မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အရပ်သားလူငယ်တွေကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်ရင်း မြို့ပေါ်မှာ ရမ်းကားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ညောင်ဦးမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်၊ အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး အရပ်သားတွေကို ရာနဲ့ချီ ဖမ်းဆီးနေ​ပြီးအမျိုးသားတွေကို စစ်တပ်ထဲပို့ဆောင်နေတာလို့ ​ညောင်ဦးမြို့နယ် ပကဖ တာဝန်ခံ ကိုဇီးက မောင်းကိုပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဥ် ၈ကို လုပ်ဆောင်ဖို့ကြိုးစားနေပြီး ​တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရှုံးနေတဲ့အတွက် အနယ်နယ် အရပ်ရပ်က  အမျိုးသားလူငယ်တွေကို ဖမ်းဆီးကာ စစ်အင်အားဖြည့်တင်းမှုတွေ အရှိန်မြှင့် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ 

“ကျနော်တို့ မြို့နယ်ထဲမှာတော့ ဆက်တိုက် ဆိုသလိုပေါ်တာ ဆွဲနေတာပါ။ အရင်လို ငွေပေး လူစားထိုး ထည့်လို့လည်း မရတော့ဘူးကြားတယ်။ တွေ့သမျှ အကုန် ဆွဲနေတာပေါ့နော်။ ပြည်သူ့စစ်၊  ရဲခွေး ၊ စစ်ခွေး၊ ထွေအုပ် အကုန်လုပ်နေကြတာပေါ့။” လို့ ညောင်ဦးမြို့နယ် ပကဖ တာဝန်ခံ ကိုဇီးက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ရက်နေ့ကလည်း ညောင်ဦး- မြင်းခြံလမ်းပေါ်က အရပ်သား၁၀၀နီးပါးကို စစ်ကောင်စီနဲ့ လက်အောက်ခံအစုအဖွဲ့တွေက အကြောင်းမဲ့ ဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ လက်ရှိအချိန်အထိ မိသားစုဝင်တွေနဲ့ အဆက်သွယ်မရသေးသလို အမျိုးသားတွေကိုတော့ မိတ္ထီလာစစ်တပ်ဆီ ပို့ဆောင်လိုက်တာတွေရှိတယ်လို့ သိရပါတယ်။

“အဓိက ညောင်ဦး မြင်းခြံ လမ်းမ ပေါ်ကနေ.. လာသမျှ ဆိုင်ကယ်တွေ ဖမ်းတာပေါ့။ အမျိုးသားရော အမျိုးသမီးတွေရော ပါသွားတယ်။ ပုလင်းရွာနားကနေ စဖမ်းတာပေါ့။ ၈ရက်နေ့ကလည်း လက်ပံခြေပေါ် နဲ့ မြင်းခြံ ကြားမှာ ရွာတွေထဲအထိ ဝင်ဆွဲတာရှိတယ်။ ကြားရသလောက် မိတ္ထိလာကတဆင့် တန့်ယန့်ဘက် သင်တန်းပေးပြီး ရှမ်းမြောက် ပို့မယ်လို့လည်း ကြားရတယ်ဗျ။” လို့ ညောင်ဦးမြို့နယ်ပကဖ တာဝန်ခံ ကိုဇီးက ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၉ရက်နေ့ကလည်း ပုဂံမြို့သစ်၊ မီတာရုံးနား လူငယ်တွေ ဖမ်းဆီးခံရတာမျိုးရှိကြောင်းနဲ့ ညောင်ဦးမြို့နယ်ကို စစ်ကောင်စီက  ညမထွက်ရ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။

” အခုဆို တစ်မြို့လုံးလည်း ပေါ်တာဆွဲခံရမှာ ကြောက်နေကြတယ်ပေါ့။ ည ဆို ၇နာရီကတည်းက လမ်းပေါ်မှာ လူမရှိတော့ပါဘူး။ နောက် ငါးသရောက်စျေးနားမှာလည်း ကောင်မလေးတစ်ယောက်ကို စခတစ်ကောင် ပါးကိုင်နားကိုင်လုပ်ပြီး သေနတ်ပြ ခြိမ်းခြောက်တယ်လို့ သိရတယ်ဗျ။” လို့ ညောင်ဦးမြို့နေ ပြည်သူ၁ယောက်က မောင်းကိုပြောပါတယ်။

