ပခုက္ကူတပ်မ ၁၀၁ အပါအဝင် လက်အောက်ခံ တပ်ရင်းတွေကို အဝေးပစ်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ တပ်သားလိုင်းခန်းတွေပေါ် ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ၁ ယောက်သေကာ အများအပြားထိခိုက်သွားကြောင်း Cobra One အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၁၇ရက်နေ့ မနက်ပိုင်းက ပခုက္ကူတပ်မ ၁၀၁နဲ့ ခလရ-၂၅၁ ၊ ခလရ-၂၅၂ တပ်ရင်းတွေကို အဝေးပစ် ဒုံး ၈လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“အဲ့နေ့က ပစ်တဲ့ အဝေးပစ်က ခလရ-၂၅၂ က ၁ကောင်သေပြီး တော်တော်များများ ဒဏ်ရာရသွားတယ်လို့ သိရတယ်။ နောက်ပြီး တပ်လိုင်းခန်းတွေနဲ့ ဘန်ကာတွေအပေါ် ကျတယ်။​ နောက်ပြီး ၁၈ရက်နေ့ကလည်း BRR(Burma Revolution Rangers) အဖွဲ့က ခလရ ၂၅၂ ထဲဝင်ပစ်တာ စစ်တပ်ဘက်က အရာရှိအပါ ၂ယောက် သေတယ်။ ကိုယ့်ဘက်က ရဲဘော် ၁ယောက် ကျတယ်” လို့ Cobra One အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာ၁၇ရက်နေ့က ပခုက္ကူတပ်မ ၁၀၁ နဲ့ လက်အောက်ခံတပ်ရင်းတွေကို တိုက်ခိုက်နေစဥ်

ဒီတိုက်ခိုက်မှုကို Burma Revolution Rangersတပ်ဖွဲ့နဲ့အတူ TaTy Pakokku pdfတပ်ဖွဲ့ ၊ BA NYEIN GUERRILLA Force တပ်ဖွဲ့နဲ့ COBRA ONE Pakokku တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့နယ်အတွင်းက ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီက လူငယ်တွေကို အ​ကြောင်းမဲ့ဖမ်းဆီးရင်း တပ်မ ၁၀၁အပါအဝင် လက်အောက်ခံတပ်ရင်းတွေဆီ တပ်သားသစ်အဖြစ် ပို့​ဆောင်တာမျိုးတွေရှိတယ်လို့ သိရပါတယ်။

“ဘယ်လိုမျိုးတွေလဲဆိုတော့ ပခုက္ကူ ဧရာဝတီတံတားပေါ်မှာတင် ၁၀ဦးကျော် ပါသွားပါတယ်။ ရပ်ကွက်အချို့မှာလည်း အိမ်တွေထဲထိ ဝင်ဆွဲလို့ လူငယ်တွေ ပါသွားပါတယ်။ ၂၅၉ တပ်ထဲကို စုပြီးမှ ၁၀၁တပ်မကို ပို့တာပါ။” လို့ Cobra One အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီဇင်ဘာ၁၇ရက်နေ့က ပခုက္ကူတပ်မ ၁၀၁ နဲ့ လက်အောက်ခံတပ်ရင်းတွေကို တိုက်ခိုက်နေစဥ်
0 Shares:
You May Also Like
Read More

ရေတာရှည်တွင် စစ်အုပ်စု စက်တပ်လေထီးများဖြင့် ဆက်တိုက်ဗုံးကြဲနေပြီး တော်လှန်ရေးတပ်များနှင့်လည်း ထိတွေ့တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်​ကျေးရွာမှာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာပြီး ဆုတ်ခွာသွားရတဲ့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲငယ်တွေဆက်ဖြစ်ပွားနေကြောင်း မြေပြင်သတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

AA ရဲ့ ထိုးစစ်တွေကြားက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေ ငဖဲမှာ ပိတ်ဆို့တိိုက်ခိုက်ခံရ၊ ဗိုလ်ကြီး ၂ ဦးနှင့် အရာခံဗိုလ်အပါ ၁၀ ဦးထက်မနည်းသေဆုံးကာ ဗိုလ်ကြီး ၂ဦးအပါ ၁၂ ဦးကို အရှင်ဖမ်းမိ

ရခိုင်-မကွေး နယ်စပ်မျဥ်းတစ်လျှောက် ထိတွေ့တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေကို ပိတ်ဆို့တိုက်ခိုက်မှုမှာ ခမရ ၁၁၃ ဗိုလ်ကြီး ၂ယောက် အပါအဝင် ၁၂ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ဗိုလ်ကြီး ၂ယောက်နဲ့ အရာခံဗိုလ် အပါအဝင် သေဆုံးသူ ၁၀ယောက်ထက်မနည်း ရှိခဲ့တယ်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) က ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့ပေါ်ကို စစ်ကော်မရှင်တပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မ​တော် - PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကော်မရှင်တပ်တွေက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ချီဖွေ၊ ဖိမော်ဒေသက နယ်ခြားစောင့်တပ် ၁၀၀၁ ကို KIA က တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ် ချီဖွေမြို့နယ် ဖိမော်ဒေသ ကစစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) - ၁၀၀၁ တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ထိန်းချုပ်နိုင်ပြီလို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

နတ်မောက်မြို့နယ်ထဲ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း သေ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အထိနာခဲ့တယ်လို့ နတ်မောက်ဂဠုန် PDF ထံက သိရပါတယ်။
Read More

ချောင်းဦးမှာ လမ်းပိုင်းခြေကုပ်ယူဖို့ ကြိုးစားနေသည့် စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရ၊ နေရာတင် ၃ ယောက် သေပြီး အများအပြားထိခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်မှာ အရပ်သားကားတွေကို ချောဆွဲလာတဲ့ စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နေရာမှာတင် ၃ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။