NUG ရဲ့နွေဦးဘဏ်က ရင်းနှီးမြှုပ်နှံသူ အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၅ သန်းကျော်စံချိန်တင်ပြည့်မှီခဲ့ကြောင်း Spring Development Bankက ဒီနေ့ နို၀င်ဘာ ၂၅ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
၁၀၄ နှစ်မြောက် အမျိုးသားနေ့ အောင်ပွဲနေ့မှာ နွေဦးဘဏ် အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ သန်းကျော်ပြည့်မှီသွာခြင်းလည်း ဖြစ်ပါတယ်။
အစုရှယ်ယာ ထည့်၀င်မှု အစီအစဉ် ICO Round 2 ဘုံအနာဂတ် ခရီးစဥ်မှာ လူထု ပါဝင်ပူးပေါင်းမှုကို မော်ကွန်းသစ် ရေးထိုး ပြသလိုက်တာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
နွေဦးဘဏ် အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၅ သန်း ကျော် ပြည့်မှီ သွားတာကြောင့်ပါ၀င်သူအသီးသီးကိုလည်း ဂုဏ်ပြမှတ်တမ်းတင်တယ်လို့ဆိုပါတယ်။
Spring Development Bank အနေနဲ့ ပါဝင်ပူးပေါင်း အကြံပြုစွမ်းဆောင်ပေးခဲ့ကြတဲ့ မိတ်ဖက် အဖွဲ့အစည်းများ၊ နွေဦးဘဏ်ရဲ့ RM အဖြစ်တာဝန်ထမ်းပေးနေတဲ့ ကဏ္ဍအသီးသီးမှ တတ်သိပညာရှင်များ၊ နွေဦးဘဏ်အသိုက်အဝန်းမှ လေ့လာအသုံးပြုသူများအားလုံးနဲ့ အစုရှယ်ယာရှင်ဖြစ်ဖို့အားပေးခဲ့ကြတဲ့ ပြည်သူတဦးချင်းဆီရဲ့ ကျေးဇူးမေတ္တာကိုလည်း ဦးညွှတ်လေးစားလျက် မှတ်တမ်းတင် ဂါဝရပြုတယ်လို့ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

မြိုင်မြို့နယ် ဗဟင်းရွာကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲချ၊ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်မြောက်ပိုင်း၊ ဗဟင်းရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

သတ်ဖြတ်ပြီး လိုချင်တာတောင်းတဲ့ခေတ် ကုန်သွားပြီလို့ ကြံ့ခိုင်ရေးဥက္ကဌ ဦးခင်ရီ လူငယ်တွေကို ဩဝါဒချွေ

လူငယ်တွေရဲ့ ဘဝဟာ သူများတွေရဲ့ ပါးစပ်ဖျားမှာ ဘဝလမ်းဆုံးနေပြီး နိုင်ငံရေးသမားတွေရဲ့ သွေးထိုးမှုတွေကြောင့် တောထဲဝင်ကုန်တာ ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက နေပြည်တော် ပါတီဌာနချုပ်မှာ လူငယ်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။ 
Read More

ကပစ ၂၁ ရှော့တိုက်ဒုံးပစ်ခံရမှုမှာ လက်ထောက်စက်ရုံမှူးဖြစ်သူ စီမံရေးဒုညွှန်အဆင့် ဒုဗိုလ်မှူးကြီး ၁ ယောက်အပါ သေဆုံးသူ ၁၃ ယောက်အထိ ရှိလာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ အမှတ်-၂၁) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ လက်ထောက် စက်ရုံမှူး တစ်ဖြစ်လဲ စီမံရေးဒုညွှန်အဆင့် ဒုတိယဗိုလ်မှူးကြီး ၁ယောက် အပါအဝင် သေဆုံးသူ ၁၃ ယောက်အထိ ရှိလာကြောင်း No More Dictatorship People Defense Force NMD တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကိုင်းငလျင်ကြောင့် နေပြည်တော် စစ်ရုံးချုပ် ၅၀ ရာခိုင်နှုန်း ပျက်စီးဟု ဆို

စစ်ကိုင်းကို အခြေပြုလှုတ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်က စစ်ရုံးချုပ် အဆောက်အဦးတွေ ၅၀ ရာခိုင်နှုန်း ပျက်စီးကုန်တယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

DMO PDF အမှတ် (၁၁၀၆) တပ်ရင်း ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ DMO PDF အမှတ် (၁၁၀၆) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဖားအံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၃) ဦး သေဆုံး၊ (၁၇) ဦး ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် သေဆုံးပြီး (၁၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။