ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက မယ်ဇလီ-ဆည်တော် ကြိုးတံတားက စစ်ကောင်စီဂိတ်စခန်းအပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းက မယ်ဇလီ-ဆည်တော် ကြိုးတံတားက ဆည်တော်ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ဂိတ်စခန်းက စစ်ကောင်စီတပ်သား ၃ ယောက်အနက် ၁ ယောက် ပွဲချင်းပြီး သေကာ ကျန် ၂ ယောက်က မယ်ဇလီဘက်ခြမ်း ဂိတ်စခန်းကို ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီထွက်ပြေးတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို လိုက်လံပစ်ခတ်ရာ ၁ ယောက် ထပ်မံသေဆုံးပြီး ကျန်တဲ့ ၁ ယောက်ကတော့ ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ဂိတ်စခန်းမှာ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားဆီက G 3 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၂၈ တောင့်၊ လက်ကိုင်ဖုန်း ၂ လုံးနဲ့ စစ်ဘက်သုံး ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သား အလောင်းတွေ လာရောက်ကောက်ယူတဲ့ အင်အား ၂၀ ခန့်ပါ အကြမ်းဖက်စစ်သားတွေကို အဲ့ဒီနေ့ နေ့လည်ပိုင်းမှာ အဝေးထိန်းမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ရာ ၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေကိုတော့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း၊ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း (ရေနံ့သာစစ်ကြောင်း) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပွင့်ဖြူမြို့နယ် တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်ဘေးရှောင်ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီ… (ဓာတ်ပုံသတင်း)

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတစ်ခုရှိ စစ်ဘေးရှောင်စခန်း တစ်ခုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ၊ နိုင်ငံရေးဌာန ရဲဘော်တွေက ဒီဇင်ဘာ ၂၅ ရက်က သွားရောက်ပြီး ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းဘူးမြို့အနောက်မြောက်ဘက် အိုးပြင်မဲရွာကို ခလရ ၈၈ စစ်ကြောင်း မီးဝင်ရှို့၊ နေအိမ်၂၀ ကျော် မီးလောင်ပျက်စီး

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ ခလရ ၈၈ အကြမ်းဖက်စစ်သားတွေက မြို့အနောက်မြောက်ဘက် အိုးပြင်မဲကျေးရွာကို စစ်ကြောင်းဝင်မီးရှို့ရာ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း မင်းဘူးခရိုင် ပကဖ ထောက်လှမ်းရေးက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ် မီးရှို့ခဲ့တဲ့ အိုမကျေးရွာ ဒေသခံတွေကို ကူညီထောက်ပံ့မှုပြုလုပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ အိုမကျေးရွာက နေအိမ် ၁၉အိမ်ကို ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်းက ထောက့်ပံငွေတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်ဟု ယူကေနှင့် ဩဇီသံရုံး ထုတ်ပြန်

“ဆက်လက်ဖြစ်ပွားနေသော အကျပ်အတည်းအတွက် ငြိမ်းချမ်းသည့် အဖြေရှာဖွေရာတွင် အတားအဆီးဖြစ်မည်ကို မိမိတို့ အထူးစိုးရိမ်ပါသည်။ လက်ရှိမြန်မာနိုင်ငံရှိ အခြေအနေသည် လွတ်လပ်၍ တရားမျှတပြီး လူတိုင်းအကျုံးဝင်သည့် ရွေးကောက်ပွဲကျင်းပရန်အတွက် လိုအပ်သည့်အရာများ မပြည့်စုံနေပါဘူး” လို့ သြစတြေးလျအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More

ရွာငံမြို့နယ် တောင်ပြိုကျမှုအတွင်း စစ်ရှောင်စခန်းတစ်ခု မြေကြီးထဲ နစ်မြုပ်သွား၊ ကလေးငယ်များအပါ ၁၀ ဦး သေဆုံးပြီး ၁ ဦးသာ အလောင်းပြန်ရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ တောင်ပြိုကျမှုအတွင်း စစ်ဘေးရှောင်စခန်း နစ်မြုပ်သွားရာ ကလေးငယ် ၃ ယောက် အပါအဝင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Danu State National Defence Army (DSNDA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတုန်းမှာ ကပစ ၁၂ က ထွက်လာသည့် စစ်တပ်ဖောကားနှင့် စစ်ကောင်စီစခန်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်က စစ်သားနှင့် ရဲ ၁၀ ဦးသေပြီး အရာရှိတွေအပါ အများအပြား ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ကျောက်တိုင်ဆေးရုံက စစ်ကောင်စီစခန်းနဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ - ကပစ ၁၂ က ထွက်လာတဲ့ စစ်တပ်ဖောကား ၁ စီးကို တိုက်ခိုက်ရာ စစ်သားနဲ့ ရဲ ၁၀ ယောက်သေဆုံးပြီး အရာရှိတွေအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်(USB Army) တာဝန်ခံ ကိုဗဟိန်းက မောင်းသတင်းဌာနကို ပြောပါတယ်။