ကရင်ပြည်နယ် အာရှလမ်းပိုင်းဖြစ်တဲ့ ဒေါနတောင်ပေါ်ကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေ အစာရေစာ ငတ်ပြတ်မှုတွေ ရှိနေပြီး KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလံဖြူထောင် လက်နက်ချ အညံ့ခံတာတွေ ရှိလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့ထားတာကြောင့် အခုလို ရိက္ခာပြတ်လပ်ပြီး အညံ့ခံလာတာလို့လည်း သိရပါတယ်။

“ဒီရက်ထဲ လက်နက်ချလာတာတွေရှိတယ်။ ဒီဇင်ဘာလ ၁လတည်းမှာပဲ အယောက် ၂၀ကျော်သွားပြီ။ အခု အလံဖြူထောင် ဝင်လာတာ ၅ယောက်ရှိတယ်။ အခု ဝင်လာတဲ့ အကြမ်းဖက်စစ်သားတွေကတော့ ဗိုလ်တာဘောဆီမှာပဲ ရှိသေးတယ်” လို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

ဒီဇင်ဘာလအတွင်း အလံဖြူထောင် လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားတချို့နှင့် ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူးဒါဘော
ဒီဇင်ဘာလအတွင်း အလံဖြူထောင် လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားတချို့နှင့် ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူးဒါဘော

စစ်ကောင်စီဟာ အရင်က နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းဆိုပြီး သံချပ်ကာကားတွေ အပါအဝင် အင်အားအလုံးအရင်းနဲ့ ဒေါနတောင်ပေါ်ကို စစ်ကြောင်းထိုးခဲ့ပေမယ့် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတော်အဆင့် စစ်ကြောင်းတစ်ခုလုံး ကုန်လုနီးပါး ဖြစ်သွားခဲ့ပါတယ်။

စစ်ကောင်စီက အဲဒီစစ်ကြောင်းကို နောက်ထပ် အင်အားထပ်ဖြည့်ခဲ့ပေမယ့် တော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် အစာရေစာ ပြတ်လပ်ကာ လက်နက်ချ အညံ့ခံနေကြတာဖြစ်တယ်လို့ အထက်ပါ တော်လှန်ရေးရဲဘော်က ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မော်ချီးဒေသ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၃၂ ဦးအထိ ရှိလာ

ကရင်နီပြည်နယ်၊ မော်ချီးဒေသက အရပ်သားပြည်သူတွေ နေထိုင်ရာနေရာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၂ ယောက်အထိ ရှိလာနေပြီလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က သတင်းထုတ်ပြန်လာပါတယ်။
Read More

စလင်းမြို့နယ်တွင် အတုအယောင်ရွေးကောက်ပွဲအတွက် စစ်တပ် အင်အားဖြည့်တင်းကာ လုံခြုံရေးများ တိုးချထား

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲကာလ လုံခြုံရေးအတွက် ကျေးရွာတွေမှာ လက်နက်ကြီးတပ်ဆင် အထိုင်ချရင်း လုံခြုံရေးတိုးမြှင့်တာတွေ လုပ်ဆောင်လာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို အကြမ်းဖက်စစ်တပ် Y 12 လေယာဥ်၊ အသေခံဒရုန်းများနှင့် အကြောင်းမဲ့ တိုက်ခိုက်ခဲ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို အကြမ်းဖက် စစ်ကောင်မရှင်က Y 12 လေယာဥ်၊ ကာမီကာဇေဒရုန်းတွေကို အသုံးပြုပြီး အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မန္တလေးတွင် စစ်မှုထမ်း အပတ်စဥ်(၁၂) မဲနှိုက်ဖို့ စစ်အုပ်စုအပေါင်းအပါများ လုပ်ဆောင်နေ 

မန္တလေး​မြို့၊ မဟာအောင်မြေမြို့နယ်အပါအဝင် မြို့နယ်အသီးသီးက ရပ်ကွက်တွေမှာ လူငယ်တွေ စစ်မှုထမ်း မဲနှိုက်ဖို့အတွက် ရပ်ကျေးအာဏာပိုင်တွေက လိုက်လံ​ပြောဆိုနေကြောင်း Voice Of Mandalay အဖွဲ့က ဖော်ပြပါတယ်။
Read More

သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံစျေးလျှော့ပြီး လေလံပစ်ရန် တရားရုံး အမိန့်ချ

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံ ဈေးလျှော့ကာ လေလံပစ်ဖို့ ကမာရွတ် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
Read More

ကျောက်မဲနှင့် သီပေါတွင် စစ်တပ် သတင်းပေး ၁၀ ဦးကျော် ဖမ်းဆီးရမိခဲ့ဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ သီပေါမြို့တို့မှာ သတင်းရယူဖို့ အကြမ်းဖက်စစ်တပ် စေလွှတ်ထားတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)နဲ့ သတင်းပေး(ဒလန်) ၁၀ ယောက်ကျော်ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတို့ ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးမှုတွေ ဆောင်ရွက်ချိန် ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။