တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ နိုဝင်ဘာ ၁၈ ရက် မနေ့က မနက်ပိုင်းမှာ ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၅ ယောက်သေကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေထံက  MA1 သေနတ် (၃) လက်၊ MA3 သေနတ် (၁) လက်၊ MA2 စက်ကလေး (၁) လက်၊ ကျည်ဘောက် (၁၅)ခု၊ အီကွေ့မန့် ခါးပတ် (၁)ခု နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်-မြိတ်အမှတ် (၈) လမ်းပေါ်ရှိ စစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်-မြိတ် အမှတ် (၈) လမ်းပေါ်ရှိ ရွှေဂူဂိတ်ကို ဖေဖော်ဝါရီ ၁၀ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ T5 Wings ဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-၂ ရဲ့ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြီးစီး (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာန၊ အမှတ် ၃ ရှမ်းတောင်စစ်ဒေသ၊ ဗျူဟာ (၁) ​လက်အောက်ခံ တပ်ရင်းအမှတ် ၁၀၀၇ - မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-၂ ရဲ့ ၄၅ ရက်တာ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

မန္တလေးမြို့လယ်ခေါင်မှာ အာဏာသိမ်းစစ်အုပ်စုဆန့်ကျင်ကြဖို့ လူထုလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ပျူစောထီးတွေ ပတ်လည်ဝိုင်းနေတဲ့ မန္တလေးမြို့လယ် ခေါင်စျေးမှာ ယနေ့ အောက်တိုဘာ ၁၀ ရက်က အာဏာသိမ်းစစ်အုပ်စုဆန့်ကျင်ကြဖို့ လူထုသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုထံက သိရပါတယ်။
Read More

ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ခဲ့ကြောင်း စစ်သုံ့ပန်း စစ်ကောင်စီဗိုလ်ကြီး ဝန်ခံ (ရုပ်/သံ)

ဘုတလင်မြို့နယ် တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းဗိုလ်ကြီး အောင်ကျော်ဇင်ဆိုသူဟာ ပြည်သူတွေကို နှိပ်စက်ညှင်းပန်းသတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။
Read More

သရက်ချောင်းတွင် စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးကာ စစ်သား ၉ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးရဲဘော် ၂ ယောက် ကျဆုံးကာ စစ်သား ၉ ယောက် သေဆုံးခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရှင်းလင်းခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရှင်းလင်းခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို ကလေးဒေသတော်လှန်ရေးတပ် (KRF) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။