အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်က အင်းစိန်မြို့နယ်၊ အ.ထ.က ၇ ကျောင်းရှေ့မှာ “အမျိုးသားနေ့ကို အောက်မေ့ကြ အာဏာရှင်ကို အမြစ်ဖြတ်ကြ” လူထုလှုံဆော်မှု ကြွေးကြော်သံ ဘန်နာကို ချိတ်ဆွဲပြီး အလံနီထောင်ကာ အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ – NGYSC နဲ့ ရွှေပြည်သာသပိတ်ကော်မတီ (SPTSC) တို့ပူးပေါင်းပြုလုပ်ခဲ့တဲ့ အဲ့ဒီလှုပ်ရှားမှုဟာ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် ဒီနေ့မှာ ကျရောက်တဲ့ ၁၀၄ နှစ်ပြည့် ပထမကျောင်းသားသပိတ် (ခေါ်) အမျိုးသားနေ့ အတွက်ရည်စူးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ပခုက္ကူနဲ့ မြိုင်အစပ်က ကျေးရွာတွေကို အထိနာနေတဲ့ စစ်အုပ်စု စစ်​ကြောင်းဝင်နေလို့ ဒေသခံ ထောင်နဲ့ချီ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းဝင်မီးရှို့ပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
Read More

Simple Blogမြိုင်မှာ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် တော်လှန်ရေးရဲဘော်ရဲ့ စျာပနအခမ်းအနား

စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ မကွေးတိုင်းအခြေစိုက် Earthquake People's Defence Force ရဲ့ တပ်စိတ်မှုး ရဲဘော် အသေးလေး ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်သုံ့ပန်း ဒုတိယ ရဲမှူးကြီး ၁ ဦး အပါအဝင် မိသားစုဝင် ၁၉၈ ဦးကို AA ထပ်မံလွှတ်ပေး

ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထဲက ဒုတိယရဲမှူးကြီး ၁ ယောက်အပါအဝင် စစ်သုံ့ပန်း မိသားစုဝင် ၁၉၈ ယောက်ကို ထပ်မံလွှတ်ပေးခဲ့တယ်လို့ AA ရဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
Read More

နွားထိုးကြီး ပကဖ တပ်သားသစ်များခေါ်ယူနေ

စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ နွားထိုးကြီး မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ မနေ့က ဧပြီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရခိုင်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း UNDP ထုတ်ပြန်

ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့အတူ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရတာကြောင့်  ရခိုင်ပြည်နယ်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း ကုလဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
Read More

x ဘားအံထောင်တွင် တိုက်ပိတ်ခံရရင်း ညှင်းပန်းရိုက်နှက်မှုကြောင့် နိုင်ကျဥ်း ၁ ဦး သေဆုံးခဲ့

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၂ယောက်ကို ၃လတာ တိုင်ပိတ်ထားပြီးနောက် သူတို့ထဲ နိုင်ငံရေးအကျဉ်းသား ၁ယောက်ဟာ ထောင်ပိုင်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် အသက်သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။