စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို မြို့သိမ်းတိုက်ပွဲတွေကနေ ရရှိထားတဲ့ ၆၀ မမ တွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ People’s Revolution Armed Force – PRAF ထံက သိရပါတယ်။

PRAF တပ်ဖွဲ့ သွားရောက်တိုက်ခိုက်မှုကြောင့် ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ ထိခိုက်ပျက်စီးခဲ့ပေမယ့် သေဆုံးဒဏ်ရာရမှု အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။

“ဒီဇင်ဘာလ ၃၀ရက် ဒီကနေ့ ညနေ ၅နာရီကသွားရောက်တိုက်ခိုက်ခဲ့တာပါ။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့သဘောပေါ့။ သူတို့ဆီက သိမ်းဆည်းရရှိထားတဲ့ လက်နက်နဲ့ သူတို့ကို ပြန်တိုက်ခိုက်နိုင်ခဲ့တာ” လို့ PRAF တပ်ဖွဲ့ တာဝန်ရှိသူ ရဲဘော်နီက မောင်းကိုပြောပါတယ်။

၆၀ မမ ပစ်ခတ်နေသည့် PRAF ရဲဘော်တစ်ဦး

ဆားလင်းကြီးမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ဟာ မကြာခဏဆိုသလို ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်လေ့ရှိတာကြောင့်အခုလို ပြန်လည်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

နိုဝင်ဘာလ ဒုတိယအပတ်တုန်းကလည်း ဆားလင်းကြီးမြို့နယ် တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းဆိုက်ထဲက အကြမ်းဖက်စစ်သားတွေက အနီးနားကျေးရွာတွေကို ဝင်ရောက်စီးနင်းခဲ့လို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးကြောင်း သိရပါတယ်။

 

0 Shares:
You May Also Like
Read More

၄ နှစ်တာအတွင်း စစ်ကောင်စီကို အင်တာနက်ပေါ်မှာ ဝေဖန်မှုကြောင့် အရပ်သားပြည်သူ ၁၈၀၀ ကျော် ဖမ်းဆီးခံခဲ့ရ

စစ်အာဏာသိမ်းမှု သက်တမ်း ၄ နှစ်တာအတွင်း အာဏာသိမ်းစစ်တပ်ကို လူမှုကွန်ယက်ပေါ်မှာ ဝေဖန်ပြောဆိုခဲ့တဲ့ အရပ်သားပြည်သူ ၁၈၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း Data For Myanmar က အသိပေးထုတ်ပြန်ပါတယ်။
Read More

အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်ရဲ့ တပ်ရင်းရဲ့ လှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသလက်အောက်ရှိ စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ - အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် က ရှေ့တန်း၊ နောက်တန်းနဲ့ အခြေခံစစ်သင်တန်းတွေအပါ တပ်ရင်းရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ခန္တီးတွင် စစ်တပ်ဗိုလ်ကြီး လင်းမြတ်ထွန်း ဦးဆောင်သည့် ယာဥ်တန်း တိုက်ခိုက်ခံရပြီး ၄ ဦး သေ၊ ၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ဗိုလ်ကြီး လင်းမြတ်ထွန်း ဦးဆောင်လာတဲ့ ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မယ်ဇလီ-ဆည်တော် ကြိုးတံတားက ဂိတ်စခန်းအပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၄ ယောက် သေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက မယ်ဇလီ-ဆည်တော် ကြိုးတံတားက စစ်ကောင်စီဂိတ်စခန်းအပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

အောင်ပန်း-မန္တလေး လမ်းမပေါ် ရေပြာအိုင်အနီး ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် လမ်းပိုင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ အောင်ပန်း - မန္တလေး လမ်းမပေါ်မှာ လမ်းပိုင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် - ၁၀၀၃ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောက်မြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၆ ဦး သေ၊ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ Chauk Revolution Army (CRA) က ထုတ်ပြန်ထားပါတယ်။