ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF အမှတ်(၁၅)တပ်ရင်းအနေနဲ့ အောက်တိုဘာလ (၂၈) ရက်မှာ ကျရောက်ခဲ့တဲ့ (၃) နှစ်ပြည့်အခမ်းအနားကို မြေပြင်အခက်အခဲ အခြေအနေ အမျိုးမျိုးကြောင့် ဒီဇင်ဘာလ (၂၈) ရက်မှာမှ ကရင်နီပြည်နယ် မြေပြင်တစ်နေရာမှာ ပြုလုပ်နိုင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

အခမ်းအနားမှာတော့ KNDF တပ်ရင်း အမှတ် (၁၅) က ကျဆုံးခဲ့တဲ့ အာဇာနည်တွေကို အလေးပြုခြင်း၊ KNDF ဒုစစ်ဦးစီးချုပ် မာဝီက လက်ရှိ ကရင်နီ စစ်ရေး အခြေအနေကို ရှင်းလင်းပြောကြားခြင်းနဲ့ KNDF ဗဟိုကော်မတီဝင်တွေ ၊ KSCC ရဲ့ တာဝန်ရှိသူ၊ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူတို့က အားပေးတိုက်တွန်းစကားတွေ ပြောကြားခြင်း၊ ၃ နှစ်တာကာလအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေနဲ့ ကိုယ်အင်္ဂါဆုံးရှုံးခဲ့တဲ့ ရဲဘော်တွေကို ဂုဏ်ပြုခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၅) တပ်မွေးနေ့ (၃) နှစ်ပြည့်အတွင်း တပ်ရင်းက ရဲဘော် (၁၃) ယောက် ကျဆုံးခဲ့ပြီး ရဲဘော် (၅) ယောက် ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

KNDF တပ်ရင်း ၁၅ လှုပ်ရှားနယ်မြေ ဖရူဆိုမြို့နယ် တစ်ခွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန်အတွင်း လူမဆန် ရက်စက်စွာ မီးရှို့ သတ်ဖြတ်မှု၊ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှုနဲ့ မြေမြုပ်မိုင်းတွေကြောင့် အသက်မပြည့်သေးတဲ့ ကလေးသူငယ်တစ်ယောက် အပါအဝင် အရပ်သား (၉) ယောက် အထိ  သေဆုံးခဲ့သလို အရပ်သား (၁၁) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူနေအိမ် အလုံးရေ (၂၂၃) လုံးကိုလည်း စစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့ဖျက်စီးခြင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် (၁၅)က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြွေနှစ်ရဲ့ ကိုယ်စားပြုမှုဟာ နွေဦးတော်လှန်ရေးရဲ့ လက္ခဏာတွေကို ထင်ဟပ်နေတယ်လို့ NUG ယာယီသမ္မတ တရုတ်နှစ်ကူးဆုတောင်းမှာ ထည့်သွင်းပြောကြား

ဇန်နဝါရီ ၂၉ ရက် ဒီနေ့မှာ ကျရောက်တဲ့ မြွေနှစ်ကိုကူးပြောင်းတဲ့ တရုတ်နှစ်သစ်ကူးနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နှစ်သစ်ကူးအခါသမယ ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
Read More

ဆိပ်ဖြူမှာ PDF က လေကြောင်းအသိပညာဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ မျှဝေပေးခဲ့

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း စိုးမိုးနယ်မြေတွေမှာ လေကြောင်းအသိပညာဆိုင်ရာ ဆောင်ရန်ရှောင်ရန်တွေ မျှဝေပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ်(၁၉)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်ကို နှစ်လအတွင်း စစ်ကောင်စီ လေကြောင်းကနေ ၄၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့

စစ်ကောင်စီက ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ နှစ်လအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၄၄ ကြိမ် အထိပြုလုပ်ခဲ့ကြောင်း မင်းတပ် ဒေသကာကွယ်ရေးအဖွဲ့က  ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ နဲ့ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် လူနေအိမ် ၃၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ မင်းတပ်ဒေသကာကွယ်ရေးအဖွဲ့ကစက်တင်ဘာလ ၂၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

မလေးရှားနှင့် အာဆီယံတို့ မြန်မာမှာ ရွေးကောက်ပွဲကိစ္စ ဆွေးနွေးမည်ဟု ဆို

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan ဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နဲ့အတူ စက်တင်ဘာ ၁၉ ရက်မှာ မြန်မာနိုင်ငံကို တရားဝင် လာရောက်မှာဖြစ်ပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အကောင်အထည်ဖော်ရေး နည်းလမ်းတွေနဲ့ အခြားအကြောင်းအရာတွေ ဆွေးနွေးမှာဖြစ်ကြောင်း Bernama သတင်းက ဩဂုတ်လ ၁၄ ရက်မှာ ဖော်ပြထားပါတယ်။ 
Read More

ကသာမြို့နယ် ညောင်ခြေထောက်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၀ နှစ် ကလေးငယ်အပါ ၅ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်အပါအဝင် ၅ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်မလှုပ်ခင် မိနစ်ပိုင်းအလို စက်တပ်လေထီး ဗုံးကြဲလို့ ထမင်းစားနားနေသည့် အမျိုးသမီး အလုပ်သမား ၃ ဦး သေဆုံး၊ ၇ ဦး  ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မတိုက်နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုင်းရင်းဆေးဝါးစက်ရုံကို အကြောင်းမဲ့ စက်တပ်လေထီး Paramotor နဲ့ ဗုံးကြဲတိုက်ခိုက်ရာ ထမင်းစားနားနေတဲ့ အမျိုးသမီးအလုပ်သမား ၃ ယောက် သေဆုံးကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။