မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်​ဂေါမြို့နယ်မှာ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာ ၆ယောက်ထက်မနည်းထိခိုက်သွားကြောင်း ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
နိုဝင်ဘာ ၂၉ရက်၊ ညနေပိုင်းက မြောက်ခင်ရန်း ပျူစောထီးကျေးရွာကနေ တောင်ဘက် သက်တော၊ ရွှေဘို၊ တောင်ခင်ရန်းစတဲ့ ကျေးရွာတွေဆီ စစ်ကြောင်းထိုးလာတဲ့ အင်အား၄၀ ခန့်ပါ အကြမ်းဖက်စစ်အုပ်စုကို ဂန့်ဂေါခရိုင်တပ်ရင်းတွေက ဒေသအခေါ် ခြောက်လောင်းကွေ့နားအရောက်မှာ ဒရုန်းနဲ့ဗုံးသီးတွေချရင်း တိုက်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“သူတို့တွေ (စစ်အုပ်စု) မြောက်ခင်ရန်းကျေးရွာ တောင်ဘက် ဒေသအခေါ် ခြောက်လောင်းကွေ့နားမှာ ရပ်နားတုန်း Fixed Wings နဲ့ ဗုံးသီး ၂လုံးကြဲချခဲ့တာပါ။ မြေပြင်တပ်ဖွဲ့တွေကလည်း တိုက်မိုင်းတွေ လက်နက်ငယ်တွေ သုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။ ၆ ယောက်ထက်မနည်း ထိခိုက်သွားတယ်လို့တော့ ကနဦးသိထားရတယ်။” လို့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ဂန့်​ဂေါခရိုင် ဒရုန်းတပ်ရင်းနဲ့အတူ ဂန့်​ဂေါခရိုင် အမှတ် ၁၊ ၇၊ ၁၁၊ ၁၂ ၊ ၁၄ ၊ ၁၉ စတဲ့ တပ်ရင်းတွေက ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အထိနာသွားတဲ့ စစ်အုပ်စုတွေဘက်ကလည်း တော်လှန်ရေးတပ်တွေရှိရာကို ၈၁ မမလက်နက်ကြီး၊ ဒရုန်းနဲ့ လက်နက်ငယ်တွေအသုံးပြုပြီး ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၃၀ရက်နေ့ကလည်း မြစ်သာမြစ်အရှေ့ဘက်ကမ်း၊ ကလေးမြို့နယ်တောင်ပိုင်းက လယ်ကြီး၊ ကျောက်ပြုတ်နဲ့ ဝင်ဝစတဲ့ ​ရွာတွေကနေ ဂန့်ဂေါနယ်၊ မြောက်ခင်ရန်းရွာဆီ ပျူစောထီးအင်အားတွေ ဖြည့်တင်းခဲ့တယ်လို့ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၁ရက်၊ ဒီနေ့မနက်အစောပိုင်းကစလို့ မြောက်ခင်ရန်းရွာ စစ်အုပ်စုတွေက အင်အား၃၀၀ နီးပါးနဲ့ အာရှလမ်းမကြီးပေါ်ကတဆင့် လက်နက်ကြီးတွေပစ်ခတ်ရင်း စစ်ကြောင်းဝင်ရောက်လာနေတဲ့အတွက် ရွှေဘို ၊ သင်တော ၊ ရေသာ နဲ့ တောင်ခင်ရန်းရွာတွေမှာ စစ်ကြောင်းအန္တရာယ်ရှိနေတယ်လို့ ယောအလင်းတန်းအဖွဲ့က သတိပေးထားပါတယ်။
ပုံစာ – ဂန့်ဂေါခရိုင် ဒရုန်းတပ်ရင်းရဲ့ ဒရုန်းစစ်ဆင်ရေးတစ်ခု (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွန်းအားပေးနေသည့် နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ သဘောထားအပေါ် လေးနက်စွာ ဆန်းစစ်ကြရန် ယာယီသမ္မတ တိုက်တွန်း၊ မည်သည့်စစ်အုပ်ချုပ်ရေးမျိုးနှင့်မဆို တိုင်းပြည် မဖွံ့ဖြိုး၊ ​မတိုးတက်နိုင် ဆိုသည်ကို စစ်ကောင်စီ နားလည်ရန်လိုဟု ဆို

ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီ တွန်းပို့နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ်ထားတဲ့ သဘောထားကို လေးနက်စွာ ဆန်းစစ်သုံးသပ်ဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ဗဟန်းမြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးများ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ ဗဟန်းရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း KNU ရဲ့ ခရိုင်တာဝန်ရှိသူတွေနဲ့ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP)တို့က စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး - KNU ရဲ့ ခရိုင်တာဝန်ရှိသူတွေနဲ့ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP)တို့က စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်သားတွေလိုက်ပါလာတဲ့ ခွေးဘီလူးကား မြင်းခြံ အနိမ့်လမ်းပေါ်မှာ မိုင်းဆွဲခံရပြီး ၂ ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ခွေးဘီလူးကားကို မိုင်းဆွဲတိုက်ခိုက်ရင်း လေကြောင်းဒဏ်သင့်ပြည်သူတွေအတွက် သွေးကြွေးဆပ်ခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

လျှပ်စစ်မီးပင် လုံလောက်စွာ မပေးနိုင်တဲ့ မင်းအောင်လှိုင်က တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် AI နည်းပညာကို အသုံးပြုရမယ်လို့ဆို

တိုင်းပြည်ကို လျှပ်စစ်မီးပင် လုံလောက်စွာ မပေးနိုင်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် AI နည်းပညာနဲ့ တိုင်းပြည်ရဲ့ဖွံ့ဖြိုးရေးမှာ အသုံးချရမယ်လို့ ပြောကြားလိုက်ပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ်(ACDF) အခြေခံစစ်သင်တန်း အပတ်စဉ်(၆) သင်တန်းဆင်းပွဲနှင့်သစ္စာရေသောက် အခမ်းအနား

အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အပတ်စဉ်(၆) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၁၀) ရက်က (ACDF) နောက်တန်း‌လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။