စစ်ကောင်စီတပ် အကြီးအကျယ်ရှုံးနိမ့်ခဲ့တဲ့ ရခိုင်ဒေသ အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) ထံက သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့ဖမ်းဆီးရာမှာ ဇန်နဝါရီ ၃ရက်နေ့နဲ့ ၄ရက်နေ့ အတွင်း စစ်သား ၁၁ ယောက်ကို မကွေးတိုင်း၊ ငဖဲမြို့နယ်မှာဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီစစ်သားတွေဟာ အမ်းမြို့နယ် ဆင်ခုံတိုင်ကျေးရွာနဲ့ တောင်ဇောက်ကျေးရွာအနီးမှာရှိတဲ့ စစ်စခန်းတွေကနေ ထွက်ပြေးလာတာဖြစ်ပြီး သူတို့နဲ့အတူ လက်နက်ငယ် ၉လက်၊ ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

CDF-Asho က ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သား ၁၁ ဦးနှင့် လက်နက်ခဲယမ်းများ
CDF-Asho က ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သား ၁၁ ဦးနှင့် လက်နက်ခဲယမ်းများ
သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

အာရက္ခတပ်တော် AA ဟာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို ဒီဇင်ဘာ ၂၀ ရက်နေ့မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ကာ မြို့ကို အလုံးစုံ ထိန်းချုပ်ထားလိုက်တာ ဖြစ်ပါတယ်။ နပခ (အမ်း) တိုက်ပွဲမှာ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ အပါအဝင် ရာနဲ့ချီတဲ့ စစ်သုံ့ပန်းတွေကို AA က ဖမ်းဆီးရမိခဲ့တာပါ။

အမ်းဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဖမ်းဆီးရမိကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေထံက မကြာခဏ ကြားသိရပြီး အခုလည်း ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) က ၂ရက်အတွင်း စစ်ကောင်စီတပ်သား ၁၁ ယောက်ကို ဖမိးမိခဲ့တာ ဖြစ်ပါတယ်။

ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) ဟာ ဇန်နဝါရီ ၃ရက်နေ့ မနက်ပိုင်းကလည်း ငဖဲမြို့နယ် အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံကနေ စေတုတ္တရာမြို့နယ်ဘက် သွားတဲ့ အင်အား ၅၀ ခန့်ပါ စစ်ကား ၂စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ယောက် သေကာ ၆ယောက် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကိုတော့ CDF – Asho နဲ့ မင်းဘူးခရိုင် အမှတ် (၈) တပ်ရင်း၊ ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
0 Shares:
You May Also Like
Read More

စစ်ကောင်စီ အပစ်ရပ်ကာလအတွင်း KNU ထိန်းချုပ်သည့် နယ်မြေများကို အကြိမ် ၁၀၀ ထက်မနည်း တိုက်ခိုက်

အာဏာသိမ်းစစ်တပ်က အပစ်ရပ်ကာလမှာ KNU ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း ပြည်သူတွေကို ပစ်မှတ်ထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၁၀၀ ကျော် ကျူးလွန်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုနိုင်အောင်တိုက်ပြီး လူထုလှုပ်ရှားမှုနဲ့ တော်လှန်ရေးကို အရှိန်မြှင့်မယ်

စစ်ကို နိုင်အောင်တိုက်ပြီး တော်လှန်ရေးအတွက် လူထုလှုပ်ရှားမှု အရှိန်ကိုမြှင့်တင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးတစ်ဦး ဖြစ်သူ ဦးလွင်ကိုလတ်ကပြောပါတယ်။
Read More

ပုလဲစစ်ဘေးရှောင်တွေကို ယင်းမာပင်ခရိုင် ပြည်သူ့အုပ်ချုပ်ရေးရုံးအဖွဲ့မှူး၊ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံနဲ့ ​အဖွဲ့တို့က ငွေကြေး ကူညီထောက်ပံ့…

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို ယင်းမာပင်ခရိုင် ပြည်သူ့အုပ်ချုပ်ရေးရုံးအဖွဲ့မှူး၊ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံနဲ့ ​အဖွဲ့တို့က လာရောက်တွေ့ဆုံ အားပေးစကားတွေ ပြောကြားပြီး အလှူငွေတွေ ပေးအပ်ခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း အသတ်ခံရမှု ပွင့်လင်းမြင်သာစွာ အရေးယူသွားမည်ဟု ကယန်းပြည်သစ် ပြော

နေပြည်တော်တိုင်းစစ်ဌာန၊ ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို သတ်ဖြတ်ခံရမှုဖြစ်စဥ်အတွက် ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူပြီး ပွင့်လင်းမြင်သာစွာချပြသွားမယ့်အကြောင်းအပါအဝင် သဘောတူညီချက် ၅ခုကို ကယန်းပြည်သစ်တပ်မတော်ဘက်က ကတိကဝတ်ပြု သဘောတူခဲ့​ကြောင်း နေပြည်တော် PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG ကြား အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံဥပဒေအတွက် သဘောတူညီမှု ရရှိထားပြီဖြစ်

ကြားကာလ အသွင်ကူး‌ပြောင်းရေး ဖွဲ့စည်းပုံဥပဒေမှာ ပါဝင်မယ့် သဘောထားတွေကို တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကြား သဘောတူညီမှု ရရှိထားပြီဖြစ်တယ်လို့ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
Read More

တော်လှန်ရေးတပ်များအား လာရောက်ထောက်လှမ်းသည့် ပျူစောထီးကို ပစ်ခတ်ရှင်းလင်းခဲ့ဟု ဆို

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ စက်တိုင်ရပ်ကွက်မှာ နေထိုင်တဲ့ ပျူစောထီးဖြစ်သူ အေးမျိုးအောင်ကို စစ်ဆေးနေစဉ် ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။