ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးဟာ ကချင်ပြည်နယ်တစ်နေရာမှာ နာမကျန်းဖြစ်ပြီး ကွယ်လွန်ခဲ့ရပါတယ်။
ရ၀မ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးချန်းဆင်ဇီ (ခ) ချန်းဂျော်ရမ်ဟာ တရုတ်ပြည်နယ်စပ် ချီဖွေမြို့နယ် ဖီမော်ကျေးရွာမှာ နိုဝင်ဘာ ၂၇ ရက်နေ့ည ၁၀ နာရီကျော်က နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားခဲ့ရခြင်း ဖြစ်ပါတယ်။
ချန်းဂျော်ရမ်ဟာ ပန်းနာရင်ကြပ်ရောဂါ အခံရှိသူဖြစ်ပြီး တိုက်ပွဲကာလအတွင်း ရာသီဥတုဆိုးရွားနေတာကြောင့် ဆေးဝါးကုသချိန်မရဘဲ ဆုံးပါးသွားခဲ့ရတာပါ။
ချန်းဆင်ဇီ (ခ) ချန်းဂျော်ရမ်ဟာ ချီဖွေ၊ ဆော့လော်၊ လန်ဆယ် တိုက်ပွဲတွေမှာ ပါဝင်ခဲ့သူဖြစ်ပြီး ရှေ့တန်းမှာ ကျန်းမာရေးဆိုးရွားလာတာကြောင့် လိုင်ဇာကိုပြန်ပြီးဆေးကုသဖို့ အချိန်မမှီလိုက်ဘဲ ကွယ်လွန်ခဲ့ရတာပါ။
ချန်းဂျော်ရမ်ဟာ အာဏာသိမ်းပြီးနောက် တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်နေသူ၊ ရဝမ်တိုင်းရင်းသားတွေအတွက် လေးစားစံထားရသူတစ်ယောက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
0 Shares:
You May Also Like
Read More

မောင်ရွှေလေးလို ရေတပ်စခန်းကြီးကို လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက ပင်လယ်ပြင်လေ့ကျင့်ခန်း လုပ်ဦးမယ်လို့ ဆိုပြန်

အာရက္ခတပ်တော် AA ရဲ့ တိုက်ခိုက်မှုကြောင့် ရေတပ်စခန်းတွေကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီရေတပ်က ပင်လယ်ပြင်လေ့ကျင့်ခန်းကို ၄ ရက်ကြာ ပြုလုပ်မယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲအတုကို လက်မခံကြောင်း အမေရိကန်ရောက် မြန်မာများ အိမ်ဖြူတော်ရှေ့ ဆန္ဒပြ

အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း အမေရိကန်နိုင်ငံရောက် မြန်မာတွေက နိုဝင်ဘာ ၂၂ ရက်မှာ သမ္မတရဲ့ အိမ်ဖြူတော်ရှေ့မှာ သွားရောက်ဆန္ဒပြခဲ့ပါတယ်။
Read More

စေတုတ္ထရာတွင် စစ်ကြောင်း ၂ ခု ညှပ်ထိုးသည့် စစ်ကောင်စီကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခုခံတိုက်ခိုက်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္ထရာမြို့နယ်မှာ လက်နက်ကြီးတွေပစ်ခတ်ရင်း စစ်ကြောင်းညှပ်ထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ခိုက်ခဲ့တယ်လို့ စေတုတ္ထရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်က စစ်ဒေသအသီးသီးတွင် ၆၃ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်ခဲ့

(၆၃) နှစ်‌မြောက် ဆဲဗင်းဂျူလိုင်နေ့ အောက်မေ့ဖွယ်အခမ်းအနားကို ဇူလိုင်လ (၇)ရက် မနေ့က ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ဌာနချုပ်နယ်မြေနဲ့ စစ်ဒေသအသီးသီးမှာ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

CDF – KKG တပ်ရင်း (၇) ရဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force - Kalay-Kabaw-Gangaw, CDF - KKG တပ်ရင်း (၇) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြည်သူ ၂ ယောက် ဒဏ်ရာရပြီး နေအိမ် ၂ လုံး ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြည်သူ ၂ ယောက် ဒဏ်ရာရပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။