စစ်တပ်က ပေါ်တာဆွဲကြမ်းနေတဲ့ ရန်ကုန်မှာ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို ပယ်ဖျက်ပေးလိုက်တယ်လို့ သိရပါတယ်။

ညမထွက်ရအမိန့်ကို ဒီဇင်ဘာ (၃၁) ရက် ညပိုင်းကနေ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီ (၁) ရက်အထိ ပယ်ဖျက်ပေးထားတယ်လို့ စစ်တပ် ထိန်းချုပ်ထားတဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ (၃၁) ရက်မှာ ကျရောက်မယ့် နှစ်သစ်ကူးညတစ်ညတာကို ညမထွက်ရအမိန့် ပယ်ဖျက်လိုက်ပေမယ့် အများပြည်သူတွေအနေနဲ့ မိမိအိမ်မှာ သာ နေထိုင်သင့်ကြောင်း တော်လှန်ရေးအင်အားစုတွေဘက်က တိုက်တွန်းထားပါတယ်။

အခုရက်ပိုင်းအတွင်း ရန်ကုန်မှာ စစ်ကောင်စီက လူငယ်လူရွယ်တွေကို ပစ်မှတ်ထား စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ မြင့်တက်လျက်ရှိနေပါတယ်။

နေ့စဉ် လူငယ်တချို့ ပျောက်ဆုံးနေပြီး မိသားစုနဲ့ အဆက်အသွယ်မရတဲ့ အခြေအနေတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။

ဒီနေ့ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညမှာလည်း လူငယ်လူရွယ်တွေကို ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်တာတွေ ရှိနိုင်တာကြောင့် အထူးသတိထားနေထိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

စစ်ကောင်စီက ရန်ကုန်မှာ နှစ်သစ်ကူးညကို ပြည်သူ့ရင်ပြင်မှာ ခမ်းနားကြီးကျယ်စွာ ကျင်းပဖို့ စီစဉ်ထားပြီး ပြည်သူတွေအနေနဲ့ သွားရောက်ဖို့ မသင့်ကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က နှစ်စဉ် သတိပေးပြောကြားလေ့ရှိပါတယ်။

တစ်နိုင်ငံလုံးမှာ စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီဟာ စစ်သားအင်အားလိုအပ်ချက်ကြီးမားနေပြီး  ပြီးခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ်(၆)ဟာ သတ်မှတ်ကာလမတိုင်ခင် သင်တန်းဆင်းပြီး ရှေ့တန်းနယ်မြေတွေကို ပို့ဆောင်ခံခဲ့ရတာပါ။

လတ်တလောမှာလည်း ရန်ကုန် အပါအဝင် မြို့ကြီးတွေမှာ စစ်မှုထမ်း အပတ်စဉ် (၈)အတွက်  တပ်သားစုဆောင်းဖို့ လူလိုနေလို့ အကြမ်းဖက်ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းတဲ့ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်ခေါင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ…(ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ပြည်ခရိုင်အခြေစိုက် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေအတွက် အခြေခံစစ်ပညာသင်တန်းကို ၃ လကြာ သင်တန်းပေးခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ကောက်ရိတ်ပြန်လာတဲ့ အရပ်သား (၂၀၀) ကျော်ကို မတရားဖမ်းဆီးထား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပူချယ်ကျေးရွာကနေ ကောက်ရိတ်ပြန်လာတဲ့ အရပ်သားပြည်သူ အယောက် (၂၀၀) ကို ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က မတရားဖမ်းဆီးထားတယ်လို့ ရှေ့တန်းမြေပြင် သတင်းတွေအရ သိရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်သားများ စိတ်ပိုင်းရော ရုပ်ပိုင်းပါ ကစဉ့်ကလျား ပြိုလဲကာ AA ထံ လက်လွှတ်လိုက်ရသည့် မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့က လက်ကျန်တပ်ဖြစ်တဲ့ အမှတ် (၅) နယ်ခြားစောင့်တပ် (နခခ-၅) ကို သိမ်းပိုက်နိုင်ပြီးတဲ့နောက်မှာ အရက္ခတပ်တော် (AA) က မောင်တော တစ်မြို့လုံးကို သိမ်းပိုက်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ 
Read More

ဆင်းရဲနွမ်းပါးမှု ၂ ဆ မြင့်တက်လာတဲ့ မြန်မာကို သြစတြေးလျက ကူညီထောက်ပံ့မှုတွေ ပြုလုပ်မယ်

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဆင်းရဲနွမ်းပါးမှု နှစ်ဆမြင့်တက်လာလို့ သြစတြေးလျက မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁.၄ သန်း ပေးအပ်ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးက ထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်း အနောက်ခြမ်း မြို့နယ်များတွင် လမ်းများကို စစ်ကောင်စီ ဖျက်ဆီးထား

“အခုသူတို့ လမ်းဖျက်တာက PDF တွေကို ရိက္ခာဖြတ်ချင်လို့ပေါ့နော်။ အဲ့လို ပုံစံနဲ့ လမ်းတွေကို လာဖျက်ဆီးသွားတာပါ။ လမ်းဖျက်သွားတဲ့ ကြားက PDF စိုးမိုးနယ်မြေလို့ ပြောလို့ရတယ်။ အဲ့ဒါကြောင့်မို့ သူတို့က လမ်းလာဖျက်သွားတယ်၊ တကယ် ဒုက္ခရောက်တာက ပြည်သူတွေပါပဲ” လို့ အမည်မဖော်လိုတဲ့ ဒေသခံပြည်သူတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

PDF များအကြောင်း လိုက်လံစုံစမ်းပြီး စစ်မှုထမ်းကြေး ပိုက်ဆံကောက်သည့် ပျူစောထီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ PDF တပ်ဖွဲ့တွေအကြောင်း၊ ထောက်ပို့တွေအကြောင်း လိုက်လံစုံစမ်းနေတြ့ ပျူစောထီးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၅) ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။