စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ စစ်ကြောင်းဝင်မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ကြောင့် ကျေးရွာပေါင်း ၈ ရွာက အရပ်သား ၈၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်ကစလို့ ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးတာ ၊ လေကြောင်းတိုက်ခိုက်တာ ၊ ဒရုန်းနဲ့ ဗုံးကြဲတာ၊ ဟောင်ဝစ်ဇာ ပစ်ခတ်တာတွေနဲ့ ပြည်သူပိုင်ပစ္စည်းခိုးယူသယ်ဆောင်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၀ ရက် မနက်အစောပိုင်းမှာ ကျွန်းလှမြို့ကနေ ထွက်ခွာလာတဲ့ အင်အား ၂၀၀ ပါ စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေဟာ ကံပေါက်ရွာကိုဝင်ရောက်ရင်း ကံပေါက်ရွာကတဆင့် ကုက္ကိုကုန်းရွာကို ဒရုန်းတွေ ပစ်ခတ်တိုက်ခိုက်ပြီး စတင်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုတွေက ကုက္ကိုကုန်းရွာ တိုက်နယ်ဆေးရုံထဲ အထိုင်ချတပ်စွဲရင်း အဲ့ဒီနေ့ မွန်းလွဲပိုင်းမှာပဲ ကုက္ကိုကုန်းရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး အနီးအနားကျေးရွာတွေဆီ ဒရုန်းနဲ့ ၆၀ မမ ဗုံးသီးတွေ ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၂၁ နဲ့ ၂၂ ရက်တွေမှာလည်း မဒေါင်၊ လွှတ်တိုက်၊ ဆွဲလှဲစတဲ့ ရွာ ၃ ရွာကို စစ်အုပ်စုတွေ ထပ်မံမီးရှို့ခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုတွေဟာ မီးရှို့ဖျက်ဆီးရုံတင်အားမရပဲ တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာတွေနဲ့ ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်လုပ်​ဆောင်ခဲ့တယ်လို့လည်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောပါတယ်။
” စစ်ကြောင်းထိုးခဲ့တဲ့ ၃ ရက်တာအတွင်း စစ်ကောင်စီကရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ လေကြောင်းကနေ ပစ်ကူတာတွေအပြင် လက်နက်ကြီး ​ဟောင်ဝစ်ဇာတွေနဲ့ ပါပစ်ခတ်ခဲ့ပါတယ်။ လက်ရှိလည်း စစ်ကြောင်းက ကုက္ကိုကုန်းရွာမှာပဲရှိပါသေးတယ်” လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုတွေရဲ့ မြေပြင် ဝေဟင်အန္တရာယ်တွေကြောင့် ကျွန်းလှမြို့နယ်အတွင်းက တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာပင်စု၊ မြဘုံသာ၊ လွှတ်တိုက်၊ မဒေါင်၊ ဆွဲလှဲ နဲ့ ကန့်ဘလူမြို့နယ်အတွင်းက လက်ခုပ်ပင်ရွာအပါအဝင် ကျေးရွာပေါင်း ၈ ရွာက အရပ်သား ၈၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
ပုံစာ – ကျွန်းလှမြို့နယ်အတွင်းက မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ဖားဆောင်းမြို့ ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ဒေသခံ ၂ ဦးဒဏ်ရာရ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့၊ မော်ချီးဒေသက ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဒေသခံ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မိုးဗြဲမှာ စစ်မှုထမ်းဆင်း စစ်သား ၅ ယောက် လက်နက်နဲ့တကွ KNDF ဆီ အလင်းဝင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်သား ၅ ယောက် လက်နက်နဲ့အတူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) မိုးဗြဲဇုန်ဆီ အလင်းဝင် ခိုလှုံလာတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မိုးမောက်ကို ပြန်ရဖို့ စစ်ကောင်စီ သံချပ်ကာယာဉ်တွေ အသုံးပြုပြီး ထိုးစစ်ဆင်နေ

KIA ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့ကို ပြန်လည်ရရှိဖို့ စစ်ကောင်စီက အင်အားအပြည့်နဲ့ ထိုးစစ်ဆင်နေတယ်လို့ ကချင် စစ်ရေးသတင်းအရင်းအမြစ်အချို့မှာ ဖော်ပြလာပါတယ်။
Read More

စစ်အာဏာရှင်ဆန့်ကျင်သူ ကျောင်းသားဟောင်းများဖြစ်သည့် ကိုပိုင်ဖြိုးမင်းနှင့် ကိုရှိန်းဝေအောင် ထောင်ဒဏ် နှစ် (၂၀) စီ ချမှတ်ခံရ

တကသကျောင်းသားဟောင်းများ အင်အားစုရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေနဲ့ ကိုရှိန်းဝေအောင် (အလုပ်အမှုဆောင်ဟောင်း၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ) တို့ကို စစ်ကောင်စီကနေ ထောင်ဒဏ် နှစ်(၂၀) အထိ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရတယ်လို့ တကသကျောင်းသားဟောင်းများ အင်အားစုက သတင်းထုတ်ပြန်လာပါတယ်။
Read More

နတ်မောက်တွင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ခိုက်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်စစ်ကြောင်း ကစဉ့်ကလျားဖြစ်ပြီး ဦးတည်ချက်ပြောင်းသွားခဲ့ကြောင်း ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက မောင်းကို ပြောပါတယ်။
Read More

နိုင်ငံတစ်ဝန်း စစ်ကောင်စီကြောင့် ဇွန်လအတွင်း အရပ်သား ၃၆ ဦး သေဆုံးခဲ့မှု အတည်ပြုထားနိုင်၊ အတည်မပြုရသေးသည့် သေဆုံးသူ ၅၈ ဦးရှိ

မြန်မာနိုင်ငံတစ်ဝန်း ဇွန်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူစုစုပေါင်း ၃၆ ယောက် သေဆုံးခဲ့တာကို အတည်ပြုထားနိုင်ပြီး နောက်ထပ် သေဆုံးတဲ့ အရပ်သား ၅၈ ယောက်ကို အတည်ပြုဖို့ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။