ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ အမှတ် (၅)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅)ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့  စစ်ကောင်စီတပ် တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိခဲ့တယ်လို့  အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၁၈ ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ 

မောင်တောမြို့မှာ တခုတည်းကျန်နေတဲ့ နခခ(၅)ကို အာရက္ခတပ်တော်က ဒီဇင်ဘာ ၈ရက်မှာ အပြီးသိမ်းနိုင်ခဲ့ချိန်မှာ အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နဲ့အတူ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

ထွက်ပြေးသွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အာရက္ခတပ်တော်က  လိုက်လံရှာဖွေ ရှင်းလင်းနေချိန် ဗိုလ်မှူးကြီး အောင်နေမျိုးကို (ဒီဇင်ဘာ ၁၇ရက်)မှာ အသေမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုး

တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးဟာ အခေါက်ရွှေတုံးအချို့၊ ရွှေထည်အချို့အပါအဝင် ငွေသား ကျပ်သိန်း (၈၀၀) ခန့်နဲ့အတူ မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းအနီး ပုစွန်ကန် တဲအတွင်းမှာ အသေဖမ်းဆီးရခဲ့တာ ဖြစ်ပါတယ်။ 

ဗိုလ်မှူးကြီး အောင်နေမျိုးဟာ စစ်ကောင်စီတပ်နဲ့ ခေတ်အဆက်ဆက် ပူးပေါင်းခဲ့ကြတဲ့ ဒေသခံမူဆလင်အချို့ရဲ့ အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားရင်း မိုင်းနင်းမိကာ သေဆုံးသွားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော် လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ ကမ်းခြေစောင့်တပ်တွေရဲ့ အချိန်ပြည့် ဝိုင်းရံပိတ်ဆို့ ရှာဖွေမှုများကြောင့်  အမှတ် (၂၂) တပ်မမှုးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးနိုင်ခြင််းမရှိတော့ဘဲ စစ်ကောင်စီဘက်က ထောင်ထားတဲ့ မိုင်းကို ပြန််နင်းမိပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ရခြင်းတယ်လို့ အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ 

ရခိုင်ပြည်နယ် မောင်တောဒေသက အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ – ၅) ကို ဒီဇင်ဘာ ၈ ရက်နေ့မှာ AA က အပြီးသတ်သိမ်းပိုက်ခဲ့ပြီး အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း အပါအဝင် စစ်သုံ့ပန်း အများအပြားကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် နခခ (၅)ကနေ ထွက်ပြေးသွားခဲ့တဲ့ တပ်မမှူးအဆင့်ရှိသူ ဗိုလ်မှူးကြီးအောင်နေမျိုးကို AA က အခုလိုအသေဖမ်းဆီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းနှင့် စစ်တပ်တပ်စွဲထားသည့် ဆေးရုံတို့ကို ဒရုန်းဖြင့် ဗုံးကြဲ၊ ဒရုန်း ၁ စီး ပျက်စီးဆုံးရှုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ ကျောက်ရစ်ရဲစခန်းနဲ့ ဆေးရုံတို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung က မနေ့က ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ပထမ ၅ လနီးပါးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကြံ့ခိုင်ရေးကို မဲပေးပါက စစ်မှုထမ်းကမ်းလွတ်ခွင့်ရမည်ဟု မဲဆွယ်သည့် အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ ကွေ့ချောင်းရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဟာ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကို မဲပေးရင် စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်လို့ မဲဆွယ်ခဲ့ပြီးတဲ့နောက် ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့ကို KNLA ပူးပေါင်းတပ်များ သိမ်းပိုက်

တနင်္သာရီတိုင်းထဲက ထိုင်း-မြန်မာ နယ်စပ်မြို့ မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက မောင်းကို ပြောပါတယ်။
Read More

ဆက်ကြေးကောက် ငွေညှစ်ဖို့ထွက်လာသည့် စစ်သားများ ကင်းပုန်းဝပ်တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ သေနတ်၂ လက်နှင့် ပစ္စည်းတချို့ ပြောက်ကျားတပ်ဖွဲ့ရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စောင့်ကြိုတိုက်ခိုက်ရာမှာ စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၂ လက်နဲ့ ပစ္စည်း တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့-မြင်းခြံမြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီ-မောတောင်လမ်းပိုင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တနင်္သာရီမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာမှုတွေရှိနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ BLACK COBRA COLUMNက ဒီနေ့ ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ပါတယ်။