ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်မှာ ရခိုင်ဒေသက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာသူ ၁၆ ယောက်ကို နိုဝင်ဘာလ ၂၈ရက်နေ့မှာ အကြမ်းဖက်စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ကလေးငယ် ၆ယောက်နဲ့အမျိုးသမီး ၅ယောက်ပါဝင်ပြီး သူတို့ဟာ ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်းကနေ စစ်ဘေးရှောင်ရင်း ထွက်ပြေးလာကြတာလို့ သိရပါတယ်။
“ဖမ်းဆီးခံရတဲ့သူတွေက ရခိုင်ပြည်နယ် တောင်ကုတ်ကလို့တော့ သိရတယ်။ ငါးသိုင်းချောင်းမြို့နယ် ရွှေယာဉ်ပျော်ကျေးရွာအနီးက တောအစပ်မှာ အကြမ်းဖက်စစ်တပ် ကင်းလှည့်တာနဲ့ တိုးပြီး အဖမ်းခံရတာ။ ဖမ်းဆီးခံရသူတွေထဲက အသက်၁၈ နှစ်၊ ၂၀ လောက်ရှိတဲ့ အမျိုးသား ၅ယောက်ကိုတော့ သီးသန့် စစ်ကားပေါ် တင်ခေါ်သွားတယ်” လို့ ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။
အဲဒီလူငယ်တွေကလွဲလို့ ကျန်တဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေကိုလည်း စစ်တပ်က စစ်ဆေးမေးမြန်းမှုတွေလုပ်ပြီး ထပ်မံခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းထဲမှာ ရခိုင်ပြည်နယ်ကနေ ဝင်ရောက်လာနိုင်တဲ့ ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းမှန်သမျှကို အကြမ်းဖက်စစ်တပ်က လုံခြုံရေးတိုးမြှင့်ထားပြီး မြို့နယ်တချို့မှာ ညတိုင်း ဧည့်စာရင်းစစ်ကာ တင်းကြပ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ပုံစာ – ရခိုင်ဒေသက စစ်ဘေးရှောင်ပြည်သူတွေတချို့ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

လောင်းလုံးမှာ ဖမ်းမိတဲ့ သန်းခေါင်စာရင်းကောက်ဝန်ထမ်းတွေကို အရေးယူနိုင်ဖို့ မြို့နယ်ပအဖထံ အပ်နှံ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာဖမ်းဆီးထိန်းသိမ်းထားတဲ့ သန်းခေါင်စာရင်းကောက်ခံသူ စစ်ကောင်စီဝန်ထမ်း ၉ယောက်ကို ဥပဒေအတိုင်းဆက်လက်လုပ်ဆောင်နိုင်ဖို့ လောင်းလုံးမြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံ လွှဲပြောင်းအပ်နှံထားကြောင်း သိရပါတယ်။
Read More

ရေဦးမြို့က စစ်ကောင်စီတပ်ရဲ့ ဂါဝီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဂါဝီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

စလင်းမြို့နယ်ဘက် တင့်ကား ၄ စီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၇ ဦး ဒဏ်ရာရ၊ ၂ ဦး အရှင်ဖမ်းမိ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ဘက်ကို တင့်ကား ၄ စီး နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ယာဉ်တန်းကို ဇွန်လ ၁၄ ရက်နေ့မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်မှာ ထိခိုက်သေဆုံးသူတွေရှိသလို အရှင်ဖမ်းဆီးရမိတာတွေလည်း ရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် − ၅ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် မီးဘေးသင့် ပြည်သူများကို ကျန်းမာရေးအသိပညာပေးကာ ချို့တဲ့သူများကို ငွေကြေးထောက်ပံ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် မီးဘေးသင့် ပြည်သူတွေကို အလှူရှင်တွေကိုယ်စား ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ကျန်းမာရေး အသိပညာပေး ဟောပြောပေးခြင်း၊ အခမဲ့ဆေးဝါးကုသမှုပေးခြင်း၊ ငွေကြေးထောက်ပံ့မှုပေးခြင်းတွေကို သွားရောက် ခွန်အားပေးရင်း ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

“Hope & Resilience” Photo Exhibition ဒုဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်…

နွေဦးတော်လှန်ရေး လေးနှစ်ပြည့်အဖြစ် ဖေဖော်ဝါရီလ ၁ ရက် ဒီနေ့မှာ "Hope & Resilience" လေးနှစ်တာကာလ မြန်မာ့ဒီမိုကရေစီခရီးလမ်း မှတ်တမ်းဓါတ်ပုံပြပွဲကို ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Mulgrave community center မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့တွင် အင်အားထောင်ချီသည့် စစ်တပ်ထိုးစစ်ကြောင့် ​အရပ်ဖက်ဆိုင်ရာ စီမံအုပ်ချုပ်မှုရုံးလုပ်ငန်းများကို လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ထားဟု TNLA ဆို၊ မေလမှ ဇူလိုင်လလယ်အထိ နောင်ချိုတွင် ၃၁၉ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့

ပြီးခဲ့တဲ့ မေလက စလို့ ဇူလိုင်လလယ်ပိုင်းအထိ စစ်ကောင်စီတပ်က နောင်ချိုမြို့တွင်းနဲ့ နောင်ချိုမြို့အနီးရှိ ကျေးရွာတွေကို ဦးတည်ပြီး မြေပြင်မှာ အင်အားအလုံးအရင်းဖြည့်တင်းကာ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်း၊ အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်ခြင်းတွေ နေ့စဉ်ပြုလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။