ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီဂိတ်စခန်းနဲ့ ပျူခေါင်းဆောင်နေအိမ်တို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပဲခူးခရိုင် ပကဖ ဦးဆောင်တဲ့ ဒိုက်ဦးမြို့နယ် ပကဖ၊ ကဝမြို့နယ် ပကဖ၊ ရန်ကုန်တိုင်းတိုက်ခိုက်ရေးတပ်ဖွဲ့ ၅၊ မအူပင်ခရိုင် ပကဖ၊ ဝေါမြို့နယ်ဆေးတပ်ဖွဲ့တို့ ပူးပေါင်းတပ်တွေဟာ ဒီဇင်ဘာ ၂၂ ရက် မနက်အစောပိုင်းမှာ ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာရွာထိပ် စစ်ကောင်စီဂိတ်စခန်းနဲ့ ကျောင်းစု ပျူခေါင်းဆောင် နေအိမ်တို့ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဂိတ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့စဉ်

စစ်ကောင်စီဂိတ်စခန်းကနေ MA 3 သေနတ် တစ်လက်၊ ရှေ့ထွက်မိုင်းတစ်လုံး၊ အီနာဂါဗုံးသီးနှစ်လုံးနဲ့ ပြည်သူဆီက ငွေကောက်ခံထားတဲ့ စာရွက်စာတမ်းတွေ ရရှိခဲ့ကာ ဂိတ်စခန်းကို မီးရှို့နိုင်ခဲ့ပါတယ်။ 

ဒါ့အပြင် ဂျောင်းတာအုပ်စုအတွင်း ပျူအင်အားစု​ စစ်သင်တန်းပေးနေတဲ့ ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူးအိမ်ကိုလည်း စီးနင်းခဲ့ရာ လက်လုပ်ကိုးလုံးသေနတ်နှစ်လက်၊ လက်လုပ်သေနတ်အတု နှစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေကတော့ ထိခိုက်မှုမရှိဘဲ စစ်ဆင်ရေးကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပဲခူးခရိုင် ပကဖ လက်ရုံးတပ်တွေ ဖြစ်တဲ့ ပဲခူးခရိုင် အင်းတကော်နဲ့ ကဝမြို့နယ် ဒရုန်းတပ်ဖွဲ့ကလည်း အဲဒီနေ့မနက်အစောပိုင်းက စတင်ကာ ရွှေကျင်မြို့နယ်၊ ဒုံဇရစ် ၅၈၉ တပ်ရင်းရဲ့ လက်နက်တိုက်နဲ့ ကင်းဂိတ်နေရာတွေကို ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိသည့် လက်နက်များ
0 Shares:
You May Also Like
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီနှင့် ကမ်းနီကြားဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၃ဦးသေ၊ ၂ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီရဲ့နယ်မြေရှင်းလင်းရေးစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ယောက်သေကာ ၂ယောက် အပြင်းအထန် ဒဏ်ရာရသွားကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

Myingyan District Special Operationမင်းနေကုန်းရဲစခန်းကိုလာတဲ့ စစ်အုပ်စုတွေ စောင့်ကြိုပစ်ခတ်ခံရပြီး စစ်ကြောရေးမှူးဆိုသူနဲ့ ရဲတစ်ယောက် သေ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရဲ့ အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ရာ ကားပေါ်ပါလာတဲ့ မြို့သာစစ်ကြောရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင် ၁ယောက် သေပြီး ကျည်ဆံခဲယမ်းနဲ့ ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Hero Defence Force (မြင်းခြံ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မြန်မာနိုင်ငံအတွင်းက အရပ်သားတွေကို အကြမ်းဖက်နေမှုများအပေါ် အင်ဒိုနီးရှားနဲ့ အမေရိကန်သမ္မတ ရှုတ်ချ

အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့က မြန်မာနိုင်ငံအတွင်းက အရပ်သားတွေကို အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေတဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက အကြမ်းဖက်စစ်သား ၅ ယောက် အလင်းဝင်…

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက အကြမ်းဖက်တပ်သား ၅ ယောက်က နိုဝင်ဘာလ ၂၆ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ ဗျူဟာ(၃၁)က မနေ့ညက ထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးမြို့နယ်မှာ ပြင်းထန်ငလျင်ကြောင့် လူ ၃၄ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်မှာ မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်‌ကြောင့် လူ (၃၄) ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ပါတယ်။
Read More

ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ယောက် သေဆုံး၊ ၁၄ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ အမှတ် ၁၀၀၉ တပ်ရင်း၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။