ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ရေကန်တောင်ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ မိုက်ခရိုဝေ့ဖ်စခန်းကို ဒီဇင်ဘာ ၁၇ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ထံက သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဒီဇင်ဘာ ၁၇ ရက်က ကံပေါက်အခြေစိုက် ခလရ ၂၇၄ တပ်ရင်း ဗဟိုကင်းနဲ့ မိုက်ခရို‌ဝေ့ဖ်စခန်းကုန်းကို တိုက်ခိုက်ခဲ့ရာ မိုက်ခရိုဝေ့ဖ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး အရာရှိ ၁ ယောက် အပါအဝင် ၆ ယောက်သေကာ တပ်သား ၁ ယောက် အရှင်ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ဒဏ်ရာရရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ထွက်ပြေးလွတ်မြောက်သွားပြီး MA-11 (၃) လက်၊ ကပစ 5.56 ကျည် (၅၇၈)တောင့် ၊ 60-MM ကွန်မန်ဒိုစိန်ပြောင်း (၁)လက်နှင့် 60-MM ကျည် (၁၁)တောင့် ၊ 40-MM ကျည် (၃၆)တောင့် ၊ ရှေ့ထွက်မိုင်း(လိပ်ခုံး)-(၃)လုံး၊ ကျည်ဘောက်များ၊ ဖုန်းများနဲ့ ကွန်ပျူတာ (၁)လုံးတို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ခလရ ၂၇၄ တပ်ရင်း ဗဟိုကင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှုအတွင်း စစ်သား ၄ ယောက် သေခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLFနဲ့ TPLF Drone Team ပါဝင်တဲ့ သာဂရစစ်ကြောင်းနဲ့ ဒေါနတပ်ရင်း တပ်ခွဲ -၆(ဝေဟင်အဖွဲ့)၊ ဒေါနတပ်ရင်း တပ်ခွဲ-၇(LPF)၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး(DDPDF)၊ ရေဖြူ-ပကဖတို့ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီပြည်နယ်အတွင်း ခက်ခက်ခဲခဲသင်တန်းရောက်ခဲ့ကြတဲ့ နေပြည်တော် PDF ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်နေတဲ့ မှတ်တမ်းပုံရိပ် (ရုပ်/သံ)

ကရင်နီပြည်နယ်အတွင်း နေပြည်တော် PDF ရဲဘော်တွေရဲ့ ခက်ခက်ခဲခဲစစ်ရေးလေ့ကျင့်သင်ကြားနေတဲ့ မှတ်တမ်းပုံရိပ်တွေကို အော်ပရေးရှင်း စစ်တောင်းမှ ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံက သဲတောကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံရလို ၇ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ဦးသေဆုံးခဲ့တယ်လို့ Myingyan Twenty-one Guerilla Force – MTGF အဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။  
Read More

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းက ကျေးရွာကို စစ်အုပ်စုလက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့ စစ်က မီးရှို့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်အုပ်စုလက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့စစ်က နောင်ထော်ယန်းပိုင်းကျေးရွာကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ကချင်ပြည်နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင်က လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့အပြီးမြင်ကွင်း (ရုပ်/သံ)

ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့လယ်ပိုင်းက ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေက တက်ရောက်သိမ်း ပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားကြတယ်လို့လည်း သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲအပြီး စခန်းတွင်းအခြေအနေများကို အဆိုပါတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကျားသစ်နက်စစ်ကြောင်းက ရုပ်သံဖိုင်အနေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ဘလယ်ဒိုစခန်းမြင်ကွင်း (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်ရှိ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဘလယ်ဒိုစခန်းကို အခုလိုပဲ မြင်တွေ့ရပါတယ်။