ကရင်ပြည်နယ် မြဝတီမြို့အတွင်းမှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲမှုတွေ လုပ်နေပြီး ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းက အမှတ် ၁ ရပ်ကွက်မှာ အရပ်ဝတ်နဲ့ သွားလာနေတဲ့ နယ်ခြားစောင့်တပ် BGF က တစ်ပွင့်အဆင့်ရှိ ဒုဗိုလ်တစ်ယောက်ကိုပါ မှားပြီး ပေါ်တာဆွဲခေါ်သွားတယ်လို့ BGF နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့ မနက် ၄နာရီလောက်ကလည်း ဆိုင်ကယ် ကယ်ရီမောင်းသူ ၄ယောက်ကို ပေါ်တာဆွဲခဲ့သလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ခရီးသွား ၁၀ ယောက်ကိုလည်း ပေါ်တာဆွဲခဲ့သေးတယ်လို့ သိရပါတယ်။

“သူတို့ BGF တပ်ဖွဲ့ အရာရှိမှန်း မသိဘဲ အတင်းဆွဲခေါ်သွားတာ.. အမှတ် ၁ရပ်ကွက်မှာပေါ့။ မနေ့ညကလည်း DKBA ဖွင့်ထားတဲ့ အာဝါဒေးမှာလည်း အရပ်ဝတ်နဲ့ လူတစ်ယောက်ကို အဖွဲ့အစည်းကမှန်း မသိဘဲ မှားပြီးဆွဲသွားသေးတယ်” လို့ မြဝတီမြို့ BGF တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

မြဝတီမြို့နယ်ထဲက တည်းခိုခန်းတွေ၊ နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်တွေက မကြာခဏ ဧည့်စာရင်း ဝင်စစ်လေ့ရှိသလို ခရီးသွားတွေကိုလည်း လမ်းပေါ်မှာ စစ်ဆေးကာ မသင်္ကာလို့ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားမှုတွေ ရှိတယ်လို့ အထက်ပါ သတင်းရင်းမြစ်က ဆိုပါတယ်။

အင်အားချိနဲ့နေတဲ့ စစ်ကောင်စီတပ်တွေဟာ စစ်မှုထမ်း အပတ်စဉ် (၈) ကို ရောက်လာချိန် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုတွေ နိုင်ငံအနှံ့ ပိုမိုဆိုးဝါးလာနေပြီး ယောက်ျားသား မြင်တာနဲ့ ဘာမှမမေးမမြန်းဘဲ ပေါ်တာဆွဲချင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

KNU ထံပို့မယ့် လက်နက်တချို့ ဘန်ကောက်မှာ ဖမ်းမိဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) ထံပေးပို့မယ်ဆိုတဲ့ လက်နက်ပစ္စည်းတွေကို ဘန်ကောက်မြို့က ကွန်ဒိုတခုမှာ ထိုင်းရဲတွေက ဧပြီလ ၂၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်း Khaosod မှာ ဖော်ပြပါတယ်။
Read More

စစ်ရေးပြမယ့် စစ်သားတွေ ရန်ဖြစ်လို့ အကြမ်းဖက် နှိမ်နင်းရေးတပ်ခေါ်ပြီး ကျင်စက်တွေပါ သုံးခဲ့ရ၊ ရန်ပွဲကြောင့် ၁၈ ယောက်ခန့် ဒဏ်ရာရတဲ့အထဲ ၃ ယောက် အသက်အန္တရာယ်စိုးရိမ်ရ 

နေပြည်တော်မှာ ဒီနေ့ ကျင်းပပြုလုပ်မယ့် ဖက်ဆစ်တော်လှန်ရေးနေ့၊ စစ်ကောင်စီအခေါ် (တပ်မတော်နေ့) စစ်ရေးပြဖို့ စုဝေးရောက်ရှိနေတဲ့ စစ်သားတွေ အရက်မူးစကားများ ရန်ဖြစ်ကြရာကနေ စစ်သား ၁၈ ယောက် ဒဏ်ရာရရှိခဲ့ပြီး ၃ ယောက်ကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ ရှိနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ပြည်တွင်းရေးကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ အသင့်ရှိကြောင်း AA ထုတ်ပြန်

လက်ရှိမြန်မာ့အရေးကို စစ်ရေးနဲ့ ဖြေရှင်းမှုထက် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အမြဲတမ်းအသင့်ရှိကြောင်း အာရက္ခတပ်တော် (AA) က ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရိက္ခာလာပို့တဲ့စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် စစ်သား ၅ ဦး သေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာဘက်မှ လက်ယက်စခန်းကို ရိက္ခာပို့ဖို့ထွက်လာတဲ့ အင်အား (၃၀) ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး အင်အားစုတွေက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက အသိပေးထုတ်ပြန်ပါတယ်။
Read More

ပါချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ကမကထပြု လှူဒါန်းသည့် မေတ္တာနန္ဒဆေးရုံကို စစ်ကောင်စီ ဗုံးကြဲ၊ မီးဖွားပြီးစ အမျိုးသမီးတစ်ဦး သေဆုံး

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်က မေတ္တာနန္ဒဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ဆေးရုံတက်နေတဲ့ မီးဖွားပြီးခါစ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့သလို ဆေးရုံရဲ့ အဆောက်အဦး ၃လုံး ပျက်စီးသွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပြည်သူကိုသတ်သည့် စစ်တပ် လက်ကိုင်တုတ် ကြံ့ခိုင်ရေးက အတွေ့အကြုံမရှိသူများ လက်ထဲတွင် ပြည်သူ့အနာဂတ် ပွန်းပဲ့ခံလို့မဖြစ်ဘူးဟုပြောကာ မဲဆွယ်

အာဏာသိမ်း စစ်ဗိုလ်ချုပ်အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက သူတို့ပါတီဟာ အတိတ်သမိုင်းကောင်းတွေ ရှိခဲ့ပြီး ပါတီနောက်မှာ ခိုင်မာတဲ့အဖွဲ့အစည်းရှိတယ်လို့ ပြောဆို မဲဆွယ်ခဲ့ပါတယ်။