ရခိုင်ဒေသ တိုက်ပွဲတွေကြောင့် ဧရာဝတီတိုင်းထဲ စစ်ဘေးရှောင်လာသူတွေကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရဲ နဲ့ စစ်သားတွေက လိုက်လံမောင်းထုတ်မှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ဘေးရှောင်တချို့ထံက သိရပါတယ်။

အာဏာသိမ်းစစ်တပ် အကြီးအကျယ် စစ်ရှုံးနိမ့်နေတဲ့ ရခိုင်ဒေသကနေ စစ်ဘေးရှောင်လာသူတွေဟာ ဧရာဝတီတိုင်းထဲက ပုသိမ်၊ ကြံခင်း၊ မြန်အောင်၊ ကျုံပျော်၊ ငသိုင်းချောင်း၊ ရေကြည်၊ အသုတ် မြို့နယ်တွေမှာ ရောက်ရှိနေပြီး စစ်ကောင်စီလက်အောက်ခံတွေရဲ့ မောင်းထုတ်မှုကို ခံနေရတယ်လို့ ပြောပါတယ်။

“ဒုက္ခရောက်လို့ ခဏလာရှောင်တဲ့ဟာ ခွေးမောင်းသလို မောင်းထုတ်ခံနေရတယ်။ နေစရာ ပြေးစရာ နေရာမရှိလို့ ခေတ္တလာရှောင်တဲ့ဟာ အခု ဘယ်မြို့ပြေးလို့ ပြေးရမှန်း မသိဘူး။ လက်ရှိတော့ ကွင်းကောက်ဘက်ကို ရွှေဖို့တော့ အကူအညီ လှမ်းတောင်းနေတာတော့ ရှိတယ်။ ရမရတော့ မသိရသေးဘူး။ လက်ရှိနေတဲ့ ရေကြည်မြို့မှာတော့ နေခွင့်မရတော့ဘူး။” လို့ ရခိုင်ပြည်နယ် ဂျိုင်းကောက်ရွာကနေ စစ်ရှောင်လာသူ တစ်ယောက်က ပြောပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလက ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့က ဒုက္ခသည်စခန်းတစ်ခုမှာ မြင်တွေ့ရတဲ့ ရခိုင်စစ်ဘေးရှောင်များ

ရခိုင်ကနေ စစ်ရှောင်လာသူတွေဟာ ဧရာဝတီတိုင်းအတွင်း ဆွေမျိုးသားချင်း အသိမိတ်ဆွေတွေ အိမ်မှာ လိုက်နေရင်း ပြောင်းရွှေ့လာကြသူ များတာကြောင့် စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက အကြောင်းအမျိုးမျိုးနဲ့ လိုက်လံဖိအားပေး နှင်ထုတ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းအတွင်း ရခိုင်စစ်ဘေးရှောင်တွေကို အကြောင်းအမျိုးမျိုးပြကာ စစ်ဆေးဖမ်းဆီးမှုတွေ လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

0 Shares:
You May Also Like
Read More

စလင်းတွင် ပကဖ ရဲဘော်များကို လူ့အခွင့်အရေးကြေညာစာတမ်းနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ် လက်ကမ်းစာအုပ်များ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လူ့အခွင့်အရေးကြေညာစာတမ်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြဌာန်းထားတဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ် လက်ကမ်းစာအုပ်တွေ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်တွင်း အမြန်ချောပို့လုပ်ငန်းများ ကုန်အမျိုးအစား၊ အလေးချိန်နှင့် ပို့ဆောင်ရမည့်နေရာများ ကန့်သတ်ခံထားရ

စစ်ကော်မရှင်က ပြည်ပပို့ကုန်တွေကို ကုန်သွယ်ခွင့် ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းမှာပါ Delivery service (အမြန်ချောပို့) လုပ်ငန်းတချို့ရဲ့ ကုန်ပစ္စည်းအမျိုးအစား၊ ကုန်အလေးချိန်နဲ့ ကုန်ပို့ရမယ့် နေရာတွေကို ကန့်သတ်လာတယ်လို့ Online ဈေးရောင်းသူတွေထံက သိရပါတယ်။
Read More

မုံရွာမှာ ဓားပြတိုက်၊ လူသတ်၊ ကားလုယက်မှု ကျူးလွန်သူ ၆ ယောက်မှာ အသက် ၂၂ နှစ်အောက် လူငယ်တွေဖြစ်ပြီး အသက် ၂၀ အရွယ် မိန်းကလေး ၂ ယောက် ပါဝင်…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သလ္လာ အမှတ် ၄ ရပ်ကွက်၊ မိုဃ်းကောင်းလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်လူသတ် ကားလုယူမှုမှာ ကျူးလွန်သူ ၆ ယောက်မှာ အသက် ၂၂ အောက်တွေ ဖြစ်ပြီး မိန်းကလေး ၂ ယောက်ပါဝင်တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ထားပါတယ်။
Read More

ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေး(၁) ဦးအပါ ကလေး (၂) ဦးသေဆုံး၊ ပြည်သူ(၃) ဦးနှင့် နေအိမ် (၃) လုံး ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေး(၁) ယောက်အပါအဝင် ကလေးငယ် (၂) ယောက် သေဆုံးပြီး ပြည်သူ(၃) ယောက် ဒဏ်ရာရကာ နေအိမ် (၃) လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်တွေ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ် ၁၀၆ ဦးနှင့် အဖွဲ့အစည်း ၂၂ ခုကို EU ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု ထပ်မံသက်တမ်းတိုး

အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီနဲ့ ပတ်သက်ဆက်စပ်သူ ၁၀၆ ယောက်နဲ့ အဖွဲ့အစည်း ၂၂ ခုကို ဒဏ်ခတ်ပိတ်ဆို့ထားတာတွေ သက်တမ်းတိုးကြောင်း ဥရောပသမဂ္ဂ EU က ထုတ်ပြန်ပါတယ်။
Read More

မူးမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။