မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပျူစောထီးရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ဒရုန်းတွေနဲ့ သွားရောက်ဗုံးချရင်း မြေပြင်မှာပါ ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ကြောင်း ဗစ် တာ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာ ၁၉ရက်၊ မနေ့က မနက်ပိုင်းမှာ မြိုင်မြို့နယ်မြောက်ပိုင်းက ပျူစောထီးတပ်တွေရှိနေတဲ့ ကန်နီရွာထဲကို တော်လှန်ရေးတပ်တွေက ဒရုန်းတွေ RC Plane တွေနဲ့ ဗုံးချတိုက်ခိုက်ရင်း ပျူရွာကင်းစခန်းကနေ ထွက်လာတဲ့ ပျူစောထီးတစ်ယောက်ကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

“ကန်နီရွာခြေကို စကပ်တော့ ရှေ့ကကင်းယူထားတဲ့ ရဲဘော်တွေက ကန်နီရွာ မျှော်စင်ကင်းကထွက်လာတဲ့ ပျူစောထီး ၁ကောင်ကို မီတာ ၅၀အကွာကနေ ပစ်လိုက်ပါတယ်။ နဂိုက ၁၀ နာရီခွဲလောက်မှာ မစ်ရှင်စမလို့ကို အခုလိုဖြစ်သွားတယ်ပေါ့။ ထိသွားတဲ့ကောင်ကို ကင်းပေါ်ကနေ ထွက်ဆွဲတာတွေ့လိုက်ရပါတယ်။ အဲဒီအချိန်မှာပဲကျနော်တို့  ပျူစခန်းထဲကို ဒရုန်းလေးလက်၂စီး၊ ခြောက်လက်၁စီး ၊ RC ၈စီးသုံးပြီး တပြိုင်နက်တည်း ဗုံးချခဲ့ပါတယ်။” လို့ ဗစ် တာ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ ဒရုန်းစစ်ဆင်ရေးလုပ်ဆောင်နေပုံ

ဒီတိုက်ခိုက်မှုတွေကို ဗစ် တာ ပြောက်ကျားတပ်ဖွဲ့ နဲ့အတူ ပခုက္ကူခရိုင် တပ်ရင်း ၂၊ ၆ ၊ ၇ ၊ ၁၇ ၊ ဒေါင်းနက်တပ်ရင်း ၁၀ ၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့ ၊ အညာမြေပြောက်ကျားတပ်ဖွဲ့ ၊ အမိမြေပြောက်ကျားတပ်ဖွဲ့ ၊ မြိုင်ပကဖ၊ ဗမာ့ဒေါင်းလေကြောင်းတိုက်ခိုက်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

တိုက်ခိုက်မှုတွေအပြင် ကန်နီပျူရွာကနေ မြေပဲခင်းဖော်တဲ့  အမျိုးသမီး ၃ယောက်ကိုလည်း တော်လှန်ရေးတပ်တွေက ခေါ်ယူ စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။

“ပျူခေါင်းဆောင် ကျော်ဆန်းဝင်းအမိန့်နဲ့ ပြည်သူတွေရဲ့ မြေပဲခင်း​မှာ မြေပဲဆွတ်နေတဲ့ အဲ့အမျိုးသမီး ၃ယောက်ကို ကျနော်တို့က ကင်းပုန်းယူပြီး ဝင်ဖမ်းခဲ့တာပါ။ မနေ့ကမှမိတာ အခုထိမေးတုန်းပေါ့။ လက်ရှိ တစ်ယောက်ကတော့ ပျူစောထီးအဖွဲ့ဝင်လို့ ယူဆရပါတယ်။ ကျန်တဲ့ ၂ယောက်ကတော့စစ်မေးနေတုန်းပါ။ အပြစ်ရှိရင်တော့ ထိန်းသိမ်းထားပါမယ်။ ပြည်သူဆိုရင်တော့ သူတို့သွားချင်တဲ့နေရာဆီ ပို့ပေးမှာပါ။ ” လို့ ဗစ် တာ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပျူရွာခံ အမျိုးသမီး ၃ ယောက်
0 Shares:
You May Also Like
Read More

တန့်ဆည်က စစ်ကောင်စီတပ်သား ၂ဦး ဗျူဟာ-၅၂ ၊ ပေါ်ဦးစစ်ကြောင်းသို့ လက်နက်ခဲယမ်း ကိုယ်စီနှင့် ခိုလှုံ

စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့အခြေစိုက် ခမရ ၃၆၁ တပ်တွင်းက စစ်ကောင်စီတပ်သား ၂ယောက် လက်နက်ခဲယမ်းကိုယ်စီနဲ့ အလင်းဝင်ရောက်လာကြောင်း ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို မနားတမ်း ခုခံနေသည့် KNDF ရဲဘော်များ (ဓာတ်ပုံသတင်း)

အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်ကို သာလွန်အင်အား၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကို အသုံးပြုကာ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် - ၁၅ က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ အနန်းကွင်းစစ်ဗျူဟာကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေ အောက်တိုဘာလ ၂၃၊ ၂၀၂၄

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်က စစ်ကောင်စီရဲ့ အနန်းကွင်းစစ်ဗျူဟာကုန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ပြည်ပသာမက ပြည်တွင်း delivery လုပ်ငန်းအချို့ပါ ခတ္တရပ်နားထားရ

အာဏာသိမ်း စစ်ကော်မရှင်က ပြည်ပပို့ကုန်တွေကို ကုန်သွယ်ခွင့် ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းထဲမှာပါ delivery service (အမြန်ချောပို့) လုပ်ငန်းတွေကိုလည်း သယ်ယူပို့ဆောင်ခွင့် ကန့်သတ်ထားတယ်လို့ Online ဈေးရောင်းသူတွေထံက သိရပါတယ်။
Read More

အဖွဲ့အစည်းစွဲများကြောင့် တော်လှန်ရေးအောင်နိုင်ရန် ခက်ခဲနေကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီ ပြော

အကြမ်းဖက်စစ်အာဏာရှင်ကို အောင်နိုင်ရေးအတွက် စည်းလုံးမှု၊ ရင်းမြစ်တွေ ထုတ်သုံးနိုင်မှုအပြင် အဖွဲ့အစည်းစွဲ၊ အဖွဲ့အစည်းဗဟိုပြုမှုတွေ မရှိမှ ဖြစ်မယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်မှုထမ်းဖို့ လူလိုက်စုပေးနေသူ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းကိုင်းအုပ်စု၊ ကံကလေးကျေးရွာမှာ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူလိုက်စုပေးနေသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။