ရခိုင်ပြည်နယ်၊ အမ်းမြို့ကို စစ်ကူသွားမယ့် အကြမ်းဖက်ရှေ့ပြေးယာဉ်တန်းကို အမ်း-ပဒါန်းလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၄ယောက်သေပြီး ဗိုလ်အဆင့်ရှိသူအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီဇင်ဘာ ၂၀ရက်နေ့ မနက်ပိုင်းက အင်အား ၃၀ ကျော်နဲ့ ထွက်ခွာလာတဲ့ အကြမ်းဖက် ရှေ့ပြေးကင်းထောက်ယာဥ်တန်းကို မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စပ်စီကျေးရွာအနီး၊ ဝက်စကျင်းလမ်းဆုံမှာ  အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီအတွက် ရန်အောင်မြေဘုရားကုန်းပေါ်ကနေ ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့သလို စပ်စီရွာဘုန်းကြီးကျောင်းအတွင်းတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ ကပစ ၁၀ က စစ်ကား ၄စီးကလည်း  နှစ်ဖက်ညှပ်ပိတ်ပြီး စစ်ကူအင်အားဖြည့်တင်းလာတာကြောင့် ရဲဘော်တွေ နယ်မြေရှင်းလင်းရေးမလုပ်ဆောင်နိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့အရှိုချင်းကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ရှေ့ပြေးကား ၂ စီး လာတာပေါ့။ မိုင်းမဆွဲခင်ရုတ်တရက် ထိတွေ့မှုဖြစ်ကြတယ်။ တိုက်ပွဲက မိနစ်၃၀ကြာတယ်။ အဲ့နောက် ကား ၄စီးထပ် ရောက်လာပြီး သူတို့ လူသေအလောင်းနဲ့ ဒဏ်ရာရတဲ့သူတွေ ပြန်တင်ပြီး နောက်ပြန်ဆုတ်သွားကြပါတယ်။” လို့ အရှိုချင်းကာကွယ်ရေးတပ် ( ACDF) ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။

 ထိတွေ့မှုဖြစ်ပြီးတဲ့ နောက်တစ်နေ့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာတော့ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာအနီးမှာရှိတဲ့ ဝက်စကျင်းရွာနဲ့ R ဇာရွာတွေထဲ ဝင်ရောက်မွှေနှောက် ရှာဖွေတာမျိုးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲ ဖြစ်ပြီး နောက်တစ်နေ့မှာပဲ စစ်ကောင်စီတပ်သားတွေ ဝတ်စကျင်းရွာနဲ့ Rဇာရွာဘက် လူငယ် တွေကို ဝင်ဖမ်းဖို့ကြိုးစားတယ်။ လူငယ်တွေက ကြိုရှောင်ကြတော့ သူတို့ဖမ်းမရဘူး။ ဒီတော့ရွာကိုမီးရှို့မယ် ခြိမ်းခြောက်တာတွေရှိတယ်။” လို့ ACDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပိုင်းကို အသုံးပြုပြီး နပခရှိရာ အမ်းမြို့ကို စစ်ကူသွားတဲ့ အကြမ်းဖက်စစ်ကောင်စီထောက်ပို့ယာဥ်တွေကို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ က ပိတ်ဆို့ဖြတ်တောက်ရင်း မကြာခဏ ထိတွေ့တိုက်ပွဲတွေရှိနေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အပြီးသတ်သိမ်းပိုက်ပြီး စစ်ကောင်စီဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲက ရှေ့တန်းကင်းစခန်းတချို့ကို ကရင်နီတပ်ပေါင်းစု ပြန်လည်သိမ်းပိုက်ရရှိ…

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်က လက်လွတ်ထားရတဲ့ ရှေ့တန်းကင်းစခန်းတချို့ကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာ ကင်စခန်းတချို့ ပြန်လည်ရရှိခဲ့ပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ စစ်ဒေသခွဲ အသီးသီးကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ မရောက်အောင် စစ်ကောင်စီ ကန့်သတ်ထိန်းချုပ်နေ

ကရင်နီဒေသထဲကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ မရောက်ရှိအောင် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း  ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IECက ဒီနေ့ အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ပဲခူးရိုးမ တိုက်ပွဲအတွင်း နယ်မြေအသာစီး ရယူနိုင်သည့် PDF များကြောင့် စစ်ကောင်စီဘက်က ၆ ဦးသေ၊ အများအပြားထိခိုက်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မုံရွာ-ရေဦးလမ်းပိုင်းမှာ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဘုတလင်မြို့ပေါ်သို့ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို မုံရွာ-ရေဦးလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Ba Thu Kyawal Column အဖွဲ့ထံက သိရပါတယ်။
Read More

ပေါက်နဲ့ ကမ္မမှာ စစ်အုပ်စုတွေ ဒရုန်းနဲ့ရော စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခံရ၊ စစ်သား ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်နဲ့ ကမ္မမြို့နယ်တွေက စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ရော စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက်သေဆုံးခဲ့တယ်လို့ King Fighter SGF အဖွဲ့တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ညောင်လေးပင်တွင် စစ်ကောင်စီတပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်သား ၄ ဦးသေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ တောကျီးကန်း(၇)ကောင်တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။