ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA  ထိန်းသိမ်းထားတဲ့ ဆင် ၁၃၈ ကောင်ထဲက အကောင် ၆၀ ကို တအောင်းတပ်(TNLA) ထံ လွှဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ်ထဲက PLA အုပ်ချုပ်ရေးနယ်မြေထဲမှာရှိတဲ့ ဆင်ဝိုင်း ၂၁ ဝိုင်းထဲက ဆင်ကြီး၊ ဆင်ကလေးတွေ၊ စစ်ဘေးရှောင်ဆင်ဝိုင်းတွေက ဆင် ၁၃၈ ကောင်အပါအဝင် ဆင်ဦးစီး၊ ဆင်အုပ်၊ ဆင်ထိန်းတွေကို PLA ထိန်းသိမ်းပေးထားတာဖြစ်ပြီး အသက်ကြီးဆင် ၃ ကောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လွှဲပြောင်းပြီး ကျန်ရှိနေတဲ့ ဆင်တွေကို PLA တပ်ရင်း ၂၂၂ နိုင်ငံရေးဌာနက ဆက်လက်ထိန်းသိမ်းထားပြီး ပြည်သူ့အစိုးရသစ်အုပ်ချုပ်ချိန်မှာ လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ကင်းပုန်းကို တိုက်ခိုက်မှု ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း အောက်တိုဘာ ၁၄ ရက်က အကြမ်းဖက်စစ်တပ် ကင်းပုန်းကို တိုက်ခိုက်မှုအတွင်း စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Chindwin Toe Na Yar PDF အဖွဲ့ထံက သိရပါတယ်။
Read More

မင်းတပ်မြို့အတွင်း ညအချိန် အကြမ်းဖက်စစ်တပ် ကြဲချခဲ့သည့် ဗုံးပေါက်ကွဲမှုပြင်းအား (ရုပ်/သံ)

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
Read More

BIMSTEC ကျင်းပရာ ဟော်တယ်အတွင်း ကျောင်းသားတစ်ဦး စစ်ခေါင်းဆောင်ကို မင်းအောင်လှိုင်ကို သွားရောက်ဆန္ဒပြ

ယနေ့ မတ်လ ၄ ရက် ညနေ ၄ နာရီခွဲခန့်က   “ပုန်း" (အမည်လွှဲ) လို့အမည်ရတဲ့ တက္ကသိုလ် ပထမနှစ်ကျောင်းသားတစ်ဦးဟာ BIMSTEC အစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်နေတဲ့ ဘန်ကောက်မြို့၊ ရှန်ဂရီလာဟိုတယ်မှာ သွားရောက်ဆန္ဒပြခဲ့ပါတယ်။
Read More

အင်ဒိုနီးရှားတွင် ကစားကွင်းမတော်တဆမှုကြောင့် ကလေးငယ် ၅ ဦးနှင့် လူကြီး ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

အင်ဒိုနီးရှားနိုင်ငံ၊ ကေတာပန်မြို့ရှိ ကစားကွင်းတစ်ခုမှာ မတော်တဆမှုဖြစ်ပွားပြီး ကလေးငယ် ၅ ယောက်နဲ့ လူကြီး ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အင်ဒိုနီးရှားသတင်းဌာန Liputan6SCTV ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ဆင်ပေါင်ဝဲတွင် ဆိုင်ကယ်ဖြင့် ထွက်လာသည့် ရဲနှင့် စစ်သား တိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် တစ်နေရာမှာ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ ရဲနဲ့ စစ်သားကို တိုက်ခိုက်ခဲ့ရာ ၁ ယောက်သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျိုက်ထီးရိုး ဘုရားဖူးပြည်သူများအား တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးသွားကြောင်း စစ်ကောင်စီဝါဒဖြန့်နေမှုအပေါ် အမှတ် ၂၇ စစ်ဗျူဟာတာဝန်ခံမှ ပြန်လည်ရှင်းလင်း (ရုပ်/သံ)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းကျေးရွာ ကဒက်ချောင်း ရေတံခွန်မှာ ဖမ်းဆီးမိခဲ့တဲ့ ပျူစောထီးခေါင်းဆောင်တွေကို စစ်ကောင်စီတပ်က ကျိုက်ထီးရိုး ဘုရားဖူးပြည်သူတွေကို တော်လှန်ရေးတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဝါဒဖြန့်ခဲ့တဲ့အပေါ် အမှတ် (၂၇) စစ်ဗျူဟာတာဝန်ခံက အခုလိုပဲ ရှင်းလင်းတင်ပြခဲ့ပါတယ်။