စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လူသားစာနာတာဝန်ခံနဲ့ တိုက်နယ်ပအဖခေါင်းဆောင်တို့ဟာ ဒီဇင်ဘာ ၂၃ ရက်က ပြည်သူ့ထောက်ပံ့ငွေတွေနဲ့ စစ်ရှောင်စခန်းတစ်ခုမှာ စက်ရေတွင်း တူးဖော်နေတဲ့နေရာကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

သောက်သုံးရေရရှိဖို့ သံဃမေတ္တာ အဖွဲ့ဝင် ဆရာတော်တစ်ပါး ချိတ်ဆက်ပေးမှုနဲ့ ‌ထိုင်ဝမ်က အလှူရှင်တွေဟာ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံဆီ အလှူငွေတွေ ပေးပို့ခဲ့ပြီးနောက် စက်ရေတွင်းတူးဖော်တဲ့ ပညာရှင်တွေနဲ့ တူးဖော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းက ပြည်သူတွေဟာ ပျူ‌စောထီးရွာအနီးမှာ ရှိခဲ့တာကြောင့် ရွာမီးရှို့ခံရခြင်း၊ ဖမ်းဆီးပြန်ပေးဆွဲခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ မိမိတို့ပိုင် ဥစ္စာပစ္စည်းတွေ မကြာခဏ လုယက်ခံရခြင်းတို့ကြောင့် ကျေးရွာကို စွန့်ခွါကာ စစ်ဘေးရှောင်နေခဲ့ရပြီး သောက်သုံးရေ ရှာပါးမှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူ၊ ဇီးကုန် ရဲစခန်းကနေ ရဲတပ်သား ၁ ယောက် သေနတ် ၁ လက်နက်နဲ့ အလင်းဝင်လာလို့ ဆုငွေချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်း ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ ယောက်က သေနတ် ၁ လက်နဲ့ အလင်းဝင်လာတာကြောင့် ဆုငွေချီးမြှင့်ခဲ့တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း ၄ ဆီက သိရပါတယ်။
Read More

လေယာဉ်ဆီဘောက်ဆာကား မောင်းလာသည့် စစ်ကောင်စီတပ်သား၂ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ဘက်ကနေ လေယာဉ်ဆီဘောက်ဆာကား မောင်းလာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Aung San's Land Natmauk တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ပုလောမြို့နယ်မှာ စစ်မှုထမ်းသင်တန်းဆင်းထားသည့် တပ်ကြပ်ကြီးစာရေး (အကူ) (၁) ဦးနှင့် ဒု-တပ်ကြပ် (၁) ဦး လက်နက်များနှင့် အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဘုတ်ခြံအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်က အတင်းအဓမ္မစစ်သား စုဆောင်းခံထားရတဲ့ စစ်သား (၂) ယောက် လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်က (၁၉) ကြိမ်မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်သို့ KNU တွဲဘက် အထွေထွေအတွင်းရေးမှူး (၂) တက်ရောက် ဂုဏ်ပြု

ထိုင်း-မြန်မာနယ်စပ်မှာ ကျင်းပြုလုပ်တဲ့ (၁၉) ကြိမ်မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) က တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်အတွက် တပ်သားသစ်စုဆောင်းပေးကာ ပြည်သူတွေကို ငွေညှစ်နေတဲ့ ပျူခေါင်းဆောင် ရာအိမ်မှူး ဌေးလွင် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပုတီးကုန်းမြို့နယ်၊ သပြေလှအုပ်စု၊ ရင်းတိုက်ကျေးရွာမှာ နေထိုင်တဲ့ ရာအိမ်မှူး ဌေးလွင်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေအတွက် လူသစ်စုဆောင်းပေးနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။
Read More

စစ်မြေပြင်မှာ တူရွင်း၊ ဂေါ်ပြားမပါဘဲ အရေးပေါ် ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်း အမြန်တူးနိုင်ဖို့ သင်ကြားပေးနေ (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်မြေပြင်မှာ တူရွင်း၊ ဂေါ်ပြားမပါဘဲ အရေးပေါ် ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်း အမြန်တူးနိုင်အောင် အခြေခံစစ်ပညာသင်တန်းကာလကတည်းက ရဲဘော်တွေကို သင်ကြားပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း (Myanmar Defense Force) က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။