စစ်ကိုင်းတိုင်း၊ မုံရွာမြို့မရဲစခန်းအချုပ်မှာ  LGBT လိင်စိတ်ခံယူထားသူ နိုင်ငံရေးအကျဉ်းသား ဘုံဘုံ ဟာ ကျောက်ကပ်ရောဂါနဲ့ အတွင်းအကြောတက်ခြင်းဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီး ရဲစခန်းအချုပ်အတွင်းမှာပဲ ဒီဇင်ဘာလ(၂၅)ရက်မှာ ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသား ဘုံဘုံ ဟာ နိုဝင်ဘာလ ဒုတိယအပတ်ကစလို့ ကျောက်ကပ်ရောဂါ ဝေဒနာဆိုးရွားလာခဲ့ပြီး ဆေးဝါးကုသခွင့်ရဖို့ မြို့မရဲစခန်းတာဝန်ရှိသူတွေ တင်ပြခဲ့ပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘုံဘုံကို ဆေးရုံဆီ ပို့ဆောင်ကုသခွင့်မပေးခဲ့ဘဲ အချုပ်ခန်းတွင်းမှာပဲ ဆလိုင်းချိတ် ကုသပေးမှုတွေသာ ယာယီလုပ်ဆောင်ပေးခဲ့ပြီး ထပ်မံချုပ်နှောင်ထားခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ဒုတိယအပတ်ကစလို့ လမ်းကောင်းကောင်း မလျှောက်နိုင်တော့တဲ့ အဆိုပါ နိုင်ငံရေးအကျဥ်းသားဟာ အစာမာတွေကိုပါ မစားသောက်နိုင်တော့ဘဲ ကျန်းမာရေးပိုမိုဆိုးရွားလာခဲ့ပြီးနောက် ဒီဇင်ဘာလ(၂၅)ရက် မနေ့က ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဥ်းသား ဘုံဘုံကို အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်မှာ မုံရွာမြို့ အောင်ဇေယျရပ်ကွက်၊ အိုးရှင်းစင်တာအနီး ဖမ်းဆီးခဲ့ပြီးနောက် ပုဒ်မ ၅၀(ည)၊ပုဒ်မ ၅၂(က)၊ ၅၂(ခ)တို့နဲ့ အမှုဖွင့်ကာ ဒီဇင်ဘာလ(၂၃)ရက်မှာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရသူဖြစ်တယ်လို့ PPNM က ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသား ဘုံဘုံဟာ အဖမ်းမခံရခင်က မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေအရေးကို ဆောင်ရွက်လုပ်ကိုင်ခဲ့သူဖြစ်တာကြောင့် PPNM အဖွဲ့ဝင်တွေအနေနဲ့ ဝမ်းနည်းခြင်းများစွာနဲ့ ဦးညွတ်အလေးပြုကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သပိတ်ကျင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၅) ဦး သေဆုံး၊ (၄) ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၅) ယောက် သေဆုံးပြီး (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နှစ်ပေါင်း ၅၀ နီးပါး တပ်စွဲထားတဲ့ ကျောက်ကြီးမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ တပ်သား ၈ ဦး သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်(ကျောက်ကြီးမြို့နယ်) အတွင်းက နှစ်ပေါင်း ၅၀ နီးပါးကြာ တပ်စွဲထားတဲ့ မူသယ် အခြေစိုက် ခူသေစိုး စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

နွေဦးဖွံ့ဖြိုးရေးဘဏ် အသုံးပြုသူတွေက ရေဘေးသင့် ပြည်သူတွေအတွက် ထပ်မံရရှိတဲ့ လှူဒါန်းငွေ ကျပ်သိန်း ၈၀၀ အထိ ရှိလာ

လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ရံပုံငွေအဖြစ် နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) အသုံးပြုသူတွေက ကျပ်သိန်း ၈၀၀ အထိ ထပ်မံလှူဒါန်းထားတယ်လို့ SDB က ထုတ်ပြန်ထားပါတယ်။
Read More

NLD တည်ထောင်ခြင်း ၃၇ နှစ်မြောက်အခမ်းအနားကို ‘နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး” ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ဖြင့် ကျင်းပမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တည်ထောင်ခြင်း ၃၇ နှစ်မြောက် အခမ်းအနားကို ‘နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး” ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ထားပြီး ကျင်းပသွားမယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။ 
Read More

ဆီဆိုင်မြို့နယ်၊ တပူးထိုကျေးရွာမှာ PNO ပြည်သူ့စစ် မီးရှို့မှုကြောင့် နေအိမ် ၆ လုံး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ တပူးထိုကျေးရွာမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာကို မီးရှို့တာကြောင့် ပြည်သူလူထု နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရရှိခဲ့သည့် ဒေါက်တာစင်သီယာမောင်ကို NUG ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့

ထိုင်းနိုင်ငံမှာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိခဲ့တဲ့ ဒေါက်တာစင်သီယာမောင်ကို NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ဝမ်းမြောက် ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။