စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်ကနေ အင်အား ၁၀၀ ဝန်းကျင်ခန့်နဲ့ ဗောဓိတထောင် ဘုရားအနီးက ရွှေမြင်တင်တောင်ဝန်းကျင်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၂၁ ရက် နေ့လည်နဲ့ ညနေပိုင်းတွေမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Chaung U People’s Defence Force အဖွဲ့ထံက သိရပါတယ်။
အကြမ်းဖက်စစ်သားတွေဟာ ရွှေမြင်တင်တောင်ဝန်းကျင်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာပြီး နေအိမ်တွေ မီးရှို့တာ၊ အရပ်သားတွေကို ဓားစာခံဖမ်းဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၃ ယောက်သေပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို Special Force 11 အဖွဲ့က Scout Drone နဲ့ ကင်းထောက်ကူညီပေးပြီး ဒိတ်ဒိတ်ကြဲအဖွဲ့နဲ့ မုံရွာမြို့နယ်အတွင်း ပကဖ ရဲဘော်တွေက ချောင်းဦး မြို့နယ် ပကဖ ရဲဘော်တွေနဲ့အတူ ကာကင်းတာဝန်ယူ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်တပ်ကြောင်းဟာ နိုဝင်ဘာ ၂၃ ရက် မနေ့က မုံရွာစီးပွားရေးတက္ကသိုလ်အတွင်း ပြန်လည်ဝင်ရောက်သွားကြတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ဖိလစ်ပိုင်နိုင်ငံတွင် အင်အား ၇.၅ အဆင့် ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီသတိပေးချက်ထုတ်ပြန် (ရုပ်/သံ)

ဖိလစ်ပိုင်နိုင်ငံမှာ ဒီနေ့မနက်ပိုင်းက အင်အား ၇.၅ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်မှု‌ကြောင့် ဆူနာမီ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
Read More

နန်းစောင်းပုရွာသစ်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါ ၇ ဦး ဖမ်းမိ၊ လက်နက်ခဲယမ်းများနှင့်အတူ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၄ ယောက် သေဆုံးပြီး စစ်သားတွေနဲ့ ကသည်းသူပုန်အပါ စစ်သုံ့ပန်း ၇ ယောက်ကို ဖမ်းမိခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသမှ သတင်းထုတ် ပြန်ထားပါတယ်။
Read More

ဆား‌တောင်ရဲစခန်းနဲ့ စာသင်ကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ် ရဲစခန်းနဲ့ စာသင်ကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၁ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Royal Falcon  အဖွဲ့ထံက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် ဖမ်းဆီးမိထားတဲ့ မူးယစ်ဆေးဝါး ၆ သိန်းကျော်ကို KNU မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဖားအံခရိုင်အတွင်း ဖမ်းဆီးမိထားတဲ့ မူးယစ်ဆေးဝါး ၆ သိန်းကျော် ထိုင်းဘတ် ၃၀၅၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU-Hpa-An Districtမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပူပူနွေးနွေး သိမ်းပိုက်ထားသည့် အင်းတော်မြို့မှာ PDF များကို အိုးစည်ဒိုးပတ်များဖြင့် ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ဒီရက်ပိုင်းအတွင်း အောင်မြင်စွာ သိမ်းပိုက်ထားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ကင်းစင်သွားတဲ့ အင်းတော်မြို့မှာ PDF ရဲဘော်တွေကို ပြည်သူလူထုက အိုးစည်ဒိုးပတ်တွေနဲ့ ကြိုဆိုကခုန်ကာ ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ရက်ဆက်ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် လူခြေတိတ်သွားတဲ့ ကျောက်မဲမြို့ (ရုပ်/သံ)

''ခုတလော ‌ကျွန်တော်နေတဲ့ ကျောက်မြို့ ကြီးက နေ့လည် (၁၂:၀၀)နောက်ပိုင်းဆို ဈေးကြီးက ဆိုင်တွေသိမ်း ဈေးတွေ ပိတ်ပြီးမကြာဘူး လူသွား/လူလာကို မရှိတော့ဘူး။ ဘယ်လမ်းကိုသွားသွား ရှင်းနေတော့တာပဲ ဝေဟင်က 🛩လေယာဉ်သံကြားနေရရင်ကို ထိတ်လန့်နေကြရတာအမှန်ပဲ''လို့ လူမှုကွန်ရက်ရေးသားမျှဝေခဲ့ပါတယ်။