ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ် အတွင်း ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ မာထော စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်မဟာ (၅) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စကခ (၈) လက်အောက်ခံ ခမရ-၄၀၇၊ ခမရ-၄၀၈ နဲ့ ခမရ-၄၀၄ တပ်တွေ ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ မာထောတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A)တပ်မဟာ (၅) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာလ (၂၂) ရက် မနက်ပိုင်းမှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုတွေနဲ့ သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်း စာရင်းအပြည့် အစုံကိုတော့ ဆက်လက်ထုတ်ပြန်သွားမယ်လို့ KNU က ဆိုပါတယ်။
ဓာတ်ပုံ − အကြမ်းဖက်စစ်ကောင်စီတပ် မာထောစခန်းကနေ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ…
0 Shares:
You May Also Like
Read More

ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြု

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်  အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
Read More

NUG ဝန်ကြီးနှင့် ဒုဝန်ကြီးနေရာအချို့ ပြောင်းလဲဖွဲ့စည်း၊ ဝန်ကြီးဌာနအချို့ကို ဖျက်သိမ်း

အခုနှစ်မကုန်ခင်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့ အပြောင်းအလဲတွေရှိမယ်လို့ ထုတ်ဖော်ပြောဆိုထားတဲ့အတိုင်း ဒီကနေ့မှာ အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းပုံကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီလက်ထဲမှာ အသက်မဲ့နေတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန် ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု ပဏာမစာရင်းမှာ ပါဝင်လာ

ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု ပဏာမစာရင်းမှာ မြန်မာ့ရိုးရာအတာသင်္ကြန် ပါဝင်လာတာကို ယူနက်စကိုရဲ့ တရားဝင် Website မှာဖော်ပြချက်အရသိရပါတယ်။
Read More

ပဲခူး၊ မင်းလှမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကံတင်ဘီလင်းဆည်ဘောင်ပေါ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ဒဂုံမှာ စစ်တပ်အတွက်အလုပ်လုပ်ပေးနေတဲ့ ရပ်ကွက်ဥက္ကဌနဲ့ ရာအိမ်မှူး ဆိုသူတွေ ရပ်ကွက်ရုံးရှေ့မှာပဲ ပစ်ခတ်ရှင်းလင်းခံရ

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ (၁၀၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးဆိုသူတွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း စစ်အုပ်စုလော်ဘီချန်နယ်တွေကတဆင့် သိရပါတယ်။
Read More

TNLA နှင့် အကြမ်းဖက်စစ်ကောင်စီ၏ တွေ့ဆုံဆွေးနွေးပွဲ ညှိနှိုင်းမှု မအောင်မြင်ဘဲ ပြီးဆုံး၊ နှစ်ဖက်တပ်များ ရောက်သည့်နေရာမှာ ရပ်တန့်ပြီး အပစ်အခတ်အားလုံး ရပ်စဲဖို့ TNLA တောင်းဆို

တရုတ်အစိုးရရဲ့ ဖိအားပေးစီစဥ်မှုနဲ့ ပြုလုပ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ကိုယ်စားလှယ်တွေနဲ့ ကစထ(၁) မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ စစ်ကောင်စီတပ်ကိုယ်စားလှယ်တို့ရဲ့ တွေ့ဆုံပွဲ ပြီးဆုံးခဲ့ပြီဖြစ်တယ်လို့ TNLA က ဒီနေ့မှာ တရားဝင်သတင်းထုတ်ပြန်လာပါတယ်။