ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းချမှုတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေတာကြောင့် ဖြန့်ဖြူးရောင်းချနေသူတွေကို ပြင်းထန်စွာ အပြစ်ပေး အရေးယူမယ်လို့ မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။
မူးယစ်ဆေးဝါးရောင်းချမှုတွေကို စာသင်ကျောင်းတွေရှေ့မှာပါ ပေါ်ပေါ်ထင်ထင် ရောင်းချနေကြတာဖြစ်ပြီး ရဲစခန်းကို ဆရာ၊ ဆရာမတွေက တိုင်တန်းခဲ့ပေမယ့် အရေးယူတာတွေ မရှိတဲ့အပြင် တိုင်တန်းသူတွေကိုပါ ပြန်လည် ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။
“အဓိကတော့ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေကို target ထားပြီး သူတို့ ဖြန့်နေကြတာ။ WY တစ်လုံးကို ၅၀၀ ဆိုတော့ ကျောင်းသား၊ ကျောင်းသူတွေက ဝယ်သုံးနိုင်တယ်လေ။ အဲ့ပြဿနာ တော်တော်ကြီးထွားလာနေပါတယ်။” လို့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မိုးထက်က မောင်းကို ပြောပါတယ်။
အရင်က စာသင်ကျောင်းဧရိယာ ပတ်လည်မှာ လူကို မူးယစ်ထိုင်းမှိုင်းစေတဲ့ အရက်၊ ဆေးလိပ်နဲ့ ကွမ်းယာလိုမျိုး ပစ္စည်းတွေကို ရောင်းချခွင့်မပြုခဲ့ပေမယ့် အခုတော့ ကိုယ်ကျိုးစီးပွားအတွက် ရဲနဲ့ စစ်တပ်တွေကို လာဘ်ထိုးကာ ကျောင်းရှေ့ မုန့်ဆိုင်လို နေရာမျိုးတွေမှာ ပေါပေါလောလော ရောင်းချနေကြတယ်လို့ ဆိုပါတယ်။
ဒီကိစ္စတွေကို မင်းလှရဲစခန်းထံ ပြည်သူတချို့က သွားရောက်တိုင်တန်းခဲ့ပေမယ့် တိုင်တန်းသူကိုပါ စစ်မှုထမ်းထဲ နာမည်စာရင်းပါတယ်ဆိုပြီး တစ်ခါတည်းဖမ်းဆီးကာ စစ်မှုထမ်းသင်တန်းကို ပို့ဆောင်လိုက်တဲ့ ဖြစ်စဉ်တွေရှိခဲ့တာကြောင့် ဒေသခံတွေလည်း ရှေ့ထွက်ထုတ်ဖော် မပြောရဲတဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။
ရဲဘော်မိုးထက်က ဆက်လက်ပြီး “ ဒီကိစ္စတွေ ဖြစ်နေတာ တစ်နှစ်ကျော်နေပါပြီ။ ပြည်သူတွေ ကျနော်တို့ကို လာတိုင်တန်းတာကြောင့် အခုလို သတင်းထုတ်ပြန်ရတာပါ။” လို့ ဆိုပါတယ်။
မင်းလှမြို့နယ်အတွင်းက ကျောင်းသားလူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးနေတဲ့ မူးယစ်ဆေးဝါးကို ဖြန့်ဖြူးရောင်းချနေသူတွေအနေနဲ့ ဆက်လက် ေရောင်းချနေရင် ထိရောက်ပြင်းထန်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုံစာ – Bago Region PDF တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ရွှေဘိုခရိုင် အမှတ် ၁၇၀၁ ထောက်ပို့တပ်ရင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ခြင်းအခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် အမှတ် ၁၇၀၁ ထောက်ပို့တပ်ရင်းက မွမ်းမံသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေတာရှည်မှာ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ ကလေးငယ် အပါအဝင် အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာ ၃ ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁ ယောက် အပါအဝင် အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီးခဲ့ကြောင်း Yedashe Township Information ထံက သိရပါတယ်။
Read More

စစ်ရှောင်ရာမှ နေအိမ်ပြန်လာသည့် ဒေသခံများ အိပ်မောကျနေချိန် စစ်တပ်ဗုံးကြဲလို့ ဒေသခံ ၅ ဦး သေဆုံး၊ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းက ဒေသခံတွေဟာ အကြမ်းဖက်စစ်ကြောင်း ပြန်ထွက်သွားတဲ့အတွက် စစ်ရှောင်ရာကနေ နေအိမ်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် အိပ်မောကျနေချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
Read More

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ၉၄၂၀ တပ်ရင်းရဲ့ ၂ နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - ကလလတ အမှတ် ၉၄၂၀ တပ်ရင်းရဲ့ တပ်ရင်းတည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနား နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စုက ဒေသခံပြည်သူ ၄ ဦးကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးပြီး ကိုယ်လက်အင်္ဂါများဖြတ်တောက်

“သူတို့ဘယ်လို ဖမ်းဆီးခံလိုက်ရလဲတော့ သေချာမသိပါဘူး၊ သူတို့ရွာ နဲ့ ကပစ ၂၄ က နီးတယ်၊ စစ်ကြောင်းရွာထဲကို ရုတ်တရက်ဝင်လာချိန် အဖမ်းခံလိုက်ရတာနဲ့ တောင်ယာလုပ်ရင်း အဖမ်းခံရတာ အဲ ၂ ခုထဲက တစ်ခုခုပါပဲ” လို့ မကွေးတိုင်း ပကဖ ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ကန့်ဘလူတွင် စစ်အုပ်စုက နေအိမ်များကို မီးရှို့၊ ပြည်သူ ၁ ဦးကို ပစ်သတ်ကာ ၅ ဦးကို ဖမ်းခေါ်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေက နေအိမ်တွေကို စစ်အုပ်စုက မီးရှို့တဲ့အပြင် ဒေသခံတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။