မအူပင်မြို့၊ အမှတ် ၁ရပ်ကွက် မြို့အဝင်တံတားပေါ် မှာ ယာဥ်မတော်တဆဖြစ်ပြီး၊ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူမှာ ဧရာဝတီတိုင်း၊ မအူပင်မြို့ အမှတ် ၁၀ရပ်ကွက်က Non-CDM မြေတိုင်းစာရေးတစ်ဦးဖြစ်ပြီး၊ နိုဝင်ဘာလ ၂၉ရက်နေ့ ညနေ ၆နာရီ၃၀ မိနစ်ခန့်က သူစီးလာတဲ့ဆိုင်ကယ်နဲ့ ကားတစ်စီး တံတားပေါ်မှာ တိုက်မိကာ သေဆုံးသွားတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မအူပင်မြို့မှာက Non-CDM တွေကအစဥ်ပြေတာများတယ်လေ၊ မြေစာရင်းဌာနကဆိုတော့ ပိုအစဥ်ပြေတာပေါ့၊ ခုလည်းအရက်မူးပြီး Taxi ကားနဲ့ မျက်နှာချင်းဆိုင်ဝင်တိုက်ပြီး သေဆုံးသွားတာ” လို့ သေဆုံးသူ မြေတိုင်းစာရေး အောင်ကျော်စိုးဦးနဲ့ ရင်းနှီးသူတစ်ဦးက မောင်းကိုပြောပါတယ်။
မအူပင်တံတားပေါ်မှာ လူငယ်တွေ အုပ်စုဖွဲ့ပြီး အရက်သောက်စားလေ့ရှိပြီး၊ ဆိုင်ကယ်မတော်တဆမှုတွေ ခဏခဏဖြစ်လေ့ရှိတယ်လို့လည်း ၄င်းက ဆက်ပြောပါတယ်။
မအူပင်မြို့တံတားအဆင်းမှာရှိတဲ့ တိုးဂိတ်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်က ဂိတ်ချပြီး ငွေကြေးကောက်ခံတာတွေ ပြုလုပ်လေ့ရှိပြီး၊ အဆိုပါဂိတ်အနီးနားမှာ ယာဥ်မတော်တဆမှုတွေ ဖြစ်လေ့ရှိပြီး၊ ယာဥ်တိုက်မှုကြောင့် သေဆုံးခဲ့သူ ၁၀ ဦးထက်မနည်းရှိနေပြီဖြစ်ကြောင်း မအူပင်မြို့နေထိုင်သူတွေဆီကနေ သိရပါတယ်။
0 Shares:
You May Also Like
Read More

ချောက်တွင် ပေါ်တာဆွဲခံရသည့် ကိုရီးယားဘာသာစကားသင်တန်းကျောင်းမှ လူငယ်များအား စစ်တပ်မှ ငွေကျပ်သိန်း ၇၀ အထိ တောင်းပြီး ပြန်လွှတ်…

"ဖမ်းဆီးခံရတဲ့လူငယ် ၁၃ယောက်မှာ (စက်တင်ဘာလ) ၄ ရက်နေ့ ညနေပိုင်းက ၉ ယောက် ပြန်လွတ်လာတယ်။ ၅ ရက်နေ့ နေ့လည်ပိုင်းကျ ၄ယောက် ပြန်လွတ်လာတယ်တယ် ။ လူငယ်တွေကို သူတို့မိဘတွေက ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ ခံဝန်ကတိတွေ ထိုးပြီး ငွေကျပ်သိန်း ၆၀၊ ၇၀နဲ့ သွားရောက်ရွေးခဲ့ရပါတယ်။ မိဘတွေမှာ ရှာကြံ ချေးငှားပေးရတာပေါ့။" လို့ ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စဥ့်ကူးတွင် စစ်ဘေးရှောင်များနေထိုင်သည့် စာသင်ကျောင်းကို စစ်တပ်လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၅ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်ကောင်စီက ဖိအားတချို့ကြောင့် အပေါ်ယံသာ နှိမ်နင်းပြနေတယ်လို့ NUG ပြော၊ ကျားဖြန့်ဂိုဏ်းတွေမှာ စစ်ဗိုလ်ချုပ်အချို့ရဲ့ အကျိုးစီးပွါးတွေပါ၀င် ဆက်နွယ်နေ

ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းတွေကို စစ်ကောင်စီက နိုင်ငံတကာရဲ့ ဖိအားကြောင့် အပေါ်ယံသာ နှိမ်နင်းပြနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။
Read More

ကျောင်းသားတပ်မတော် ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့်အဖွဲ့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် တွေ့ဆုံ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) - ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုတိယ ဥက္ကဋ္ဌ ရဲဘော် လဆိုင်းနဲ့ ဗဟိုစစ်ကော်မရှင် အတွင်းရေးမှူး ရဲဘော်လှဌေး တို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ တွေ့ဆုံခဲ့တယ်လို့ ABSDF က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကော်မရှင်တပ် ဒုတပ်ကြပ် လက်နက်နှင့်တကွ ယောကာကွယ်ရေးတပ်ထံ အလင်းဝင်

မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ စစ်ကော်မရှင်ရဲ့ ခလရ (၅၀) တပ်က ဒုတပ်ကြပ်တစ်ယောက်ဟာ ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးထံ လက်နက်တွေ ယူဆောင်ကာ အလင်းဝင်ရောက်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အထက်မင်းလှ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အပတ်စဥ် /၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းအခြေစိုက် အထက်မင်းလှ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အပတ်စဥ် /၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၀ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။