ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဦး /ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDF/DSNDA) ရဲ့ အပတ်စဉ်(၃) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲမှာတော့ ဓနုပြည်နယ်အမျိုးသားအလံတော်ကို အလေးပြုခြင်း၊ သင်တန်းဆင်းရဲဘော်တွေ သစ္စာရေသောက်ခြင်း၊ သစ္စာအဓိဋ္ဌာန် ( ၄ )ချက်သီ‌ဆိုခြင်း ၊ (DSNDF/DSNDA) ဥက္ကဋ္ဌ မိန့်ခွန်းပြောကြားခြင်း၊ စစ်ဦးစီးချုပ် မိန့်ခွန်းပြောကြားခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် (DSNDF/DSNDA) ကော်မတီအဖွဲ့ဝင်တွေက သင်တန်းဆင်း ရဲဘော်တွေကို “စစ်ပညာသည် အာဏာရှင်ကိုတိုက်ထုတ်ရန်နဲ့ မတရားမှုကိုတွန်းလှန်ရန် ဖြစ်ပြီး မိမိတတ်မြောက်ထားသောစစ်ပညာဖြင့် ပြည်သူကိုတန်ဖိုးထားကာကွယ်ရန်အပြင် ကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများအားလိုက်နာရန် ၊အမိန့်နှင့်အာဏာကို ခွဲခြားသိမြင်စေရန်နှင့် တော်လှန်ရေးတွင် နေရာစွဲလူမျိုးစွဲများမထားရန်”တို့ကို ပြောကြားခဲ့သလို ရဲဘော်တွေရဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီမှုရှိတဲ့ တာဝန်တွေ ခွဲခြားပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအဖြစ်မှ ဦးကျော်ဇော် အနားယူ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း ဇွန်လနှင့် ဇူလိုင်လအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၁၀၃) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ဇွန်လနဲ့ ဇူလိုင်လအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေ​ကြောင့် အရပ်သားပြည်သူ (၁၀၃) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကလေးမှာ စစ်ကောင်စီတပ်တွေကို ရက်ဆက် မိုင်းခွဲဖို့ ကြိုးစားပေမယ့် ဘတ္ထရီလိုအပ်ချက်ကြောင့် မိုင်းမကွဲမှုတွေ ရှိနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ကာ ဂိတ်ထောင်ဆက်ကြေးကောက်ပေးနေသူကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး စစ်ကောင်စီတပ်တွေကို ရက်ဆက် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ကလေးခရိုင် မိုင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လက်ပံတန်းတွင် ကင်းပုန်းဝပ်နေသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သား ၂ဦး သေ

“သတင်းထောက်ဖို့သွားရင်း စခ ၂ကောင် ကင်းပုန်းဝပ်နေတာတွေ့ပြီး ပစ်သတ်ပြီးမှ ပုန်းနေတဲ့ ခွေးတွေက ပေါ်လာပြီး လက်နက်ကြီးနဲ့ ထုကြတာ။ စခ ၃၀ လောက်ရှိတယ်။ ရုတ်တရက်ဖြစ်သွားတဲ့ တိုက်ပွဲမို့ မှတ်တမ်းယူချိန် မရလိုက်ဘူး” လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

Gender တန်းတူညီမျှရေးဌာနနဲ့ ဗဟိုကျန်းမာရေးဌာန​ရဲ့ ဌာနမှူးတွေနဲ့ တာဝန်ခံတွေကို တရားဝင်ကျမ်းသစ္စာဆို ခန့်အပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ​ရဲ့ Gender တန်းတူညီမျှရေးဌာနနဲ့ ဗဟိုကျန်းမာရေးဌာနစတဲ့ ဌာနနှစ်ခု​ရဲ့ ဌာနမှူး၊ ဒုတိယဌာနမှူးနဲ့ တာဝန်ခံတွေကို တရားဝင်ကျမ်းသစ္စာကျိန်ဆိုကာ ခန့်အပ်တဲ့ အခမ်းအနားကို ဒီဇင်ဘာလ (၁၅) ရက် မနေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်မြို့တွင် TNLA နှင့် ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ဂေါ်ရခါးလူမျိုး ၈၄ ဦးကို အုပ်ထိန်းသူများထံ အပ်နှံ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တအာင်းတပ်မတော် (TNLA) နဲ့ ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ဂေါ်ရခါးလူမျိုး ၈၄ ယောက်ကို အုပ်ထိန်းသူတွေဆီ အပ်နှံခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။