ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် တစ်နှစ်တာ အတွင်း အရပ်သား ပြည်သူ ၇၀၀ ကျော် သေဆုံးခဲ့ရတယ်လို့  အာရက္ခတပ်တော်(AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က မနေ့က နိုဝင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) ဆိုတာကတော့ ရခိုင်ဒေသတွင်း လူမှုကူညီရေးလုပ်ငန်းများနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို အဓိက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အာရက္ခတပ်တော် AA ရဲ့ လက်အောက်ခံ အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။

HDCO ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှ နိုဝင်ဘာ ၁၃ရက်အထိ အမျိုးသား ၅၁၇ဦးနှင့် အမျိုးသမီး ၂၁၈ဦးစုစုပေါင်း ၇၃၅ဦး စစ်ကောင်စီ​ ရဲ့ တိုက်ခိုက်မှုတွေ ကြောင့် သေဆုံးခဲ့ရပါတယ်။

HDCO ၏ အစီရင်ခံစာမှ အကျဉ်းချုပ်အချက်အလက်

သေဆုံးခဲ့ရမှု အများစုဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသက တိုက်ပွဲတွေအတွင်း စစ်ကောင်စီကြောင့် ထိခိုက်သေဆုံးခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ   ကလေးသူငယ် ၁၃၂ ဦးပါဝင်လာပြီး စစ်တွေမြို့နယ်မှ အရပ်သား  ၁၀၈ ဦးဖြင့် အများဆုံးသေဆုံးခဲ့ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ  ၃၁ဦးလည်းပါဝင်တယ်လို့ သိရပါတယ်

ထိခိုက်ဒဏ်ရာရရှိသူ ၁,၅၆၃ ဦးအထိ ရှိပြီး ထပ်မံ၍လည်း မြေပြင်မှာ ပိုမိုများပြားနိုင်တယ်လို့ သိရပါတယ်။

ထိခိုက်သေဆုံးရတဲ့ အဓိက အကြောင်းအရင်းတွေကတော့ စစ်ကောင်စီရဲ့  လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုးသတ်ဖြတ်မှု၊ စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းများကြောင့် သေဆုံးရခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဓိက သေဆုံးရတဲ့ အကြောင်းအရင်းကတော့ စစ်ကောင်စီရဲ့ အကြောင်းမဲ့ အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လို့ သေဆုံးရတယ်လို့ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော် AA က  ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်အပါအဝင်  ၄ မြို့နယ်ကို အပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင်လျက်ရှိပါတယ်။

AA က လက်ရှိမှာ တိုက်ပွဲတွေလုံး၀ဖြစ်ပွားခြင်းမရှိသေးတဲ့ ကျောက်ဖြူ နဲ့စစ်တွေတို့မှာလည်း စစ်ရေးအရပြင်ဆင်မှုတွေ ပြုလုပ်နေပြီး မကြာခင်မှာ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်ကြောင်း စစ်ရေးလေ့လာသူတွေက ခန့်မှန်းပြောဆိုထားကြပါတယ်။

0 Shares:
You May Also Like
Read More

သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်မြဲရေးကို ထောက်ခံကြောင်း ဆားလင်းကြီးမှာ ဆန္ဒပြတောင်းဆို

ကုလသမဂ္ဂမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ပြည်သူတွေ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
Read More

ပုလောမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်တော်စောင့်ကို ပစ်ခတ်ရှင်းလင်းရာ ရိုင်ဖယ်သေနတ်အပြင် ကစားစရာ သေနတ်နှင့် ကစားစရာ လက်ပစ်ဗုံး သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သက်တော်စောင့်ဖြစ်သူကို ပစ်ခတ်ရှင်းလင်းရာ ထိုသူတွေထံက သေနတ်အစစ်တွေ အပါအဝင် ကလေးကစားစရာ သေနတ်နဲ့ လက်ပစ်ဗုံးတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

သာစည်ထောင်နဲ့ ရဲကင်းက စစ်အုပ်စုတွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ သာစည်အကျဥ်းထောင်နဲ့ ရဲကင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေအပါအဝင် ဒရုန်းတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၀ယောက်ကျော်သေဆုံးပြီး စစ်ကောင်စီက သတင်းဖုံးဖို့ကြိုးစားနေတယ်လို့ Snipe Rangers Force ( Local PDF ) ဦးဆောင်သူ ရဲ​ဘော်ဆလိုင်းက မောင်းကိုပြောပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ လက်ရုံးအထူးတပ်ဖွဲ့ အပတ်စဉ် (၇) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့  P29999- အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ အပတ်စဥ် (၇)သင်တန်းဆင်းပွဲကို  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

ရာမညမွန်တပ်တော်၏ အခြေခံစစ်သင်တန်း အပတ်စဥ် (၄) သင်တန်းဆင်းပွဲကျင်းပ 

မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (RMA) ရဲ့  အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ပခုက္ကူခရိုင်၊ အမှတ် (၇) တပ်ရင်းမှ ရဲဘော် ရတီအောင်(ခ) J7 ရဲ့ ဈာပန အခမ်းအနား (ဓာတ်ပုံသတင်း)

ပခုက္ကူခရိုင်၊ အမှတ် (၇) တပ်ရင်းတွင် တာဝန်ထမ်းဆောင်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူခဲ့တဲ့ ရဲဘော် ရတီအောင်(ခ) J7 ရဲ့ ဈာပနအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။