ဒါ့အပြင် ​ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ညောင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စသုံးလုံးတွေနဲ့ပေါင်းပြီး ဓားပြတိုက်နေတဲ့ ခိုးဆိုးလုနိူက် တစ်ယောက်ကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းမိထားသေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘူးသီးတောင်မှာ ပျောက်ဆုံးနေတဲ့ အရပ်သားနှစ်ယောက်ရဲ့ အလောင်းကို AA ပြန်ရှာတွေ့

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အမှတ် (၂) ရပ်ကွက်က အရပ်သား နှစ်ယောက်ဖြစ်သူ အသက် ၆၇ နှစ်အရွယ် ဦးစံရွှေမောင်နဲ့ အသက် ၆၅ နှစ်အရွယ် ဦးမောင်မြအောင်တို့ရဲ့ အလောင်းတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း AA က ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တိုက်ပွဲ ပစ်ခတ်မှုများအတွင်း ဒေသခံ ၂ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ စစ်ကော်မရှင်တပ်နဲ့ KIA,KPDF တို့ရဲ့ နှစ်ဖက်ပစ်ခတ်တိုက်ပွဲအတွင်း ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

ပုလဲ မင်းတိုင်ပင်ရွာ အထက်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သား ၂ ယောက်သေဆုံး

"ပေါင် ၅၀၀ ဗုံးတွေဘာတွေတော့ မဟုတ်ဘူး။ ရော့ကတ်နဲ့ပစ်သွားတာ။ စာသင်ကျောင်းဆောင်တွေလည်း နှစ်ခြမ်းပြိုကုန်တယ်။ သစ်ပင်တွေဆို ထက်ပိုင်းပြတ်တယ်။ အိမ်တွေရောပဲ။ သေတာက ရော့ကတ်ထိပြီးချက်ချင်းသေတာ၁ယောက်၊ သွေးလန့်ပြီးသေတာ ၁ယောက်ပါ" လို့ ဒေသခံ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

စစ်အာဏာသိမ်း ၄ နှစ်တာအတွင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး ၂၈၀ ကျော် သေဆုံးခဲ့

စစ်အာဏာသိမ်း ၄နှစ်တာ ကာလအတွင်း စစ်ကောင်စီကြောင့်  ချင်းပြည်နယ်နဲ့ ပြည်နယ်ပြင်ပမှာရှိတဲ့ ချင်းတိုင်းရင်းသား ၂၈၀ ကျော် သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က အသိပေးထုတ်ပြန်ပါတယ်။
Read More

DJ Violet နှင့် မန်နေဂျာအပါ လူ၅ဦးကို ဗုဒ္ဓဘာသာအပေါ် အကြည်ညိုပျက်အောင်ပြုလုပ်မှုဖြင့် စစ်အုပ်စုအရေးယူထား၊ နိုင်ငံတဝန်း ဘုရားကျောင်းကန်များကို ဖျက်ဆီးနေသူများက ဗုဒ္ဓဘာသာကိုခုတုံးလုပ် အာဏာပြအရေးယူမှုဟု ဝေဖန်နေကြ

ကလပ်အတွင်း "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ"သီချင်းကို DJ တီးခတ်ဖျော်​ဖြေခဲ့တဲ့ DJ Violet နဲ့ မန်​နေဂျာဖြစ်သူ အပါ Cover Club တာဝန်ရှိသူတွေကို ဗုဒ္ဓဘာသာအပေါ် အကြည်ညိုပျက်အောင်ပြုလုပ်မှု ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်စစ်ဆေးထားတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးမြို့မရဲစခန်းမှ ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများ ယူလာပြီး မိသားစုနှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းက နယ်ထိန်း ဒုတပ်ကြပ် ရဲတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ က ဒီနေ့ ထုတ်ပြန်ပါတယ်။