နိုင်ငံအတွက် စစ်မြေပြင်မှာ အသက်နဲ့လဲပြီး တာဝန်ထမ်းဆောင်ပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ် ၆၆ သင်တန်းဆင်းပွဲမှာ မင်းအောင်လှိုင်က အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

ပြင်ဦးလွင်စစ်တက္ကသိုလ်သင်တန်းဆင်းပွဲ တက်ရောက်ခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သင်တန်းဆင်း ဗိုလ်လောင်းတွေကို နိုင်ငံတကာစစ်ပွဲဆိုင်ရာဥပဒေတွေနဲ့ ထိတွေ့တိုက်ခိုက်တဲ့ စည်းမျဉ်းတွေ လိုက်နာဖို့လည်း ပြောကြားခဲ့ပါတယ်။

မြေပြင်မှာ စစ်ကြောင်းထိုး၊ အရပ်သားလူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး အကြောင်းမဲ့ ဖမ်းဆီးနေတဲ့ စစ်ကောင်စီက သင်တန်းဆင်းဗိုလ်လောင်းတွေကို နိုင်ငံတကာစည်းမျဉ်းတွေ လိုက်နာဖို့ မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။ 

အချိန်အခါမရွေး ၊ ဒေသမရွေး ၊ ရာသီဥတုမရွေး တာဝန်ထမ်းဆောင်ကြရမှာဖြစ်လို့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှုရှိကြဖို့လည်း မင်းအောင်လှိုင်က တိုက်တွန်းပြောကြားပါတယ်။ 

ဗိုလ်လောင်းသင်တန်းဆင်းတွေကို ရွေးကောက်ပွဲပြန်လည်ကျင်းပပေးမယ်လို့ ထည့်သွင်းပြောကြားခဲ့ ပြီး ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့အစိုးရကို နိုင်ငံတော် တာဝန်တွေလွှဲအပ်နိုင်ရေး ဆက်လက် လုပ်ဆောင်ရာမှာ ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားဖို့လည်း မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ရခိုင်ပြည်နယ် ဂွမြို့နဲ့ ဧရာဝတီတိုင်းထိစပ်နေတဲ့ နေရာက ဒေသခံတွေကို ပြောင်းရွှေ့ဖို့ အကြမ်းဖက်စစ်တပ် ဖိအားပေးနေ

ရခိုင်ပြည်နယ်ဂွမြို့နဲ့ ထိစပ်နေတဲ့ နေရာက ဒေသခံတွေကို စစ်ကောင်စီက အောက်တိုဘာလ ၂၁ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းထားလို့ ဒေသခံတချို့ပြောင်းရွှေ့ပေးနေရတယ်လို့ သိရပါတယ်။
Read More

ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့၏ အပတ်စဉ် (၄) စစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၄) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ဩဂုတ်လ ၁၅ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်နှင့် ရေဖြူက စစ်တပ်စစ်ဆေးရေးဂိတ်တွေကို ပစ်ခတ်တိုက်ခိုက်မှု ၅ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့က အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကို ပစ်ခတ်တိုက်ခိုက်ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တစ်မြို့ပြီးတစ်မြို့ လက်လွှတ်ဆုံးရှုံးရင်း Countdown ရေဦးမယ့် စစ်ကောင်စီ

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေက မြန်မာနိုင်ငံအနှံ့အပြား တော်လှန်ရေးတိုက်ပွဲတွေကို အောင်မြင်စွာ ဆင်နွှဲနေကြပါတယ်။ 
Read More

ရွှေဘိုတွင် စစ်တပ် မီးရှို့သတ်ဖြတ်မှုကြောင့် ရုပ်အလောင်း ၄ လောင်း တွေ့ရှိ၊ နေအိမ် ၂၀၀ နီးပါး ပြာကျခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သပြေသာရွာမှာ အကြမ်းဖက်စစ်တပ် မီးရှို့ သတ်ဖြတ်ထားတဲ့ ရုပ်အလောင်း ၄ လောင်းတွေ့ရှိပြီး စစ်ကောင်စီ တပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ နီးပါး ပြာကျခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်တပ်ရင်း (၂၈) မှ ရဲဘော် ကျော်ဇင်ငြိမ်း ကျဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၈) က  ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။