ရန်ကုန်​​-မန္တလေး အမြန်လမ်းမှာ မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ရွှေဘတို့ ဇနီးမောင်နှံ၊ ဗိုလ်ကြီးဇနီး အပါအဝင် စစ်ကောင်စီလက်အောက်ခံ စုစုပေါင်း ၆ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ Aung San’s Land Natmauk က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၂၇ ရက် နေ့လည် ၂ နာရီအချိန်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂ မှာ  ရှောင်တခင် ဖမ်းဆီးစစ်ဆေးရာ မီးသတ်ဦးစီးဌာနက ညွှန်မှူး ရွှေဘနဲ့ အမျိုးသမီးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

“မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ရွှေဘ၏ လက်ကိုင်ဖုန်းကို စစ်ဆေးရာ PDF များ၏ စစ်ရေးလုပ်ဆောင်ချက်များကို တည်နေရာ အတိအကျ သတင်းပေး၍ စခန်းဝင်စီးခြင်း၊ PDF နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏သတင်းများကို စုံစမ်းနှိုက်ယူ၍ စစ်ကောင်စီထံသို့ တင်ပြခြင်း၊ လာဘ်စားခြင်းများ လုပ်ဆောင်ထားကြောင်းတွေ့ရှိခဲ့ပါတယ်” လို့ Aung San’s Land Natmauk ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

ဖမ်းဆီးခံထားရသည့် မီးသတ် ညွှန်မှူး ရွှေဘတို့ ဇနီးမောင်နှံ (ဘယ်ဘက်) နှင့် ဗိုလ်ကြီး ဇနီး (ညာဘက်ဓာတ်ပုံ ညာစွန်)

မီးသတ်ဦးစီးဌာနရဲ့ ညွှန်မှူး ရွှေဘဟာ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာ ပြည်သူနဲ့ မပူးပေါင်းဘဲ တော်လှန်ရေးကို အမျိုးမျိုး ဒုက္ခပေးတာတွေ စိစစ်တွေ့ရှိရတာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၃၁ ရက်မှာ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၆၂ ဝန်းကျင်မှာ စစ်ကောင်စီရဲ့ ထောက်ပို့တပ်က တပ်ကြပ် ၁ ယောက်၊ ပျူစောထီး ၁ ယောက်၊ ကာကွယ်ရေးပစ္စည်းစက်ရုံ – ကပစ စစ်သား ၁ ယောက်နဲ့ ဗိုလ်ကြီး တစ်ယောက်ရဲ့ ဇနီးဖြစ်သူတို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

Aung San’s Land Natmauk အနေနဲ့ ဖမ်းဆီးရရှိသူတွေအားလုံးကို သက်ဆိုင်ရာ ပကဖ အဖွဲ့တွေဆီ လက်လွှဲ အပ်နှံထားတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာနှင့် သေဆုံးနေသည့် အမျိုးသား ရုပ်အလောင်း ထပ်မံတွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်ရှိ မရှီကထောင်ရပ်ကွက်၊ ယူမာကျေးရွာအဝင် တံတားလေးအနီးမှာ သေဆုံးနေတဲ့ အမျိုးသား ရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ရှေ့တန်းတွင် ကျဆုံး

မကွေးတိုင်းအနောက်ခြမ်းရှိ အရှိုချင်းဒေသက အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တပ်ဖွဲ့ဝင် ရဲဘော် ၂ ယောက် ရှေ့တန်းတစ်နေရာမှာ ကျဆုံးသွားတယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် ဧည့်စာရင်းစစ်တာ အကြောင်းပြပြီး လူငယ်များကို အိမ်ပေါ်တက် ဖမ်းဆီးနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့က ရပ်ကွက်တွေမှာ စစ်ကော်မရှင်က ဧည့်စာရင်းစစ်တာကို အကြောင်းပြပြီး လူငယ်တွေကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ရခိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းပေးထားသူများအနက် ထက်ဝက်ကျော် ပျက်ကွက်၊ မြို့နယ် ၃ ခုတွင်သာ စစ်ကောင်စီ စာမေးပွဲကျင်းပနိုင်

ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၃ ခုမှာသာ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်ပြီး ဖြေဆိုသူဖို့ရှိတဲ့ လူဦးရေထက် ထက်ဝက်ကျော် ပျက်ကွက်ခဲ့တယ်လို့  အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

မြင်းခြံတွင် ၂ ရက်အတွင်း အယောက် ၃၀ နီးပါး ပေါ်တာဆွဲခံရဟု ဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ၂ ရင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံရသူ အယောက် ၃၀ နီးပါး ရှိနေပြီလို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံက သိရပါတယ်။
Read More

မုံရွာမှ ထွက်ခွာလာသည့် စစ်ကော်မရှင်ရေယာဉ် (၁၅) စီးကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက် ၊ ထိခိုက်သေဆုံးသူများ ရှိနိုင်ဟု ဆို…

" ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်တယ် ၊ အတိအကျတော့ မသိရဘူး၊ စက်တပ်လေထီး‌နဲ့က မပစ်သွားဘူး၊ ဒီအတိုင်းပဲ ကာပေးသွားတာ၊ ရှေ့ထွက်မိုင်းတွေတောင် မဆွဲလိုက်ရဘူး၊ ဂန်းငယ်တွေနဲ့ပဲ ပစ်လိုက်ရတယ်၊ ရှေ့ထွက်မိုင်းဆွဲလိုက်ရင် မီးခိုးတွေ ထွက်သွားရင် အဆင်မပြေလို့ စက်တပ်လေထီးကလည်း တက်လာတာဆိုတော့လေ" လို့ ChindwinFighterGroup(CFG) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။