ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်​ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၂ရက်တာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေထိခိုက်သေဆုံးကာပြန်လည်ဆုတ်ခွာသွားတယ်လို့ နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း ၉၀၁ တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
ဒီဇင်ဘာ ၁၂ရက် ညနေပိုင်းက စစ်တောင်းမြစ်အရှေ့ခြမ်း၊ ရွာသစ်‌ ကျေးရွာကနေ ပိတောက်ကုန်းကျေးရွာဆီ အင်အားအလုံးရင်းနဲ့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်သားတွေကို လက်ဦးမှုရယူကာ မိုင်းဆွဲရင်းလက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
အဲ့ဒီနောက် အချိန်တစ်နာရီခွဲကြာနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေက ပိတောက်ကုန်းကျေးရွာတစ်ဖက်ခြမ်းကို ပြန်လည်ဆုတ်ခွာသွားခဲဲ့ပြီး အဲဲ့ဒီနေ့ညပိုင်းမှာထိတွေ့မှုထပ်ဖြစ်ခဲ့တယ်လို့ နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း ၉၀၁ တာဝန်ရှိသူက ပြောပါတယ်။
” ၁၂ရက်နေ့ ညနေ၃နာရီလောက်မှာ ရန်သူ့စစ်ကြောင်းက အင်အား၅၀လောက်နဲ့တိုးလာတယ်။ပိတောက်ကုန်းရွာကိုပေါ့။ အဲ့မှာ ကျွန်တော်တို့တပ်တွေက အသင့်အနေအထားနဲ့စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲဖြစ်ပြီးတော့ စခတွေရွာရဲ့တစ်ဖက်ခြမ်းကိုဆုတ်သွားတယ် ညပိုင်းရွာအလယ်ထဲကိုတိုးလာတယ် အဲ့မှာတိုက်ပွဲပြန်ဖြစ်ပါတယ်။ နောက်ဆက်တွဲသိရတဲ့သတင်းတွေအရစခ ၁၂ကောင်ကျတယ်လို့သတင်းရပါတယ်။”
လို့ နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း ၉၀၁ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
နှစ်ဖက်စစ်ဆိုင်ထားတဲ့ အခြေအနေတွေထဲ အကြမ်းဖက်စစ်အုပ်စု တပ်ဖြန့်နေရာယူထားရာတွေဆီ PDF ပူးပေါင်းတပ်တွေက ဒီဇင်ဘာ၁၂ရက်နေ့ တစ်ညလုံး လက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၁၃ရ က် မနက်အစောပိုင်းမှာလည်း အင်အား ၁၀၀ အထိ ဖြည့်တင်းထားတဲ့ စစ်ကောင်စီတပ်တွေက ရှေ့ဆက်တိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့မှုထပ်မံ ဖြစ်ပွာခဲ့ပြီး စစ်ကောင်စီတပ်တွေပြန်ပြီးဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
အဲ့ဒီအကြမ်းဖက်စစ်ကြောင်းကို နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း (၉၀၁) နဲ့အတူ စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ ၊ တပ်ရင်း (၃၅၀၂) ကီးကူစစ်ကြောင်းနဲ့တော်ဝင်လျှပ်စီး(RTC)စစ်ကြောင်းတို့က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအခြေအနေအရ အထိနာသွားတဲ့ စစ်ကောင်စီတပ်နဲ့ PDF ပူး​ပေါင်းတပ်တွေ အချိန်မရွေးထိတွေ့တိုက်ပွဲရှိနိုင်တဲ့အထိ စစ်ရေးတင်းမာနေတယ်လို့လည်းသိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ရက်နေ့ကလည်း ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းက နှောပင်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ PDF ပူးပေါင်းတပ်တွေထိတွေ့မှုဖြစ်ပြီးစစ်ကောင်စီတပ်သား ၂၄ ယောက်သေဆုံးကာ ၂၆ ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
ပုံစာ – နေပြည်တော် PDF တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

မတ္တရာ၊ နောင်ချိုနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ MDY-PDF တို့ တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နတ်ရေကန်ဗျူဟာစခန်းမှ ထွက်ပြေးနေသည့် စစ်ကော်မရှင်တပ်သားများ ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိဟု AA ထုတ်ပြန်၊ အလင်းဝင်လက်နက်ချသူများလည်း ရှိဟု ဆို

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်းကနေ ကစဥ့်ကလျား ထွက်ပြေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိတာတွေရှိပြီး အလင်းဝင် လက်နက်ချသူတွေလည်း ရှိတယ်လို့ အာရက္ခတပ်တော် AA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းကို ဗုံးခွဲတိုက်ခိုက်

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုရှိတယ်လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

၂ လနီးပါး ကြာခဲ့တဲ့ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေနဲ့ အလင်းဝင်သူတွေအပါ လက်နက် ၄၀၀ ကျော် သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်တွေ ၂ လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေနဲ့ အလင်းဝင်သူတွေအပါ လက်နက်မျိုးစုံ ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

TNLA ရဲ့ သီပေါမြို့အဝင်မုခ်ဦး ပြုပြင်ပြောင်းလဲမှုအပေါ် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC အပြင်းအထန် ကန့်ကွက်

ရှမ်းပြည်နယ်၊ သီပေါမြို့အဝင် မုခ်ဦးက ရှမ်းပြည်ကိုယ်စားပြု အမှတ်သရုပ်ကို တအာင်းတပ် (TNLA) က ပလောင်လူမျိုးအမှတ်သရုပ် ပြောင်းလဲလိုက်တဲ့အပေါ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) က ထုတ်ပြန်လာပါတယ်။ 
Read More

မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းကို AA တိုက်ခိုက်၊ စစ်သား ၂၀ ခန့်သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ…

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးက စစ်အုပ်စု တပ်မ (၉၉) လက်အောက်ခံ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား အလောင်း ၂၀ ခန့်နဲ့အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က မှတ်တမ်းရုပ်သံနဲ့အတူ ထုတ်ပြန်ထားပါတယ်။