စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်ရှိ ဆေးရုံနဲ့ စျေးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၂၅ ရက်က အမျိုးသားနေ့အထိမ်းအမှတ် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းတမာန်GZပြောက်ကြားတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ရွှေမန်းရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

ဆားလင်းကြီးမြို့ပေါ်ဆေးရုံမှာ အင်အား ၁၀ ယောက်နဲ့ တပ်စွဲထားတဲ့ စစ်သားတွေကို လက်နက် ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စျေးအနောက်ဘက်ရှိ ဘန်ကာကို ၄၀ မမ ဒုံးပစ်လောင်ချာနဲ့ ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

၁ နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားတွေရဲ့ ထိခိုက်မှုကို မြေပြင်အခြေ အနေအရ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါင်းတမာန်GZပြောက်ကြားတပ်ဖွဲ့နဲ့ တစ်ကိုယ်တော်ပြောက်ကြားတပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲပြီး ဒဏ်ရာများ ဆေးကုဖို့ နောက်တန်းပြန်လာတဲ့ တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူများက ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲအများအပြားကို တိုက်ခိုက်ပြီး ‌နောက်တန်းပြန်လာကာ ဆေးဝါးကုသမှုခံယူတဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်နဲ့ နာမကျန်းဖြစ်နေတဲ့ ရဲဘော်အချို့ကို ယင်းမာပင်ခရိုင်အတွင်းရှိ ကျေးရွာတွေက လှိုက်လှဲကြိုဆိုဂုဏ်ပြုခဲ့ကြ တယ်လို့ သိရပါတယ်။
Read More

သံဖြူဇရပ်မြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တစ်ရက်ထဲ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်သား ၅ ယောက်သေ (ရုပ်/သံ)

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အတွင်းစခန်းကြီးရွာကို အင်အား ၁၀၀ ဝန်းကျင်နဲ့ ရောက်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ တယ်လို့ Taung Nyo Column -P29906 အဖွဲ့ထံက သိရပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော် (၄)နှစ်မြောက် တပ်တော်နေ့အခမ်းအနားနှင့် မွမ်းမံသင်တန်းဆင်း လက်နက်တပ်ဆင်ခြင်း အခမ်းအနား (ရုပ်/သံ)

ဧပြီ ၂၇ ရက်မှာ ကျရောက်တဲ့ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) (၄) နှစ်မြောက် တပ်တော်နေ့ အခမ်းအနားနဲ့ မွမ်းမံသင်တန်းဆင်း လက်နက်တပ်ဆင်ခြင်းအခမ်းအနားကို တပ်တော်ရဲ့ ဗဟိုဌာနချုပ်နယ်မြေမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

KNDF B08 Batch 1 မွမ်းမံနှင့် တပ်သားသစ် သင်တန်းဆင်းပွဲ (ရုပ်/သံ)

Karenni Nationalities Defense Force (KNDF) BO8 မွမ်းမံနဲ့ တပ်သားသစ်သင်တန်းဆင်းပွဲ စစ်ရေးပြ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

သရက်ချောင်းမြို့နယ် လဘရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀ ကျော် ပျက်စီးခဲ့ရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် လဘရွာကို အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၄၀ ‌ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။