မကွေးတိုင်း ၊ မင်းတုန်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ် ညအိပ်စခန်းချနေချိန် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်က စစ်သား ၃၀ ခန့် သေဆုံးပြီး စစ်သုံ့ပန်း ၁ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာ ၊ ငှက်ပျင်းကျေးရွာ၊ မြောက်ပြင်ကျေးရွာနဲ့ ကြိုးဝကျေးရွာတွေကို နိုဝင်ဘာ ၁၈ ရက်မှာ စတင် စစ်ကြောင်းထိုးနေခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ ၁၂ (သရက်)၊ ကပစ ၁၈ (တောင်တွင်းကြီး) ၊ ခလရ ၄၄ (သရက်)၊ တပ်မ ၈၈ (မကွေး) နဲ့ မင်းတုန်းမြို့နယ် ပျူခေါင်းဆောင် ဖိုးပြားတပည့် ပျူ (၅) ယောက်အပါ အင်အား (၁၀၀)ခန့် စစ်ကြောင်းရဲ့ ကြိုးဝကျေးရွာအနီး သူတို့ ညအိပ်စခန်းချရာနေရာကို နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်ချိန် မိနစ် (၄၀) ခန့်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား (၃၀) ခန့် ကျဆုံးပြီး ကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကြောင်းပျက်ကာ ကစဉ့်ကလျား ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
“သူတို့ (စစ်တပ်) က လက်နက်ကြီးအထိုင်ချထားတဲ့ မင်းတုန်းမြို့အဝင် ငါးမိုင်ဂိတ်နဲ့ ​၅မိုင်အကွာ ကြိုးဝရွာ ပတ်ဝန်းကျင်မှာ စခန်းချတပ်စွဲနေတယ်ပေါ့။ အဲ့ဒါ ကျနော်တို့က ၂၆ရက်နေ့ မနက်၆နာရီမှာ အလစ်အငိုက် ဝင်တိုက်ခဲ့တာပေါ့နော်။ ကျနော်တို့ လက်ဦးမှုရယူနိုင်ခဲ့တော့ သူတို့ ချက်ချင်းမတုံ့ပြန်နိုင်ဘဲ ဖရိုဖရဲဖြစ်သွားတယ်ပေါ့။ တပ်စု ၁စုစာလောက် သေပြီး ကျန်တဲ့သူတွေလည်း ကစဉ့်ကလျားနဲ့ ထွက်ပြေးကုန်ကြတယ်ပေါ့။ သူတို့ညအိပ်စခန်းချရာအထိ ဝင်ရောက်နိုင်ခဲ့ပေမယ့် လက်နက်ကြီးပစ်ကူပေးတဲ့ ငါးမိုင်ဂိတ်နဲ့ နီးတာရယ် စစ်ကူတွေရောက်လာနိုင်တာရယ်ကြောင့် ရတဲ့လက်နက်တွေကောက်ပြီး ချက်ချင်းပြန်ဆုတ်ခဲ့တာပါ။ ကျနော်တို့တပ်ခွဲမှူးနဲ့ ရဲဘော် ၁ဦးကတော့ ပေါင်ကို ဗုံးစမှန်(မစိုးရိမ်ရ) တဲ့ ဒဏ်ရာရခဲ့ပါတယ်” လို့ သရက်ခရိုင် အမှတ် ၄တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်ဆီက MA1 (၃) လက်၊ MA3(၄)လက်၊ ၄၀မမ ဗုံးပစ်လောင်ချာ(၁)လက်၊ MA15 ငါးကြင်းမြှီးစက်လက် (၁) လက်၊ ၆၀ မမ စိန်ပြောင်း(၁)လက်၊ ကင်းထောက်ဒရုန်း(၁)စီး၊ တိုက်ခိုက်ရေးဒရုန်း(၁)စီး နဲ့ MA ကျည် (၁၈၀၀) တောင့်၊ ငါးကြင်းမြှီး ကျည် (၄၅၀)တောင့်၊ ၆၀ မမ ဗုံးသီး (၇)လုံး တို့နဲ့အတူ ဒေသခံတွေဆီက ခိုးယူထားတဲ့ ရွှေလက်ကောက် (၃) ကွင်းတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကပစ ၁၈ (တောင်တွင်းကြီး) က တပ်ကြပ်အဆင့် စစ်သုံ့ပန်း (၁) ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဒီစစ်ဆင်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်-၁ စစ်ဒေသ မကွေးတိုင်း၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့ တပ်ခွဲ(၁)နဲ့တပ်ခွဲ(၃)တို့က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

သီပေါမြို့တွင် စစ်‌ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင်(၅၀၀) ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့သည့် ဗန်းမောက်မြို့မှ စစ်ရှောင်ပြည်သူများကို ဗန်းမောက် ပကဖ ကူညီစောင့်ရှောက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဗန်းမြောက်မြို့အတွင်း စစ်ပွဲကြောင့် စစ်ရှောင်လာတဲ့ ပြည်သူတွေကို ဗန်းမောက်မြို့နယ် ပကဖ တပ်ဖွဲ့က စက်တင်ဘာလ ၂၅ ရက်မှာ ဆေးကုသပေးပြီး ကူညီစောင့်ရှောက်ထားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ထားဝယ် PDF ရဲ့ ဒရုန်းသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်း T5 wings နဲ့ သရက်ချောင်း(ပကဖ) ဒေါင်းညီနောင်စစ်ကြောင်း ဒရုန်းတပ်ဖွဲ့ တို့ရဲ့ အပတ်စဥ် (၁) ဒရုန်းသင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

တော်လှန်ရေးကာလ ၄ နှစ်တာအတွင်း ပကဖ ရဲဘော် ၁ ထောင်ကျော် ကျဆုံးခဲ့

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်ကျော်ကာလမှာ တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော် ၁၀၀၀ ကျော် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က ဒီနေ့မှာ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
Read More

ဝေါမှာ စစ်ကောင်စီတပ်ကင်းကို ချောင်းမြောင်းတိုက်ခိုက်ရာ စစ်သား ၁ ဦးသေ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံရွာမှာ ကင်းချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ချောင်း​မြောင်းတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ ရဲတပ်ကြပ် ၁ ယောက် ဇနီးသည်နဲ့အတူ လက်နက်ယူဆောင်ပြီး အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရဲတပ်ကြပ်၁ယောက် ဇနီးသည်နဲ့အတူ လက်နက်ခဲယမ်းတွေပါ သယ်ဆောင်ပြီး မြိုင်ပကဖထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။