ဧရာဝတီတိုင်း မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်းတွေကို ထောက်ပံ့ဖို့ဆိုပြီး ရပ်ကွက်အတွင်း နေထိုင်သူတွေဆီကလစဉ် ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေကြောင်း ဖျာပုံမြို့ နေထိုင်သူတွေဆီက သိရပါတယ်။
စစ်မှုထမ်းစာရင်းထဲ မပါတဲ့သူကော ပါသွားတဲ့သူတွေကော လစဥ် ငွေထည့်ဝင်ပေးနေရတာပါ။ စစ်မှုထမ်းဖို့ သင်တန်းအပို့ခံရသူတွေရဲ့ မိသားစုဝင်တွေကို တစ်လ တစ်သောင်းကျပ် ထည့်ခိုင်းပြီး စစ်မှုထမ်း မလုပ်နိုင်သူတွေက လစဥ် ကျပ် ၁သိန်းကနေ ၃သိန်းအထိ ထည့်ဝင်ပေးနေရတယ်လို့ သိရပါတယ်။
“အစည်းဝေးခေါ်ပြီး တရားဝင်ပြောတာ။ လစဥ် ထည့်ပေးရမယ်။ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းနေသူတွေကို ထောက်ပံ့ဖို့ ကောက်တာ မထည့်နိုင်တဲ့သူ ရပ်ကွက်ထဲမှာမနေနဲ့။ အခြားနေရာပြောင်းနေဆိုပြီး အမှတ် ၁၂ရပ်ကွက် အုပ်ချုပ်ရေးမှူး သန့်ဇင် (ခ) ကုလားကြီးဆိုတဲ့လူက အုပ်ချုပ်ရေးမှူးရုံးမှာအစည်းဝေးလုပ်ပြီးပြောတာ” လို့ အမည်မဖော်လိုတဲ့ ရပ်ကွက်နေပြည်သူတစ်ယောက်က မောင်းကိုပြောပါတယ်။
နိုဝင်ဘာလ ၂၂ရက် ညပိုင်းက စစ်မှုထမ်းထောက်ပံ့ရေး အစည်းအဝေးဆိုပြီး ရပ်ကွက်ထဲ နေထိုင်သူတွေကိုခေါ်ပြီးအစည်းဝေးမှာ တရားဝင်ထုတ်ပြောခဲ့တာဖြစ်တယ်လို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
ဖျာပုံမြို့မှာ မြို့ပေါ်ရပ်ကွက် ၁၂ရပ်ကွက်ရှိပြီး ရပ်ကွက်တိုင်းလိုလိုမှာ စစ်မှုထမ်းတွေအတွက် ထောက်ပံ့ကြေးပေးရန်ခေါင်းစဥ်နဲ့ အစည်းဝေးတွေပြုလုပ်ကာ အိမ်ထောင်စုအလိုက် ငွေကြေးခွဲတမ်း ထည့်ဝင်ပေးနေရတယ်လို့ သိရပါတယ်။ ငွေကြေးအဆင်မပြေလို့ မထည့်ဝင်နိုင်သူတွေကို တရားမဝင် စစ်မှုထမ်းဥပဒေ သုံးပြီး ခြိမ်းခြောက်မှုတွေ ရှိတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
ပုံစာ – ဧရာဝတီတိုင်း အပတ်စဉ် (၇) စစ်မှုထမ်း သင်တန်းသားများ
0 Shares:
You May Also Like
Read More

မိုးကုတ်မြို့တွင် အကြမ်းဖက်စစ်တပ် ကြက်ခြံကိုပါ လေကြောင်းမှ ဗုံးများ ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ဘုရားသုံးဆူကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၉ နှစ်အရွယ် ကလေးငယ်အပါ ၁၂ ယောက်သေဆုံးခဲ့တဲ့ ငါန်းမြာကြီးရွာကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်လာပါတယ်။
Read More

ရန်ကုန်တိုင်းတွင် မေလအတွင်း အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို လုပ်ကြံရှင်းလင်းမှုအပါ စစ်ရေးဖော်ဆောင်မှု ၈ ကြိမ် လုပ်ဆောင်ခဲ့

ရန်ကုန်တိုင်းမှာ မေလအတွင်း အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို လုပ်ကြံရှင်းလင်းမှုအပါအဝင် စစ်ရေးဖော်ဆောင်မှု ၈ ကြိမ် ရှိခဲ့တယ်လို့ Operation Flame အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေကျင်မှာ စစ်ကောင်စီက ပြည်သူ ၁ ယောက်ကို ရှင်းလင်းကာ ပြည်သူအယောက် ၅၀ ခန့်ကို လူသားဒိုင်းလုပ်ပြီး ဖမ်းဆီးထား

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မင်းလမ်းသံဆိပ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ရောက်လာကာ ပြည်သူအယောက် ၅၀ ခန့်ကို လူသားဒိုင်းလုပ်ကာ ဖမ်းဆီးထားတယ်လို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့အတွက် ကျေးရွာလူထုက တပ်ရိက္ခာ ဟင်းသီးဟင်းရွက်တွေ ကူညီထောက်ပံ့ လှူဒါန်း… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအတွင်း အခြေစိုက်ကာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (YRF) က တော်လှန်ရဲဘော်တွေအတွက် ကျေးရွာလူထုက တပ်ရိက္ခာ ဟင်းသီးဟင်းရွက်တွေ ကူညီထောက်ပံ့ လှူဒါန်းပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။