စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံ ပျူစောထီးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ ၃ ရက်ဆက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ YOUNG WOLF LOCAL PDF က ထုတ်ပြန်ထားပါတယ်။

ကြွယ်ပုံ ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့တွေက နိုဝင်ဘာလ ၂၉ ရက်ကနေ ဒီဇင်ဘာလ ၁ ရက်ထိ ၃ ရက်ဆက်တိုက် ဒရုန်း၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားတွေ ထိခိုက်သေဆုံးမှုရှိပေမယ့် အတိအကျကို စုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဆားတောင်မိုးကြိုးအဖွဲ့၊ ဆားတောင်မြို့ပြပျောက်ကျား GS အဖွဲ့နဲ့ Young Wolf (P.D.F) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

NUG ယာယီသမ္မတနှင့် KNU ဥက္ကဋ္ဌ တွေ့ဆုံ၊ နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်စေရန် ပူးပေါင်း လက်တွဲ လုပ်ဆောင်သွားရေး ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဖဒိုကွယ်ထူးဝင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ပြန်ထားပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်တွင် NUG မှ အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်း ပြုလုပ်၊ မသန်စွမ်းသူများပါ တက်ရောက်ဆွေးနွေးခဲ့

"သင်တန်းကနေ အကျိုးသက်ရောက်မှုတွေ၊အသိပညာတွေအများကြီး ရခဲ့ပါတယ်။ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးချိုးဖောက်မှု ပုံစံအမျိုးမျိုးကို သိရှိနားလည်လာခဲ့တာကြောင့် တခြား ဒေသတွေမှာလည်း ခုလိုပဲ ပြုလုပ်ပေးစေလိုပါတယ်’’ လို့ သင်တန်းတက်ရောက်လာတဲ့ သင်တန်းသားတစ်ယောက်က ပြောကြောင်း NUG ဝန်ကြီးဌာနက သတင်းဖော်ပြထားပါတယ်။
Read More

မွန်ပြည်တော်လှန်ရေးတပ်၏ နိုင်ငံရေးသင်တန်း

မွန်ပြည်တော်လှန်ရေးတပ်ရဲ့ နိုင်ငံရေးသင်တန်း အမှတ်စဥ် (၁/၂၀၂၅) ကို အောင်မြင်စွာ ပို့ချပြီးစီးခဲ့ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီ လေကြောင်းက ဆက်တိုက် ဗုံးကြဲနေ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းအဆက်မပြတ် အသုံးပြုနေကြောင်း မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမန်ထံက သိရပါတယ်။
Read More

နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရှိအောင် လုပ်ဆောင်မည်ဟု NUG အသိပေး

ကျန်းမာရေးဝန်ထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ နှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှုရရှိအောင် လုပ်ဆောင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး Profile ကမ်ပိန်းတွင် မိမိလုံခြုံရေး စိတ်ချရသူများ ပါဝင်ပေးကြရန် တိုက်တွန်း

စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို မြန်မာပြည်သူတွေ လက်မခံကြောင်း ကမ္ဘာက သိသာမြင်သာဖြစ်စေမယ့် လှုပ်ရှားမှုအဖြစ် Profile ကမ်ပိန်းပြုလုပ်နေပြီး မိမိလုံခြုံရေး စိတ်ချရသူတွေ ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။