မကြာခင် စစ်တပ်က ကျင်းပပေးတဲ့ ရွေးကောက်ပွဲနဲ့  လွှတ်တော်ဟာ သိက္ခာရှိစေရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပြန်ပါတယ်။

မနေ့က နိုဝင်ဘာ ၁၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခုလို ပြောကြားလိုက်တာပါ။

ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ ပတ်သက်ပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ် နောက်ဆုံးအချက်မှာ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးစီးရင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့အညီ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးမယ်လို့ မင်းအောင်လှိုင်ရဲ့ ပြောကြားမှုကို ဒီနေ့ နိုဝင်ဘာလ ၂၀ ရက်ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြလာတာပါ။

စကစအစည်းအဝေးမှာ တက်ရောက်အမှာစကားပြောသည့် အကြမ်းဖက်မင်းအောင်လှိုင် (ဓာတ်ပုံ စကစပြန်ကြားရေးဝန်ကြီးဌာန)

အာဏာသိမ်းပြီးကတည်းက မကြာခဏ လက်စွဲပြောကြားလေ့ရှိတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမယ်ဆိုတာကိုလည်း ပြောခဲ့ပြန်ပါသေးတယ်။

မင်းအောင်လှိုင်က   တည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သက်ပြီး နိုင်ငံတစ်ခု၊ ဒေသတစ်ခုမှာ ပဋိပက္ခဖြစ်ပေါ်လာအောင် ဖန်တီးတာဟာ အဲဒီဒေသနဲ့ နိုင်ငံတို့မှာ  နေထိုင်ကြသူတွေဖြစ်တယ်လို့လည်း စွပ်စွဲပြောကြားခဲ့ပါသေးတယ်။

ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဒေသခံတွေရဲ့ လုံခြုံရေးကို ဖျက်ဆီးနေတဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်လုပ်ဆောင်မှုတွေ လျော့ပါးစေရေး လုပ်ဆောင်ကြဖို့လည်း အကြမ်းဖက်လုပ်ငန်းတွေ နေ့စဉ်လုပ်နေတဲ့ မင်းအောင်လှိုင်က ဆိုပါတယ်။

မင်းအောင်လှိုင်က အဲဒီအစည်းအဝေးအတွင်းမှာပဲ တရုတ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်တွေကို အမြဲထောက်ခံ အားပေးတယ်လို့ ပြောဆိုခဲ့ပြီး  စစ်ကောင်စီရဲ့ လုပ်ငန်းစဉ် ၅ ရပ်ကိုလည်း တရုတ်က ထောက်ခံတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး တည်ငြိမ်မှု ရှိစေဖို့နဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကို ဆက်လက် တွန်းအားပေးဖို့ တရုတ်က ထောက်ခံနေတယ်လို့ တရုတ်နိုင်ငံကို အမွှန်းတင်ပြောဆိုခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ယောဒေသအတွင်း စစ်ရေးအရှိန် မြှင့်တင်တော့မယ်လို့  YDF ထုတ်ပြန်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသအခြေပြု ယောကာကွယ်ရေးတပ် (YDF) အနေနဲ့ ယောဒေသအတွင်း မကြာမှီ စစ်ရေးအရှိန်မြှင့်တင်ပြီး စစ်ဆင်ရေးတွေ စတင်ဖော်ဆောင်တော့မယ်လို့ YDF ဗဟိုစစ်ရုံးချုပ်က ဒီကနေ့ ဇန်နဝါရီလ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

အုတ်ဖိုတွင် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ဦး သေ၊ အရပ်သားများကို ၃ လောင်း သယ်ခိုင်းကာ ၂ လောင်း လယ်ကွင်းထဲ ကျန်ခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာထိပ် ရောက်ရှိနေတဲ့ စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၆) Black Dragon GBK-PDF ထံက သိရပါတယ်။
Read More

အင်အားပြင်းစစ်ကိုင်း ငလျင်လှုပ်ခတ်အပြီး မြေပြင်ပုံစံပြောင်းလဲသွားမှုကို နာဆာက ထုတ်ပြန်

အင်အားပြင်း စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက် မြေပြင်ပြောင်းလဲသွားမှုတွေကို ဂြိုလ်တုက ရရှိတဲ့ အချက်အလက်တွေပေါ်မူတည်ပြီးအမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန NASA က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးလာသူတချို့ ကားပေါ်က ကုန်ချထွက်ပြေးလို့ အကြမ်းဖက်စစ်တပ် ပိုက်စိပ်တိုက် ရှာဖွေနေ

ကျုံပျော်မြို့မှာ အကြမ်းဖက်စစ်တပ် လူငယ်တချို့ကို ပေါ်တာဆွဲဖမ်းဆီးပြီး ဒီဇင်ဘာ ၂၀ ရက် ဒီနေ့မနက်ပိုင်းမှာ ဓနုဖြူမြို့ဘက်ကို ပို့ဆောင်စဉ် ကားပေါ်ကနေ ခုန်ချထွက်ပြေးသွားလို့ဆိုပြီး အကြမ်းဖက်စစ်တပ်က ပိတ်ဆို့ရှာဖွေမှုတွေ လုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပါပုတ်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိမှန်သေဆုံး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်းနဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

PJ ကိုင်ဆောင်ထားသူများကို အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရပါကပြည်ပထွက်ခွင့် စတင်ရပ်ဆိုင်း

အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job - PJ) သမားတွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရဘဲ ပြည်ပထွက်ခွင့် ရပ်ဆိုင်းလိုက်တယ်လို့  ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။