MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ အဆင်ပြေလွယ်ကူစေဖို့ ရေရှည်အစီအမံတွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ နိုဝင်ဘာ ၂၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
လားရှိုးမြို့ကို သိမ်းပိုက်ထားတဲ့ MNDAA က မြို့နေပြည်သူတွေ စားနပ်ရိက္ခာနဲ့ ကုန်စည်ဝယ်ယူမှုတွေမှာ ကုန်ကျစရိတ် သက်သာစေဖို့ MNDAA ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ကြိုတင်ပြင်ဆင်လာတာ ဖြစ်ပါတယ်။
အထူးဒေသ(၁) လားရှိုးမြို့က တာဝန်ရှိသူတွေဟာ ဈေးတာဝန်ခံတွေ၊ ဈေးသူဈေးသားတွေနဲ့ တွေ့ဆုံပြီး အခြေခံစားသောက်ကုန်ဈေးနှုန်း ညှိနှိုင်းစည်းဝေးပွဲ ပြုလုပ်ခဲ့တာပါ။
လားရှိုးမြို့ပြန်လည်‌ထူထောင်ရေးကာလအတွင်း ကုန်ဈေးနှုန်းကြီးခြင်းတွေကြောင့် ဒေသခံပြည်သူတွေ စားဝတ်နေရေးခက်ခဲရမှုအပေါ် အခြေခံစားသောက်ကုန်တွေထဲက အသားငါးဈေးကြီးမှုကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး တွေ့ဆုံအစည်းအဝေး ဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
လားရှိုးမြို့မှာ MNDAA က ဒေသန္တရအုပ်ချုပ်ရေးတွေ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်ပြီဖြစ်ကာ မြို့နေပြည်သူလူထု စီးပွါးရေးလုပ်ငန်းတွေကို အရှိန်အဟုန်မပြတ် လည်ပတ်စေဖို့ ဆောင်ရွက်နေတယ်လို့လည်း MNDAA က အသိပေးပါတယ်။
တရုတ်အစိုးရက MNDAA ကို ပိတ်ဆို့မှု၊ ခြိမ်းခြောက်မှု ပုံစံမျိုးစုံ ပြုလုပ်ကာ လားရှိုးအပါအဝင် သိမ်းပိုက်နယ်မြေတချို့ကို ပြန်လည် လက်လွှတ်စေဖို့ ဖိအားပေးနေချိန်မှာပဲ MNDAA က မြို့ကို ကောင်းမွန်စွာ လည်ပတ်နိုင်အောင် ဆောင်ရွက်နေကြောင်း ပြောကြားထားတာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်းကနေ ရခိုင်ပြည်ကို ပို့တဲ့ အကြမ်းဖက် စစ်တပ်ယာဥ်တန်း လမ်းမှာကားမှောက်ပြီး စစ်သား ၆ ယောက် သေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

TNLA စိုးမိုးနယ်မြေများအတွင်း ငလျင်ဘေးသင့် ပြည်သူများအတွက် ကျပ်သိန်းပေါင်း (၄၀၀၀)ကျော် အလှူငွေကောက်ခံရရှိခဲ့…

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုးကုတ်၊ ကျောက်မဲမြို့နယ်တို့မှာ အင်အားပြင်း ငလျင်ဒဏ်သင့် ပြည်သူတွေ အတွက် ကော်မတီဖွဲ့စည်းပြီး အလှူခံဌာနဖွင့်လှစ်ရာ ကျပ်သိန်းပေါင်း (၄၀၀၀)ကျော် ကောက်ခံရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပန်ဝါ နယ်ခြားစောင့်တပ်ထံက လက်နက်ခဲယမ်းမျိုးစုံ ၁၀၀ ကျော်ကို သိမ်းဆည်းရရှိ

ကချင်ပြည်နယ် ပန်ဝါဒေသက  စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) -၁၀၀၂ တပ်ဌာနချုပ်ကို KIA က တိုက်ခိုက်သိမ်းပိုက်မှုအပြီး လက်နက်ခဲယမ်းမျိုးစုံ ၁၀၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေက ဖော်ပြလာပါတယ်။
Read More

စလင်းမြို့နယ်မှာ သံချပ်ကာယာဥ်တွေ ပါဝင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၂ ဦး သေ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ သံချပ်ကာယာဥ်တွေ ပါဝင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဗမာ့တပ်တော်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာကို စစ်ကော်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ်က မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNO ပြည်သူ့စစ်က ကျေးရွာကို မီးရှို့ခဲ့တဲ့ ရုပ်သံ မှတ်တမ်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံး ပကဖ က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့် အလေးပြုအခမ်းအနား ပြုလုပ်…

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။