မကွေးတိုင်း ဆိပ်ဖြူမြို့နယ် အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂)ကနေ မြင်းခြံမြို့သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်ကို နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ပခုက္ကူခရိုင် ၁၀ မိုင်လမ်းဆုံနဲ့ ဆိပ်ဖြူမြို့ကြားမှာ တိုက်ခိုက်ခဲ့တယ်လို့ Yenanthar Youth Force အဖွဲ့ထံက သိရပါတယ်။
အကြမ်းဖက်စစ်တပ်ယာဉ်ကို မိုင်းဆွဲပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မီတာ ၁၀၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို Yenanthar Column နဲ့ ပခုက္ကူခရိုင်အမှတ်-၁၉တပ်ရင်း ဆိပ်ဖြူဘာမထီ တပ်ခွဲ (၁) ၊ တပ်ခွဲ (၂) ၊ ဆိပ်ဖြူမြို့နယ်ပကဖ အနောက်ပိုင်းဇုန် (၁)နဲ့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဖာပွန်စစ်ကြောင်းပြန် Fire Dragon PDF ရဲဘော်များကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ပဲခူးခရိုင် အမှတ် (၃) တပ်ရင်း ၃၇၀၃ တပ်ခွဲ (၂) တပ်ခွဲ (၃) ဖာပွန်စစ်ကြောင်းကနေ ညဘက်စစ်ကြောင်းပြန် Fire Dragon PDF ရဲဘော်တွေကို ပြည်သူတွေက ပန်းတွေနဲ့ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်း စစ်ရှောင်များ နေထိုင်သည့်နေရာ ဗုံးကြဲခံရ၊ ပြည်သူ ၄ ဦး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သပြေချောင်းကျေးရွာရှိ စစ်ရှောင်ပြည်သူတွေ နေထိုင်ရာ နေရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၄ ယောက် သေဆုံးခဲ့ရတယ်လို့ Voice of Mandalay ထံက သိရပါတယ်။
Read More

TNLA ဗိုလ်ချုပ် တားဘုန်းကျော်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀)ပြည့် မွေးနေ့အတွက် ဆုတောင်းစကားပြောကြား (ရုပ်/သံ)

ဒီနေ့ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အသက် (၈၀)ပြည့်မွေးနေ့အတွက် TNLA ဗိုလ်ချုပ် တားဘုန်းကျော်က မွေးနေ့ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
Read More

ထားဝယ်မြို့နယ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၅ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ နိုဝင်ဘာ ၁၈ ရက် မနေ့က မနက်ပိုင်းမှာ ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၅ ယောက်သေကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြင်းခြံခရိုင် ဆုံရွာပျူစခန်းကို ဒရုန်းဖြင့် ၂ ကြိမ်ဗုံးသီးကြဲချပြီး လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦးသေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံခရိုင် ဆုံရွာပျူစခန်းရှိ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ၂ ကြိမ် ဗုံးသီးကြဲချပြီး လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေခဲ့တယ်လို့ Myaung Drone Force မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်မြို့ သပြေပင်ရွာထဲ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရကာ အများအပြားသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းရှိ သပြေပင်ရွာထဲ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၉ ရက် ဒီမနက်မှာ သပြေပင်ရွာထဲ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးပြီး ဒဏ်ရာရရှိသွားတဲ့ စစ်သားတွေကို ကားပေါ်တင်ပြီး အထိုင်စခန်းသို့ ပြန်ပို့ခဲ့ကြောင်း သိရပါတယ်။