ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ သာယာကုန်းရဲစခန်းကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ပျူစောထီး ၄ ယောက်နဲ့ ရဲ ၁ ယောက်သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
နိုဝင်ဘာ ၂၁ရက် ၊ မနက်အစောပိုင်းကစလို့ လက်ပံတန်းမြို့နယ်၊ မှော်အင်းတိုက်နယ်အတွင်းက သာယာကုန်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
” စခန်းသိမ်းနိုင်ဖို့အထိကို တပ်ရင်းတပ်ဖွဲ့ ၅ခုပူးပေါင်းအင်အားနဲ့ စီစဥ်ခဲ့တာပါ။ ဒါပေမယ့် သတင်း​ကြိုပေါက်သွားတော့ ကျနော်တို့ဝင်တိုက်တဲ့ မနက် ၅ နာရီအချိန်မှာတောင် သူတို့က ရဲစခန်းနဲ့ ပေ၅၀၀အကွာနေရာတိုင်းမှာ ကင်းပုန်းတွေချ၊ မိုင်းတွေထောင်ထားတယ်ပေါ့။ ၂နာရီလောက်အထိပစ်ခတ်မှုဖြစ်ပြီးလို့ ကျနော်တို့ဘက်က စခန်းထဲအထိဝင်စီးဖို့ ကြိုးစားချိန်မှာ စခန်းပေါ်ကနေ စက်လက်တွေနဲ့ ဆွဲတယ်။ အခိုင်အမာဆောက်ထားတဲ့ ဘန်ကာတွေထဲကနေ ပစ်တယ်။ လက်နက်ကြီးထုတယ်ပေါ့။ ကျနော်တို့ဘက်က လက်နက်ကြီးထုချင်ပေမယ့် အရပ်သားအိမ်တွေ ရှိနေလို့ ထုခွင့်မသာခဲ့ဘူး။ ” လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်အုပ်စုဘက်က ပစ်ခတ်မှုကြောင့် ရဲစခန်းနဲ့မနီးမဝေး ကြက်မွေးမြူရေးခြံထဲရှိနေတဲ့ အရပ်သားလင်မယား ၂ ယောက်နဲ့ ရွာထဲစျေးလာရောင်းတဲ့အမျိုးသား ၁ ယောက်လည်း​ လက်နက်ကြီးထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
” အဲ့စခန်းမှာ အင်အား ၅၀ ကျော်ပဲရှိတာ၊ စခနဲ့ရဲတွေက ၄၊ ၅ယောက်လောက်ပဲရှိတယ်။ ကျန်တာက ပြည်သူ့စစ်တွေချည်းပဲပေါ့။ စခနဲ့ရဲတွေက ဘန်ကာတွေထဲပဲနေတာ ပြည်သူ့စစ်တွေကို ရှေ့ထွက်ပစ်ခိုင်းတာပေါ့။ အချိန် ၃ နာရီလောက်ကြာပြီးစခန်းမသိမ်းနိုင်ခဲ့တာကလည်း သူတို့က သတင်းကြိုရပြီး ကင်းပုန်းတွေလုပ်ထားတော့ အဲ့တာတွေကို တိုက်ရင်း ရှေ့တိုးမရပဲ ကြာသွားတာပါ။ ကျနော်တို့ရဲဘော် ၂ယောက်လည်း ထိပေမယ့် မစိုးရိမ်ရပါဘူး” လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေး အဖွဲ့( လက်ပံတန်း) နဲ့အတူ ဂဠုန်တပ်ဖွဲ့ ( သာယာဝတီ) ၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ (၂) တပ်ခွဲ (၃) ၊ တပ်ရင်း ၃၈၀၃ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ…
0 Shares:
You May Also Like
Read More

စလင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ နေ့စဥ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေ၊ စစ်ကောင်စီ စစ်ကြောင်းမှူး သေဆုံးကာ အထိနာ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကုန်းကြောင်းလေကြောင်းထိုးစစ်တွေကြောင့် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ နေ့စဥ် ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
Read More

စစ်တပ်ရိက္ခာကား မောင်းပေးသူတစ်ဦးကို အကြမ်းဖက် စစ်အုပ်စု သတ်ဖြတ်

မကွေးတိုင်း၊ ပခုက္ကူကနေထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရိက္ခာကားမောင်းနှင်းလာသူတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဂန့်ဂေါတွင် မီးလောင်ထားသည့် နေအိမ်ကို သန့်ရှင်းရေးပြန်လုပ်ရင်း ဒရုန်းဖြင့် ဗုံးကြဲခံရကာ ပြည်သူ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ သင်တောရွာက ပြည်သူ ၄ယောက် သူတို့ရဲ့ မီးလောင်ထားတဲ့ နေအိမ်တွေကို သန့်ရှင်းရေး ပြန်လုပ်နေချိန် ပျူစောထီးအဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်မှုထမ်း ဥပဒေ တစ်နှစ်ပြည့်မြောက်ချိန်မှာ အပတ်စဉ် (၁၀) စစ်သင်တန်းကို စစ်ကောင်စီက စတင်ဖွင့်လှစ်

စစ်ကောင်စီက မတရားသတ်မှတ်ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေ တစ်နှစ်ပြည့်မြောက်ချိန်မှာတော့  စစ်မှုထမ်း အပတ်စဉ် (၁၀) အထိရောက်ရှိလာပြီး သင်တန်းဖွင့်ပွဲကို မနေ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

အကြမ်းဖက် မင်းအောင်လှိုင်နှင့် သူ့မိန်းမ ကြူကြူလှ မင်းဘူး လာရန်ရှိ၍ လုံခြုံရေး အထူးတင်းကြပ်ထား

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ မကွေးတိုင်း၊ မင်းဘူးမြို့ကို လာဖို့ရှိနေတာကြောင့် မြို့ရဲ့ အဝင်အထွက်တွေနဲ့ မြို့ပေါ်နေရာတွေမှာ လုံခြုံရေး အထူးတင်းကြပ်ထားကြောင်း မင်းဘူးစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

လျှပ်စစ်မီးမမှန်တဲ့အခြေအနေမှာ လျှပ်စစ်ရထားပြေးဆွဲဖို့ မင်းအောင်လှိုင် အကြိမ်ကြိမ်ပြောဆိုနေ

ရထားလမ်းပိုင်းတွေမှာ လျှပ်စစ်ရထားတွေ ပြောင်းလဲပြေးဆွဲဖို့ မဖြစ်မနေ လုပ်ဆောင်ရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောဆိုလာပြန်ပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့က ရန်ကုန်ဘူတာကြီးမှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းမှာ စပိန်ထုတ် DEMU ရထားတွဲဆိုင်းတွေနဲ့ စတင်ပြေးဆွဲတဲ့ အခမ်းအနားမှာ ထည့်သွင်းပြောကြားလိုက်တာပါ။