မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ လောင်းရှည်တိုက်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ၂ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက် သေကာ ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၃) တပ်ရင်း People Defense Force – Saw ထံက သိရပါတယ်။

ဒီဇင်ဘာလ ၂၈ရက်နေ့က စပြီး ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းကနေ လောင်းရှည်မြို့ဆီ ထွက်လာတဲ့ အင်အား ၅၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒီဇင်ဘာလ ၃၀ရက်နေ့မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁ ယောက်သေကာ ၃ယောက် ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ပြီး အရှင်ဖမ်းဆီးရမိသူ ၁ယောက်ရှိခဲ့တယ်လို့သ်ရပါတယ်။ 

ဒါ့အပြင် MA-2 (ခေါ်) စက်ကလေး ၁လက်နဲ့ ခဲယမ်းတွေနဲ့သိမ်းဆည်းရရှိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၃)တပ်ရင်း People Defense Force – Saw ကသတင်းထုတ်ပြန်ပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ တိုက်ခိုက်ခံရပြီး ကစဉ့်ကလျား ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံနှိမ်နင်းရင်း ဒီဇင်ဘာလ ၃၁ရက်နေ့မှာ ထပ်မံထိတွေ့မှုဖြစ်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်၂ယောက်သေကာ စစ်သုံ့ပန်းအဖြစ် ၁ယောက်ကို အရှင်ဖမ်းဆီးရမိပြီး MA-2 (ခေါ်) စက်က

လေး(၁)လက် ၊ MA-3 (၁)လက် ၊  G-3(၁)လက်တို့နဲ့အတူ ခဲယမ်းတွေ ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

၂ရက်တာတိုက်ခိုက်မှုကို  ဂန့်ဂေါခရိုင်အမှတ် (၃၊၅၊၆) တပ်ရင်းတွေနဲ့အတူ မကွေးတိုင်း Drone တပ်ဖွဲ့နဲ့မင်းဘူးခရိုင် တိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ချင်းပြည်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို တော်လှန်ရေးတပ်ပေါင်းစုတွေတိုက်ခိုက်သိမ်းပိုက်အပြီး ဒီဇင်ဘာ ၂၁နဲ့ ၂၂ရက်နေ့နောက်ပိုင်းမှာ ထိစပ်နေတဲ့ မကွေးတိုင်း ၊ ဂန့်ဂေါခရိုင်ထဲကို စစ်ကောင်စီတပ်တွေ ရာနဲ့ချီဆုတ်လာသလို ဖမ်းဆီးရမိတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၃ရက်နေ့ကလည်း ချင်းပြည်၊ ကန်ပက်လက်မြို့ကနေ ဆုတ်ခွါလာတဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းကို​ ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်လို့ ရဲ၁ယောက်သေကာ ဗိုလ်ကြီး အပါအဝင် ၄ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် ၁၈ ၏ အရာရှိငယ် သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

လားရှိူးတွင် နေရပ်မပြန်နိုင်သေးသည့် ကျောက်မဲစစ်ဘေးရှောင်နှင့် နမ္မတူစစ်ဘေးရှောင်တို့ စုစုပေါင်း (၃၀၀၀) ဝန်းကျင်ထိ ရှိလာဟု SSPP ထုတ်ပြန်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိူးမြို့အတွင်း နေရပ်ကို မပြန်နိုင်သေးတဲ့ ကျောက်မဲမြို့နယ်နဲ့ နမ္မတူမြို့နယ်မှ စစ်ဘေးရှောင် စုစုပေါင်း (၃၀၀၀) ဝန်းကျင်အထိ ရှိလာတယ်လို့ Shan State Progress Party / Shan State Army (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

PDF တွေကို ​ကြိမ်းဝါးဆဲဆိုခဲ့တဲ့ မြွေဟောက် ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ PDF တပ်ဖွဲ့ဝင်တွေကို စိန်ခေါ်ဆဲဆို​နေတဲ့ စစ်တပ်လော်ဘီ ဇော်ဝင်း (ခ) မြွေဟောက်ဆိုသူ ​မြို့နယ်လျှပ်စစ်ရုံးရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။
Read More

စစ်ရေးသတိပေးချက် ထုတ်ပြန်ပြီး ၁ လအကြာ ထီးလင်းမြို့ပေါ်က စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ စစ်ရေးသတိပေးချက် ထုတ်ပြန်ထားတဲ့ တော်လှန်ရေးအင်အားစုတွေက စစ်အုပ်စုအထိုင်ချတပ်စွဲရာ မြို့ပေါ်နေရာတွေဆီ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အရပ်သားတွေကို ဗုံးမကြဲဖို့ သတိပေးတဲ့အနေနဲ့ လေတပ်ဗိုလ်မှူးရဲ့ ဂတ်စ်မီးဖိုဆိုင်ကို ဖောက်ခွဲရာ ဆယ်အိမ်မှူး သေပြီး ၂ ယောက် ထိိခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က လေတပ်​ ဗိုလ်မှူး မျိုးလွင် မိသားစုပိုင်တဲ့ ကံ့ကော်မြိုင် ဂတ်(စ်) မီးဖိုဆိုင်ကို ဗုံးခွဲတိုက်ခိုက်မှုမှာ ဆယ်အိမ်မှူး ၁ ယောက်သေပြီး ၂ ယောက်ထိခိုက်ကြောင်း မြို့ပြကြွက်အဖွဲ့ထံက သိရပါတယ်။
Read More

ဘေလီတံတားပေါ်မှ လက်ချင်းကြိုးချည် ခုန်ချသွားသည့် စုံတွဲရုပ်အလောင်းကို လက်ချင်းချည်လျက် ပြန်လည်တွေ့ရှိ

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နဘ် ဘေလီတံတားပေါ်ကနေ အချင်းချင်း လက်ကိုကြိုးနဲ့ချည်ပြီး ခုန်ချသွားတဲ့ စုံတွဲရဲ့ ရုပ်အလောင်းတွေကို လက်ချင်းချည်လျက်ပဲ ဒီနေ့မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ရုပ်အလောင်းတွေ သွားရောက်သယ်ဆောင်ခဲ့တဲ့ ဝန်းရံမှူး လူမှုကူညီရေးအသင်းထံက သိရပါတယ်။