မကွေးတိုင်း ပခုက္ကူမြို့နယ်မှ ဒီဇင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက ကမ္မမြို့ တမာပင်ရွာနဲ့ ရိုးယာရွာက ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းမှ နောက်ချန်ကင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက်သေပြီး အများအပြားထိခိုက်ဒဏ်ရာရရှိ ခဲ့ကာ ပြည်သူ့ရဲဘော် ၄ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို BLY (ပေါက် ပကဖ) နဲ့ ပခုက္ကူခရိုင် ပကဖ လှုပ်ရှားတပ်တပ်ဖွဲ့ (၅) ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မူဆယ်မြို့ရှိ မီးရှုးမီးပန်းသိုလှောင်ရုံမီးလောင် (ရုပ်/သံ)

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ စွမ်‌စော်ရပ်ကွက်မျာ မီးရှုးမီးပန်းသိုလှောင်ရုံမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။ ယနေ့ အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက မူဆယ်မြို့ စွမ်စော်ရပ်ကွက် ၄ လမ်းမှာ မီးလောင်မှုဖြစ် ပွားခဲ့ပြီး အုပ်ချုပ်မှုယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁၀ စီး၊ မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦး စီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ၁ နာရီကြာမီးငြှိမ်းသတ်ခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးပါဘူး။
Read More

သံဖြူဇရပ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ် ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးဘူတာနားရှိ စစ်ကော်မရှင်တပ်ကင်းပုန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Mon State Revolutionary Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တူရွင်းဘို့ကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေ၊ PDF ရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် တူရွင်းဘို့ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော် လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးကာ PDF ရဲဘော် ၁ ယောက် ကျ ဆုံးခဲ့တယ်လို့ Wolf Guerrilla Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အလုပ်သမားထုအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်နေမှုများကို အရေးယူပေးဖို့ တောင်းဆို (ရုပ်/သံ)

ရန်ကုန်မြို့မှာ မတ်လ ၁၀ ရက် မနေ့က မြေပြင်သပိတ်အင်အားစုတွေဟာ “ILO A 33 MYANMAR 2025 “ စာသားပါ အင်္ကျီတွေ ဝတ်ဆင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အလုပ်သမားထုအပေါ် ဖိနှိပ်နေမှုတွေကို အရေးယူပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြိတ်မြို့ဘက်မှ တနင်္သာရီဘက် မောင်းနှင်လာသည့် အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်းအတွင်း မြိတ်မြို့ဘက်ကနေ တနင်္သာရီဘက် မောင်းနှင်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိတ္ထီလာရှမ်းတဲလေတပ်စခန်းကို ၁၁၁၁ ရွှေလင်းယုန် Drone အထူးစစ်ဆင်ရေးအဖြစ် ဒရုန်း ၂၄ စီးအသုံးပြုတိုက်ခိုက်မှုမှာ Y-12 စစ်လေယာဉ် ၂ စီး ပျက်စီးကာ အရာရှိ ၂ ယောက်အပါ စစ်သား ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ရှမ်းတဲလေတပ်စခန်းကို နိုဝင်ဘာ ၁၁ ရက် မနက်အစောပိုင်းက ၁၁၁၁ ရွှေလင်းယုန် Drone အထူးစစ်ဆင်ရေးအဖြစ် ဒရုန်း ၂၄ စီးအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ Meiktila Revolution Force အဖွဲ့ထံက သိရပါတယ်။