မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်က စစ်ကောင်စီတပ်ရဲ့ ဆက်သွယ်ရေးစခန်း တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ ပုပ္ပါးတောင်ခြေကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီး ပုပ္ပါးတောင်
တက်ခွင့်ကို ပိတ်လိုက်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ပုပ္ပါးတောင်ပေါ်က စစ်တပ်ရဲ့ ဆက်သွယ်ရေးစခန်း တိုက်ခိုက်ခံရပြီး အရာခံဗိုလ်အဆင့်နဲ့ တပ်သားအဆင့် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
“ဒီဇင်ဘာလ ၂၈ရက်နေ့က ပုပ္ပါးတောင်ခြေမှာရှိတဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေရှိတယ်။ အင်အားက ၁၀၀ ဝန်းကျင်လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာ ရှိတယ်။ ပုပ္ပါးတောင်တက်တဲ့သူတွေကို စစ်ဆေးတာတွေရှိတယ်။ တောင်တက်လာတဲ့သူတွေကိုတော့ ဖမ်းဆီးထားတာမရှိဘူး။ တောင်တက်ခွင့်ကို ပိတ်လိုက်တယ်” လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ က ပြောပါတယ်။
ပုပ္ပါးတောင်ပေါ်က စစ်ကောင်စီရဲ့ ဆက်သွယ်ရေးစခန်းကို Myingyan Black Tiger (MBT) တပ်ဖွဲ့နဲ့ ပုပ္ပါးပြောက်ကျားအဖွဲ့ (PGF) တို့က ပူးပေါင်းသွားရောက် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“အကြမ်းဖက်စစ်တပ်ကတော့ သူတို့လုပ်စရာရှိတာကိုလုပ်မှာပဲ။ ရွာမီးရှို့တာ၊ ပြည်သူတွေကို ဖမ်းဆီးညှင်းပန်း နှိပ်စက်သတ်ဖြတ်တာ၊ ပေါ်တာဆွဲတာ၊ သူတို့ လက်ရှိမှာ လုပ်နေကြတာပဲ။ တစ်ခုရှိတာကတော့ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်တပ်ရှိတဲ့နေရာနဲ့ဝေးဝေးမှာ ရှောင်ရှားနေပေးကြစေလိုပါတယ်” လို့လည်း ဗိုလ်မိုက်ခဲက ပြောခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ဂန့်ဂေါမြို့မြောက်ဘက်ရှိ ရွာစည်(ရွာဟောင်း) ရွာကို အကြမ်းဖက် ခလရ ၅၀တပ် ဝင်ရောက်စီးနင်း၊ ကလေးငယ်နှင့် အမျိုးသမီးများအပါ အရပ်သား ၁၅ဦးထက်မနည်း ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ရွာစည် (ရွာဟောင်း) ရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီးနဲ့ ၁၀ နှစ်အောက် ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၅ ယောက်ထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယောအလင်းတန်းအဖွဲ့ဝင် နွေဦးရောင်နီက မောင်းကို ပြောပါတယ်။
Read More

ကြို့ပင်ကောက်မှာ စစ်ကောင်စီခန့် ရာအိမ်မှူး နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ သန်းခေါင်စာရင်း စာရွက်တွေနဲ့ လေသေနတ် ၁ လက် သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူး နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ သန်းခေါင်စာရင်းစာရွက်တွေနဲ့ လေသေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ ၁ (Dragon Brothers GBK) က ထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်မှာ တာဝန်ကျနေသည့် စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်များနှင့်အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ်မှာ တာဝန်ကျနေတဲ့ ခမရ(၅၁၈) တပ်ရင်းက စစ်မှုထမ်းဆင်း စစ်သား ၃ ယောက်ဟာ လက်နက်တွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၆ တပ်ရင်း - ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ထုတ်ပြန်ပါတယ်။
Read More

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အပတ်စဥ် ၁ လက်ရုံးတပ် အောင်မြင်စွာ စုဖွဲ့နိုင်ခဲ့ဟု ထုတ်ပြန်

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အနေနဲ့ အပတ်စဉ်(၁) လက်ရုံးတပ်ကို အောင်မြင်စွာ စုဖွဲ့နိုင်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူလူထုနဲ့ PDF တို့ စုပေါင်းမဟာဘုံကထိန်ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ ထိန်းချုပ်ရာ ပဲခူးတိုင်း အရှေ့ခြမ်းရှိ ကျေးရွာတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ စုပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပွဲပြုလုပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

“ဗိုလ်ချုပ်မျှော်မှန်း ဖက်ဒရယ်လမ်းသို့ “ မြေပြင်လူထုသပိတ်တိုက်ပွဲ (ဓာတ်ပုံသတင်း)

“ဗိုလ်ချုပ်မျှော်မှန်း ဖက်ဒရယ်လမ်းသို့”ခေါင်းစဉ်နဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အပါအဝင် မြေပြင်လူထုသပိတ်တိုက်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။