မောင်တောမှာ နောက်ဆုံးကျန်နေတဲ့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၅) တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အရှင်ဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်ဖွဲ့၀င် ၄၅၀ ကျော်အထက် သေဆုံးခဲ့တယ်လို့  အာရက္ခတပ်တော် AA က ဒီဇင်ဘာလ ၁၀ ရက် ညပိုင်းမှ အသိပေးထုတ်ပြန်လိုက်ပါတယ်။

စကခ (၁၅) မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ ကိုယ်ရေးအရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အမြောက်အမြား ဖမ်းဆီးရမိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ကနဦး စစ်ရေးသတင်းတွေအရ ဗိုလ်မှူးချုပ် သူရိန်ထွန်းဟာ မောင်တောမြို့ကနေတဆင့် နတ်မြစ်အတွင်း ဖြတ်ကူးဖို့ ပြင်ဆင်နေချိန် သီဟိုခြံတစ်ခုအတွင်းမှာ AA တပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ AA ဘက်ကတော့ ဗိုလ်မှူးချုပ်ကို ဖမ်းဆီးရရှိမှုနဲ့ပတ်သက်ပြီး အသေးစိတ်ဖော်ပြလာခြင်း မရှိပါဘူး။

ဖမ်းဆီးခံရသူများကြားထဲတွေ့ရတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်း
ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် ဖမ်းဆီးခံရသူများ

တဆက်တည်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ RSO၊ ARSA၊ ARA နဲ့ အကြမ်းဖက်  စစ်ကောင်စီက သင်တန်းပေးထားတဲ့ အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို သုံ့ပန်းတွေအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ 

စစ်သုံ့ပန်းတွေနဲ့အတူ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း အမြောက်အမြား သိမ်းဆည်ရရှိခဲ့တယ်လို့ သိရပါတယ်။

ကာလရှည်ကြာ တိုက်ခဲ့ရတဲ့ မောင်တော နခခ (၅) တိုက်ပွဲမှာ AA ဘက်က စစ်ဗျူဟာနည်းလမ်းအမျိုးမျိုးကို အသုံးပြုတိုက်ခိုက်ခဲ့ပြီး အာရက္ခတပ်တော်ဘက်က ကျဆုံးခဲ့တဲ့ ရဲဘော်တွေကိုလည်း ဦးညွတ်ဂါရ၀ပြုတယ်လို့ ဖော်ပြထားပါတယ်။

နခခ (၅) ကို လွန်ခဲ့တဲ့ နှစ်လကတည်းက AA က ဝိုင်းရံပိတ်ဆို့ထားကာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။

ထိုးစစ်ရက်ပေါင်း (၅၅) ရက် ခန့်ကြာမြင့်ခဲ့ပြီး ဒီဇင်ဘာ ၈ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာပါ။

နခခ (၅) စခန်းဟာ  မောင်တောမြို့ရဲ့ မြို့သူကြီးရပ်ကွက်မှာ တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၀၀) ကျော် စခန်းချတပ်စွဲထားတဲ့ စခန်းကြီးတစ်ခုဖြစ်ပါတယ်။

စခန်းပတ်ပတ်လည်ကို သံဆူးကြိုး (၂) ထပ် ကာရံထားပြီး တစ်ခုနဲ့တစ်ခုအကြားမှာ သတ်ကွင်းတွေကို သေချာစွာပြင်ဆင်ထားကြောင်း၊ အချို့နေရာတွေမှာ ပေ (၂၀) လောက်ကျယ်တဲ့ ရေမြောင်းတွေ ဖောက်လုပ်ထားပြီး ဆူးချွန်တွေ ထောင်ထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၁၀၀ ကျော်လောက်ရှိတဲ့ ဘန်ကာအသေးအကြီးတွေနဲ့အတူ ခံစစ်ကို အထူးပြင်ဆင်ထားတဲ့ နခခ (၅)ကို လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူကြားကနေ AA က အချိန်နှစ်လနီးနီး တိုက်ခိုက်ခဲ့ရတာ ဖြစ်ပါတယ်။ 

နခခ(၅) ကို ရရှိပြီဖြစ်တာကြောင့် AA ဟာ ရခိုင်ပြည်မြောက်ပိုင်းမှာ မောင်တောမြို့ကို ထိန်းချုပ်လိုက်ပြီး ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုပါ အပြီးသတ်ထိန်းချုပ်ခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မကွေးတိုင်းအတွင်း ကျေးရွာအချို့ စက်တပ်လေထီး ဗုံးကြဲခံရမှုကြောင့် ဒေသခံ ၅ ဦး သေဆုံး

မကွေးတိုင်းအတွင်းရှိ ကျေးရွာတချို့ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က မနေ့က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ခြေဆေးရွာကို စစ်တပ် လေယာဉ်ဗုံးကြဲလို့ အမျိုးသမီး ၁ ယောက်သေဆုံးပြီး ကိုယ်ဝန်ဆောင်သည်အပါအဝင် ၂ယောက်စိုးရိမ်ရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နဲ့နွားထိုးကြီး အစပ်က ခြေဆေးကျေးရွာကို စစ်ကောင်စီက လေယာဥ်၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွာခံအမျိုးသမီး ၁ယောက်သေဆုံးကာ ကိုယ်ဝန်ဆောင်သည်အပါအဝင် အမျိုးသမီး​၂ယောက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၉၁ ဦး သေဆုံးခဲ့

နိုင်ငံတကာမှာ မျက်နှာသာရစေရေး အကျဉ်းသားလွှတ်ပေးမှုကို ဟန်ပြသရုပ်ဖော်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီက မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားပြည်သူ ၉၁ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည် ရေဘေးသင့်ပြည်သူတွေကို Loikaw Local PDF က စားနပ်ရိက္ခာတွေ သွားရောက်ထောက်ပံ့ကူညီ

Loikaw Local PDF ဟာ စက်တင်ဘာ ၁၆ ရက်က စလို့ ပြည်သူတွေဆီက ၅ ရက်တာ အလှူငွေ ကောက်ခံခဲ့ရာ ကျပ်သိန်း ၄၀ ရရှိခဲ့ပြီး ရေဘေးဒဏ်ခံစားနေရတဲ့ ကျေးရွာက အိမ်ထောင်စု ၁၀၂ စု စာကို ထောက်ံပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းတွေ ရေစီး၊ ရေလာ ကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းတွေ ရေစီး၊ရေလာကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူခရိုင်းအတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်ထဲက ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။