၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးရသူအများဆုံးဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL ရဲ့ စစ်တမ်းကဆိုပါတယ်။
မြေမြှုပ်မိုင်းကြောင့် အသေအပျောက်အများဆုံး နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံရဲ့နောက်မှာတော့ ဆီးရီးယား၊ ယူကရိန်းနဲ့ အာဖဂန်နစ္စတန်တို့ ရပ်တည်နေတယ်လို့ အဆိုပါ စစ်တမ်းကဆိုပါတယ်။
ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံးသူ အရေအတွက်ဟာ ဆီးရီးယားနိုင်ငံကိုကျော်တက်ပြီး အများဆုံးနိုင်ငံအဖြစ် ရပ်တည်လာတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က မြေမြှပ်မိုင်းကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူ ၁,၀၀၃ ယောက် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေက ကမ္ဘာ​ပေါ်မှာ မြေမြှပ်မိုင်း​ကြောင့် လူ​သေဆုံးထိခိုက်မှု အများဆုံးဖြစ်​တဲ့ ဆီရီးယားနိုင်ငံကို မြန်မာနိုင်ငံက ကျော်လွန်ကာ စံချိန်တင်သွားတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ သူတို့စီးနင်းတိုက်ခိုက်ခဲ့တဲ့ ကျေးရွာတွေမှာ မြေမြုပ်မိုင်းအများအပြား ထောင်ထားလေ့ရှိပြီး ဒီလိုလုပ်ရပ်ကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတာပါ။
၂၀၂၃ ခုနှစ်မှာ ဆီးရီးယားနိုင်ငံက ​မြေမြှပ်မိုင်းတွေ​ကြောင့် ​သေဆုံးထိခိုက်သူဦး​​ရေ ၉၃၃ ယောက်ရှိခဲ့ပြီး မြန်မာနိုင်ငံက ၁၀၀၃ ယောက်ရှိကာ ပိုများခဲ့ပြီး မြေပြင်မှာ မြန်မာနိုင်ငံအနေနဲ့ အခုထက်ပင် ပိုမိုများပြား လာနိုင်ဖွယ်ရှိကြောင်း အဆိုပါ အစီရင်ခံစာက ဆိုပါတယ်။
0 Shares:
You May Also Like
Read More

ချင်းတောင်ပိုင်း တိုက်ပွဲတွေအပြီး အကြမ်းဖက်စစ်သားတွေ ယောဒေသထဲ စိမ့်ဝင်လာသလို ဒေသတွင်း စစ်ရေးအရှိန်မြှင့်တင်မှုတွေ ဆက်တိုက်လုပ်ဆောင်လာ…

မကွေးတိုင်း၊ ယောဒေသမှာ ချင်းပြည်တောင်ပိုင်းတိုက်ပွဲတွေအပြီး စိမ့်ဝင်ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ ပိုမိုလု​ပ်ဆောင်လာကြောင်း ယောအလင်းတန်း အဖွဲ့ဝင် ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာမှ ပျူစောထီးတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်ရောက်လာ…

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီးကျေးရွာက အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပျူစောထီးတစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Chauk Revolution Army တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရေကြည်မြိ့၊ အမတ ၃၄၄ တပ်ထဲမှာ အရေးပေါ်လေယာဉ်ကွင်း ဆောက်လုပ်နေ…

ရခိုင်ပြည်နယ်၊ အမ်းမြို့က စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ရက္ခိုင့်တပ်တော် AAက ပိတ်ဆို့တိုက်ခိုက်သိမ်းပိုက်နေစဥ်ကာလမှာပဲ၊ ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာရှိတဲ့ အမြှောက်တပ် ၃၄၄ တပ်ရင်းထဲမှာ အရေးပေါ်လေယာဉ်ကွင်းငယ်တစ်ခု ဆောက်လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
Read More

နိုင်ငံတကာ ပိတ်ဆို့မှုများကို ကျော်လွှားဖို့ နည်းလမ်းရှာရမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မုံရွာမှာ စစ်တပ်တပ်စွဲထားတဲ့ တောပုရွာနဲ့ ညောင်ဖြူပင်ရွာက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ တောပုရွာနဲ့ ညောင်ဖြူပင်ရွာက စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ 5/Commando Force အဖွဲ့ဆီက သိရပါတယ်။
Read More

ရက်စက်စွာ နှိပ်စက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ လင်းထက်အောင် (ခေါ်) Error ကို စစ်ကြောမှုမှာ ဘယ်သူတွေပါခဲ့လဲ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်သူတွေဆိုပြီး စွပ်စွဲဖမ်းဆီးခံရသူတွေထဲက လင်းထက်အောင် (ခေါ်) Error ဆိုသူကို စစ်ဖက်ဆိုင်ရာလုံခြုံးရေးအဖွဲ့ (စရဖ) ဗိုလ်ကြီးအဆင့်ရှိသူ ကောင်းမြတ်နဲ့ သူရဝင်းတို့က ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။…