင်တန်းဆင်းရဲဘော်များကို မြန်မာ့အသံနှင့်ရုပ်မြင့်သံကြားမှာ CDM ပြုလုပ်လာပြီး တော်လှန်ရေးမှာ အားသွန်ခွန်စိုက် ပါဝင်နေတဲ့ ဦးကျော်သက်လင်း ၏ အမှတ်တရအမှာစကားကို ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က ထုတ်ပြန်လိုက်ပါတယ်။